သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားတွေကို အနိုင်ရနေကြောင်း Netanyahu ပြောကြား


Israel's Prime Minister Benjamin Netanyahu addresses the 79th United Nations General Assembly at U.N. headquarters in New York, U.S., September 27, 2024. REUTERS/Eduardo Munoz
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu မိန့်ခွန်းပြောနေစဥ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ စက်တင်ဘာ ၂၇၊ ၂၀၂၄။

နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာကျင်းပတဲ့ အထွေထွေညီလာခံမှာ သောကြာနေ့က အစ္စရေးဝန်ကြီးချုပ် Benjamin Natanyahu မိန့်ခွန်းပြောရာမှာ၊ သူ့နိုင်ငံကို အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေနဲ့ အီရန်က သူ့တို့ကို ထောက်ခံသူတွေပေါ် ဆင်နွဲနေတဲ့ တိုက်ပွဲမှာ အစ္စရေးက အနိုင်ရနေကြောင်း ပြောပါတယ်။

အခုလို မိန့်ခွန်းပြောကြားချိန်မှာ ညီလာခံ ခန်းမထဲမှာ ထောက်ခံသူတွေရော လှောင်ပြောင်သူပါရှိနေသလို သူခန်းမထဲ ဝင်လာချိန်ကလည်း ကုလ သံတမန် အများအပြား ခန်းမထဲကနေ ထွက်ခွာသွားကြပါတယ်။ ဝန်ကြီးချုပ် Netanyahu ကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ဟားမတ်စ်တွေ ရှုံးရမှာ ဖြစ်ကြောင်းနဲ့ ဂါဇာဒေသတွင်း စစ်ပွဲအပြီး အုပ်ချုပ်မှုအပိုင်းမှာ ဟားမတ်စ်တွေ ပါဝင်မှာကို သူလက်မခံကြောင်း ပြောကြားခဲ့ပါတယ်။

လက်ဘနွန်နဲ့ ပတ်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အဲဒီမှာ အီရန်ထောက်ခံမှုပေးထားတဲ့ ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေး သမားတွေနဲ့ အစ္စရေးတပ်တွေ တိုက်ပွဲအရှိန် မြင့်မားခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အဲဒီ လက်ဘနွန်နယ်စပ် ဒေသမှာလည်း အစ္စရေးက နိုင်အောင် တိုက်ခိုက်ပြီး အစ္စရေး မြောက်ပိုင်း က ဒေသခံတွေ သူတို့ နေအိမ်တွေ သူတို့ ပြန်နိုင်အောင် လုပ်မှာဖြစ်ကြောင်းနဲ့ နောက်ထပ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမျိုး အဲဒီဒေသမှာဖြစ်လာမှာကို လက်မခံဘူးလို့ ပြောပါတယ်။

အခုလို ပြောနေပေမယ့် သူ့အစိုးရ အဖွဲ့ဟာ ငြိမ်းချမ်းမှုကို လိုလားကြောင်းနဲ့ အရင်က ထရမ့် ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ Abraham သဘောတူညီချက် ကနေ UAE၊ မော်ရိုကို၊ ဘာရိန်းနဲ့ ဆူဒန်တို့နဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု ရခဲ့ကြောင်းနဲ့ ဒီနိုင်ငံတွေနဲ့ အစ္စရေးကြား စစ်မက်ဖြစ်ပွားတာ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

ပါလက်စတိုင်း သမ္မတ Mahmoud Abbas ကတော့ ကြာသပတေးနေ့က ညီလာခံမှာ မိန့်ခွန်း ပြောခဲ့ပြီး ဂါဇာနဲ့ အနောက်ဘက်ကမ်း ဒေသမှာ ပါလက်စတိုင်းတွေ ဒုက္ခခံစားရမှုတွေ အဆုံးသတ်စေဖို့ အစ္စရေးကို လက်နက် ထောက်ပံ့မှု ရပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အကြမ်းဖက်သမားတွေကို အနိုင်ရနေကြောင်း Netanyahu ပြောကြား
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG