သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေးကိစ္စ အနောက်နိုင်ငံသံတမန်တွေ ပဲရစ်မှာ ဆွေးနွေး


အနောက်နိုင်ငံတွေက ထိပ်တန်းသံတမန်တွေနဲ့ အရှေ့အလယ်ပိုင်းအရေးဆွေးနွေးဖို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆီ ထွက်ခွာတော့မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) ကို အီဂျစ်နိုင်ငံ ကိုင်ရိုလေဆိပ်မှာတွေ့ရစဉ် (စက်တင်ဘာ ၁၉၊ ၂၀၂၄)
အနောက်နိုင်ငံတွေက ထိပ်တန်းသံတမန်တွေနဲ့ အရှေ့အလယ်ပိုင်းအရေးဆွေးနွေးဖို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆီ ထွက်ခွာတော့မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) ကို အီဂျစ်နိုင်ငံ ကိုင်ရိုလေဆိပ်မှာတွေ့ရစဉ် (စက်တင်ဘာ ၁၉၊ ၂၀၂၄)

အနောက်နိုင်ငံတွေက ထိပ်တန်းသံတမန်တွေဟာ အရှေ့အလယ်ပိုင်းအရေးကိစ္စကိုဆွေးနွေးဖို့ ပဲရစ်မြို့မှာ ဒီနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရဖို့နဲ့ အစ္စရေး လက်ဘနွန် နယ်စပ်တင်းမာမှုတွေကနေ ပဋိပက္ခတွေ ပိုကြီးထွားမလာအောင် ကာကွယ်တဲ့အနေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) ဟာ ဂါဇာအပစ်ရပ်ရေး ဘယ်လိုရှေ့ဆက်ဆောင်ရွက်မလဲဆိုတာကို အီဂျစ်နိုင်ငံမှာ ဆွေးနွေးပြီးတဲ့နောက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁ လခွဲအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်ပြီး တိုးတက်မှုရှိခဲ့ပေမယ့်၊ သဘောတူညီချက် ရနိုင်ဖို့အတွက် နိုင်ငံရေးအရ ဆန္ဒရှိတယ်ဆိုတာကို အစ္စရေး နဲ့ ဟားမတ်စ် ၂ ဘက်စလုံးက အခုချိန်မှာ ပြသရမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ပြောပါတယ်။

သဘောတူညီချက်ထဲမှာ အပိုဒ် ၁၈ ပိုဒ် ပါဝင်ပြီး အဲဒီထဲက ၁၅ ပိုဒ်ကို သဘောတူပြီးဖြစ်တယ်လို့ သူထင်ကြောင်း၊ ဒါပေမဲ့ ကျန်တဲ့ဟာတွေကိုလည်း ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်လို့ ကိုင်ရိုမြို့မှာ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty နဲ့အတူ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဝန်ကြီးဘလင်ကန်က ပြောပါတယ်။

ဟာမတ်စ်အဖွဲ့က မေလ ၂၇ ရက်နေ့မှာသဘောတူပြီး ဇူလိုင် ၂ ရက်နေ့မှာ ပြင်ဆင်ဖြည့်စွက်ထားတဲ့ အပစ်ရပ်သဘောတူညီမှုကို အပြည့်အ၀ ဆက်လက်အကောင်အထည်ဖော်သွားဖို့ အတည်ပြုထားတယ်ဆိုတာကို အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက စကားပြန်ကနေတဆင့် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဂါဇာအပစ်ရပ်ရေးကိစ္စ အနောက်နိုင်ငံသံတမန်တွေ ပဲရစ်မှာ ဆွေးနွေး
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG