သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲကြောင့်ထိခိုက်မှုတွေ ဗြိတိန်ဝန်ကြီးချုပ် ထောက်ပြ

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကုလသမဂ္ဂမှာမိန့်ခွန်းပြောနေစဉ် (စက်တင်ဘာ ၂၆၊ ၂၀၂၄)
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကုလသမဂ္ဂမှာမိန့်ခွန်းပြောနေစဉ် (စက်တင်ဘာ ၂၆၊ ၂၀၂၄)

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ဆိုးရွားလာနေပြီး လူသားဘေးဒုက္ခ အကျပ်အတည်းတွေဟာ ဘယ်တုန်းကမှနဲ့ မတူအောင် ပိုမို ဆိုးရွား ပြင်းထန်လာနေတယ်လို့ (ယူကေ) ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ကုလသမဂ္ဂမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ ဒီပြဿနာတွေကို ကမ္ဘာ့နိုင်ငံတွေ လက်တွဲပြီး ကူညီ ဖြေရှင်းကြရလိမ့်မယ်လို့ ကြာသပတေးနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းထဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အထွေထွေညီလာခံကျင်းပတဲ့ သမိုင်းမှာ အခုတကြိမ်လောက် ဘယ်တုန်းကမှ ပဋိပက္ခနိုင်ငံတွေ မများခဲ့ဖူးကြောင်းနဲ့ ကမ္ဘာတဝန်း စစ်ပွဲတွေ ပိုများလာပြီး ပိုမို ပြင်းထန်လာနေတာကို ဘယ်တုန်းကမှမတူတဲ့ အရှိန်နဲ့ ကမ္ဘာကြီးမှာ လောင်ကျွမ်းနေပြီလို့ သူက တင်စားပြောသွားပါတယ်။ စစ်ပွဲတွေကြောင့် ဂါဇာ၊ လက်ဘနွန်၊ ယူကရိန်း၊ ဆူဒန်၊ မြန်မာ၊ ယီမင် နဲ့ တခြားနိုင်ငံမှာ ထိခိုက် သေကြေမှုတွေဟာ ဆိုးဆိုးရွားရွားကို ပိုများလာနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က အထွေထွေညီလာခံ မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။

ကမ္ဘာကြီးမှာ စာနာမှုအကူအညီ လိုအပ်ချက်တွေကို ကြည့်ရင် အများစုက စစ်ပွဲတွေကြောင့် ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ တာဝန်သိစိတ်နဲ့ ဝိုင်းဝန် ကူညီ ရပ်တန့်ကြရမှာဖြစ်ပြီး ဗြိတိန်အနေနဲ့လည်း တာဝန်သိ ကမ္ဘာ့ခေါင်းဆောင်မှု နေရာကနေ ပါဝင်သွားမယ်လို့ ဝန်ကြီးချုပ် Starmer က ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့ ခုလိုအချိန်မှာ တင်းမာမှုတွေ ပြင်းထန်နေတဲ့ အရှေ့ အလယ်ပိုင်းအရေးကို သူက အဓိက ထောက်ပြသွားခဲ့ပြီး၊ အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာ အဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဖို့ ထပ်မံ တောင်းဆိုသွားပါတယ်။ ဗြိတိန် အပါအဝင် ကမ္ဘာနိုင်ငံတွေ အများအပြားက ဂါဇာကမ်းမြောင်ဒေသမှာရော၊ အစ္စရေး−လက်ဘနွန် နယ်စပ်တလျှောက်မှာပါ တိုက်ပွဲတွေ ရပ်ပြီး သံတမန်ရေးနည်းနဲ့ ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်း ပြောဆိုနေကြတာပါ။ အရှေ့အလယ်ပိုင်းဒေသ အပစ်ရပ်ဖို့ တောင်းဆိုနေကြချိန် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဒီကနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။

စစ်ပွဲကြောင့်ထိခိုက်မှုတွေ ဗြိတိန်ဝန်ကြီးချုပ် ထောက်ပြ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG