သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟတ်ဇ်ဘူလာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်


ဟစ်ဇ်ဘိုလာတွေပစ်လွှတ်လိုက်တဲ့ မစ်ဇိုင်းဒုံးတွေကို အစ္စရေးက ကြားဖြတ်ပစ်ချနေစဉ် (စက်တင်ဘာ ၂၅၊ ၂၀၂၄)
ဟစ်ဇ်ဘိုလာတွေပစ်လွှတ်လိုက်တဲ့ မစ်ဇိုင်းဒုံးတွေကို အစ္စရေးက ကြားဖြတ်ပစ်ချနေစဉ် (စက်တင်ဘာ ၂၅၊ ၂၀၂၄)

အစ္စရေးတပ်ဖွဲ့ဝင်တွေက လက်ဘနွန်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာတပ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေချိန်မှာပဲ အစ္စရေးရဲ့ Mossad ထောက်လှမ်းရေး ဌာနချုပ်ကို ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ဒီနေ့ပဲ ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဟစ်ဇ်ဘိုလာတွေ ပစ်လိုက်တဲ့ မစ်ဇိုင်းဒုံးကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ ပစ်ခတ်မှုကြောင့် လေကြောင်းရန် သတိပေးဥသြသံတွေ ထွက်ပေါ်ခဲ့ပေမဲ့ သေကျေထိခိုက်ပျက်စီးမှု သတင်းတော့ မကြားရပါဘူး။
လက်ဘနွန်နိုင်ငံပိုင် သတင်းအေဂျင်စီကတော့ လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှာ အစ္စရေးက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ လက်နက်တိုက် ဒါဇင်ပေါင်းများစွာ အပါအဝင် နေရာအများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ ဟစ်ဇ်ဘိုလာတွေက ရော့ကတ်ဒုံး ၄၀ လောက် ပစ်ခတ်ခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိခဲ့ရပြီး တချို့ကိုကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က ဒီကနေ့နှောင်းပိုင်း လုံခြုံရေးကောင်စီ အစည်းအဝေးမှာတော့ အစ္စရေး-လက်ဘနွန်နယ်စပ်တလျှောက် ပဋိပက္ခတွေ ကြီးထွားလာနေတဲ့ ကိစ္စကို အလေးထားဆွေးနွေးဖွယ်ရှိပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း လက်ဘနွန်မှာဖြစ်နေတဲ့ အခြေအနေတွေကို ဝမ်းနည်မိကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခုလို ကြောက်မက်ဖွယ်ရာ အခြေအနေတွေ ပိုဆိုးမလာအောင် ထိန်းသိမ်းသင့်ကြောင်း ဒီနေ့ပဲ ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG