သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကိုလက်နက်ပံ့ပိုးမှုရပ်ဖို့ ပါလက်စတိုင်းခေါင်းဆောင် တောင်းဆို


ပါလက်စတိုင်းသမ္မတ Mahmoud Abbas က ၇၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောစဥ်။ (စက်တင်ဘာ ၂၆၊ ၂၀၂၄)
ပါလက်စတိုင်းသမ္မတ Mahmoud Abbas က ၇၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောစဥ်။ (စက်တင်ဘာ ၂၆၊ ၂၀၂၄)

နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာကျင်းပနေတဲ့ အထွေထွေညီလာခံမှာ ကြာသပတေးနေ့က ပါလက်စတိုင်း သမ္မတMahmoud Abbas က ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသတလွှား သွေးမြေကျဖြစ်ရပ်တွေ အဆုံးသတ်စေဖို့အတွက်အထူးသဖြင့် အမေရိကန်က အစ္စရေးကို လက်နက်တွေပေးတာ ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။

တနှစ်နီးပါး ကြာလာပြီဖြစ်တဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲအတွက် လုံခြုံရေးကောင်စီကရှုတ်ချတဲ့ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတို အာဏာသုံးပယ်ချတာနဲ့ အစ္စရေးကို လက်နက်တွေတင်ပို့နေတာနဲ့ပတ်သက်ပြီး ပါလက်စတိုင်းသမ္မတကပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်တာ၊ ကလေးငယ်တွေနဲ့အမျိုးသမီးတွေကို သတ်ဖြတ်တာ၊ လူမျိုးတုံးသတ်ဖြတ်တာတွေ အခု ရပ်ပစ်ဖို့နဲ့ အစ္စရေးကို လက်နက်တွေ မပို့ဖို့တောင်းဆိုလိုက်ပြီး ဂါဇာနဲ့ အနောက်ဖက်ကမ်းဒေသက ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး တကမ္ဘာလုံးမှာ တာဝန်ရှိကြောင်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် အမေရိကန်ဟာ ကုလလုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်ချက်အတွက် ဗီတိုအာဏာသုံးပယ်ချပြီး တိုက်ပွဲတွေဆက်လက်တိုက်ခိုက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ လည်း ပြောပါတယ်။ အမေရိကန်က အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားတဲ့ ဟာမတ်စ်တွေက အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ဝင်တိုက်တာကြောင့် လူပေါင်း ၁,၂၀၀သေဆုံးခဲ့ပြီး ၂၅၀ လောက် ဓါးစာခံအဖြစ် အဖမ်းခံရတဲ့နောက် အစ္စရေး-ဟာမတ်စ် စစ်ပွဲစတင်ခဲ့တာပါ။

အစ္စရေးရဲ့ ထိုးစစ်ကြောင့် အခုဆို ဂါဇာမှာ ပါလက်စတိုင်း ၄၁,၀၀၀ ကျော် သေဆုံးနေပြီလို့ ဟာမတ်စ်ကျန်းမာရေးအရာရှိတွေကပြောပေမယ့် ဒီသေဆုံးသူတွေထဲမှာ ဟာမတ်စ် တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာ ပါဝင်တယ်လို့အစ္စရေးစစ်တပ်က ပြောပါတယ်။ ကုလ အထွေထွေညီလာခံမှာ လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာ ဘူဟာဗစ်လည်း ကြာသပတေးနေ့မှာပဲ မိန့်ခွန်းပြောမှာဖြစ်ပြီး အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ သောကြာနေ့မှာ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ ကြာသပတေးနေ့မှာပဲ ဆူဒန်စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ၊ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့လည်း မိန့်ခွန်းပြောဖို့ ရှိပါတယ်။

အစ္စရေးကိုလက်နက်ပံ့ပိုးမှုရပ်ဖို့ ပါလက်စတိုင်းခေါင်းဆောင် တောင်းဆို
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG