သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ ၁၈၂ ဦးထက်မနည်း သေဆုံး


အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများကိုတွေ့ရစဉ် (စက်တင်ဘာ ၂၃၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများကိုတွေ့ရစဉ် (စက်တင်ဘာ ၂၃၊ ၂၀၂၄)

အစ္စရေးက ဒီကနေ့ လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၈၂ ဦး သေဆုံးပြီး ၄၀၀ ဝန်းကျင် ထိခိုက် ဒဏ်ရာရသွားတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေး-လက်ဘနွန် နယ်စပ်မှာရှိတဲ့ Hezbollah အဖွဲ့အကြား တိုက်ခိုက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာတာနဲ့အတူ အစ္စရေးက လက်ဘနွန်နိုင်ငံအတွင်းက ပစ်မှတ်တွေကိုပါ လေကြောင်းကနေ တိုက်ခိုက်မှုတွေလည်း တိုးမြင့် လုပ်ဆောင်လာနေတာပါ။

သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ အရေးပေါ် ဝန်ထမ်းတွေလည်းပါဝင်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာဘဲ လက်ဘနွန်မှာရှိတဲ့ Hezbollah အဖွဲ့ရဲ့ပစ်မှတ်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပဲ ပြောလိုက်သလို Hezbollah အဖွဲ့ရဲ့ လက်နက်တွေ သိုလှောင်ထားတယ်လို့ ယူဆရတဲ့ လက်ဘနွန်နိုင်ငံ Bakaa တောင်ကြားကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့လည်း အစ္စရေးက ပြောပါတယ်။

Bakaa တောင်ကြားမှာရှိတဲ့ လက်ဘနွန်နိုင်ငံသားတွေ ဘေးကင်းရာကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့လည်း အစ္စရေးစစ်တပ်က ဒီကနေ့ သတိပေးနေပါတယ်။ အစ္စရေးနဲ့ Hezbollah တို့ရဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေကနေ ဒေသတွင်း စစ်ပွဲအဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာမယ့်အရေး စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာဘဲ အစ္စရေးက စစ်ရေးအရှိန်မြင့် လုပ်ဆောင်မယ့်အကြောင်း ပြောဆိုလာတာပါ။

ဒီအတောအတွင်း Hezbollah အဖွဲ့ကို တိုက်ခိုက်ခဲ့မှုအတွက် အစ္စရေးအနေနဲ့ ကြီးမားတဲ့ တုန့်ပြန်မှုကို ရင်ဆိုင်ရမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာကလည်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG