သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟက်ဇဘိုလာကြား ရာနဲ့ချီဒုံးကျည်တွေနဲ့ အပြန်အလှန်တိုက်ခိုက်


လက်ဘနွန်တောင်ပိုင်းနဲ့နယ်ချင်းဆက်နေတဲ့ အစ္စရေးမြောက်ပိုင်းကရိုက်ထားတဲ့ အစ္စရေးဒုံးကျည်ထိမှန်တဲ့ Markaba ရွာလေးက မီးခိုးများ။ (စက်တင်ဘာ ၂၂၊ ၂၀၂၄)
လက်ဘနွန်တောင်ပိုင်းနဲ့နယ်ချင်းဆက်နေတဲ့ အစ္စရေးမြောက်ပိုင်းကရိုက်ထားတဲ့ အစ္စရေးဒုံးကျည်ထိမှန်တဲ့ Markaba ရွာလေးက မီးခိုးများ။ (စက်တင်ဘာ ၂၂၊ ၂၀၂၄)

လက်ဘနွန်မှာရှိတဲ့ ဟက်ဇဘိုစစ်သွေးကြွတွေနဲ့ အစ္စရေးတပ်တွေကြား တနင်္ဂနွေနေ့မှာ ရာနဲ့ချီတဲ့ ဒုံးကျည်တွေအပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ နှစ်နိုင်ငံကြား နယ်စပ်တလျှောက် ဒီ ပဋိပက္ခတွေဟာ စစ်ပွဲကြီးတခုဖြစ်လာဖို့ တာစူနေတာပါ။ သောကြာနေ့တုန်းက အစ္စရေးတိုက်ခိုက်မှုကြောင့် ဘေရွတ်မြို့မှာ ဟက်ဇဘိုလာစစ်ခေါင်းဆောင်တဦးသေဆုံးခဲ့တဲ့နောက် ဟက်ဇဘိုလာတို့ဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုဖြစ်လာပြီး အစ္စရေးနိုင်ငံ့မြောက်ပိုင်းလုံခြုံရေးအတွက် ဘာမဆိုလုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကြုံးဝါးခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံတွင်း လျှပ်စစ်စာပို့စနစ်ဖြစ်တဲ့ ပေဂျာနဲ့ စကားပြောစက်တွေ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၃၂ ဦးသေဆုံး ထောင်ဂဏန်း ဒဏ်ရာရခဲ့ပါတယ်။ ဒီလုပ်ရပ်ကိုလည်း အစ္စရေးတို့လုပ်တာလို့ ဟက်ဇဘိုလာတို့က အပြစ်တင်ထားပါတယ်။ဟက်ဇဘိုလာတို့အနေနဲ့ ဘယ်လိုမှခန့်မှန်းမထားတဲ့ တိုက်ခိုက်မှုတွေကို အစ္စရေးဘက်က ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလုပ်ခဲ့ပြီး ဒါဟာ သတင်းစကားဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ တနင်္ဂနွေနေ့အစောပိုင်း အစ္စရေးမြောက်ပိုင်းက လေတပ်စခန်းတခုကို ဟက်ဇဘိုလာတို့က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် အစ္စရေးဝန်ကြီးချုပ်က အခုလိုပြောတာပါ။

အစ္စရေးနဲ့ ဟက်ဇဘိုလာတို့ကြား ရှိနေတဲ့ပဋိပက္ခကို စစ်ပွဲကြီးအသွင်ဖြစ်မလာစေဖို့ နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြောခွင့်ရသူ John Kirby က ABC ရုပ်သံအင်တာဗျူးမှာပြောပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီး Filippo Grandi ကလည်း ဆီးရီးယားနဲ့ယီမန်က ဖြစ်နေဆဲပဋိပက္ခတွေကိုထောက်ပြပြီး ဒေသတခုလုံးဟာ အတော်ကြီး အထိအရှမခံဖြစ်နေတယ်လို့ သတိပေးပါတယ်။ ပဋိပက္ခတွေကျယ်ပြန့်လာရင် ခန့်မှန်းမရတဲ့ အကျိုးဆက်တွေဖြစ်လာမယ်လို့လည်း လက်ဘနွန်အခြေအနေနဲ့ပတ်သက်လို့Filippo Grandi က ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG