သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာအထက် ပြည်သူရှိတာမမေ့ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကန်သမ္မတတိုက်တွန်း


အမေရိကန်သမ္မတ Joe Biden က နယူးယောက်မြို့မှာကျင်းပနေတဲ့ ၇၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဥ်။ (စက်တင်ဘာ ၂၄၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden က နယူးယောက်မြို့မှာကျင်းပနေတဲ့ ၇၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဥ်။ (စက်တင်ဘာ ၂၄၊ ၂၀၂၄)

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို စက်တင်ဘာ ၂၄ အင်္ဂါနေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နောက်ဆုံးအကြိမ် အဖြစ်ပြောတဲ့မိန့်ခွန်းမှာ လက်ဘနွန်နိုင်ငံမှာ စစ်ပွဲကြီးတခု အရှိန်ပြင်းပြင်းနဲ့ဖြစ်ပွားမဲ့အရေးကို သတိပေးသွားပြီး ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခအဆုံးသတ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြောကြားသွားပါတယ်။

“စစ်ပွဲကြီးတခု ဖြစ်လာရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး” လို့ အစ္စရေးနဲ့ Hezbollah ဟက်ဇဘိုလာကြား ပဋိပက္ခအရှိန်မြင့်လာတာကို ရည်ညွှန်းပြောသွားခဲ့ပါတယ်။ သံတမန်လမ်းကြောင်းနဲ့ ဖြေရှင်းနိုင်ဖို့ ဖြစ်နိုင်သေးတယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ဟာမတ်စ်ကြား ပဋိပက္ခဖြစ်ပွားတာ တနှစ်ပြည့်တော့မဲ့အချိန်မှာ နှစ်ဘက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ရေးတို့အတွက် ကုလသမဂ္ဂကထောက်ခံပြီးနောက်ဆုံးသဘောတူ ညှိနှိုင်းကြဖို့ သမ္မတဘိုင်ဒန်က တိုက်တွန်းသွားပါတယ်။

အမေရိကန်သမ္မတ Joe Biden က နယူးယောက်မြို့မှာကျင်းပနေတဲ့ ၇၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဥ်။ (စက်တင်ဘာ ၂၄၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden က နယူးယောက်မြို့မှာကျင်းပနေတဲ့ ၇၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဥ်။ (စက်တင်ဘာ ၂၄၊ ၂၀၂၄)

ရုရှားကျူးကျော်မှုကိုခုခံနေတဲ့ ယူကရိန်းရဲ့ အားထုတ်မှုနဲ့ပတ်သက်ပြီးပြောသွားတာကတော့ “ကျနော်တို့ စစ်ပန်းလာလို့မရပါဘူး၊ ကျနော်တို့ အားလျှော့လိုက်လို့မရပါဘူး၊ ယူကရိန်းက တရားသောစစ်ကိုအနိုင်ရပြီး ရေရှည်ခံငြိမ်းချမ်းရေးမရသရွေ့ ယူကရိန်းကို အားပေးထောက်ပံ့နေတာ လျှော့လိုက်မှာမဟုတ်ပါဘူး” လို့ သမ္မတဘိုင်ဒန် ပြောသွားပါတယ်။

သူရွေးကောက်ပွဲ ဆက်မဝင်ဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီးပြောကြားသွားတာကိုတော့ ကုလအဖွဲ့ဝင်နိုင်ငံတွေကကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပရိသတ်က အကျယ်လောင်ဆုံး ဩဘာပေးဂုဏ်ပြုခဲ့တာပါ။ သမ္မတဘိုင်ဒန်ရဲ့ ၂၅ မိနစ်ကြာမိန့်ခွန်းအတွင်း ဘာတုံ့ပြန်မှုမှမရှိ ခပ်မဆိတ်နေခဲ့ကြသူတွေလည်း ရှိပါတယ်။ တရုတ်နဲ့ ရုရှားကို ကုလကိုယ်စားလှယ်တွေ သမ္မတဘိုင်ဒန်မိန်ခွန်းတလျှောက် လက်ခုပ်တချက်မှ တီးမသွားပါဘူး။

“ကမ္ဘာ့ခေါင်းဆောင် မိတ်သဟာတို့၊ အာဏာဆုပ်ကိုင်ထားနိုင်တာထက် အရေးကြီးတဲ့ အရာတွေရှိတယ်ဆိုတာ မမေ့ကြရအောင်ပါ၊ ဒါကတော့ ပြည်သူတွေပဲ ဖြစ်တယ်” လို့ ပြောကြားရင်း သမ္မတဘိုင်ဒန်က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းကို နိဂုံးချုပ်သွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG