သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟက်ဇ်ဘူလာအဖွဲ့ အစ္စရေးကို ရော့ကတ်ဒုံး ၁၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်


ဟက်ဇ်ဘူလာ ရော့ကတ်ဒုံးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ Haifa မြို့တွင်းရှိ အဆောက်အဦးများ
ဟက်ဇ်ဘူလာ ရော့ကတ်ဒုံးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ Haifa မြို့တွင်းရှိ အဆောက်အဦးများ

လက်ဘနွန်နိုင်ငံ အခြေစိုက် ဟက်ဇ်ဘူလာအဖွဲ့က ရော့ကတ်ဒုံး ၁၀၀ ကျော်နဲ့ အစ္စရေးရဲ့ Haifa မြို့ အနီးဝန်းကျင်အပါအဝင် အတွင်းပိုင်းပိုကျတဲ့ နယ်မြေတွေကိုပါ တိုးချဲ့ပြီး ဒီကနေ့ပဲ တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးက လက်ဘနွန်ဘက်ခြမ်းကို အကြိမ်ပေါင်း ရာနဲ့ချီ တိုက်ခိုက်ခဲ့ပြီးနောက် လက်တုံ့ပြန်တဲ့ တိုက်ခိုက်မှုတွေနဲ့အတူ လနဲ့ချီ တင်းမာနေတဲ့ ၂ ဘက်အကြား စစ်ပွဲကြီးတခုအသွင် ဖြစ်လာနေတာပါ။

အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ညပိုင်းမှာ ရော့ကတ်ဒုံးတွေနဲ့ တလစပ် ပစ်ခတ်ခံခဲ့ရတာကြောင့် လေကြောင်းရန် အချက်ပေးသံတွေနဲ့အတူ လူပေါင်းထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရပါတယ်။ ရော့ကတ်ဒုံးတွေဟာ အရပ်သားတွေရှိရာ နေရာတွေကို ပစ်မှတ်ထားခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုခဲ့ပြီး၊ အရင်က စစ်ဘက်ပစ်မှတ်တွေကို အဓိကထားခဲ့ရာက ပြောင်းလဲလာတဲ့ တိုက်ခိုက်မှုကြောင့် တင်းမာမှုတွေ ပိုမိုကြီးထွားလာမယ့် အလားအလာတွေလည်း ရှိနေပါတယ်။

Haifa မြို့အနီးက လူနေအဆောက်အဦးတခုကို ရော့ကတ်ဒုံး ထိမှန်မှုကြောင့် လူ ၃ ယောက် ဒဏ်ရာရခဲ့ပြီး အဆောက်အဦးနဲ့ ကားတွေလည်း မီးလောင်ခဲ့တာပါ။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ အစ္စရေးရဲ့ သောကြာနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘူလာ ထိပ်တန်းခေါင်းဆောင် တချို့အပြင်၊ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၄၅ ယောက် သေဆုံးခဲ့ပြီးနောက် အစ္စရေးကို ရော့ကတ်ဒုံးတွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Forum

XS
SM
MD
LG