သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ Hezbollah အပြန်အလှန် တိုက်ခိုက်

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆင်ခြေဖုံးတနေရာမှာ အစ္စရေးက လက်နက်ကြီးနဲ့ပစ်ခတ်ပြီးတဲ့နောက် ပျက်စီးသွားတဲ့နေရာတခုကို တွေ့ရစဉ် (စက်တင်ဘာ ၂၀၊ ၂၀၂၄)
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆင်ခြေဖုံးတနေရာမှာ အစ္စရေးက လက်နက်ကြီးနဲ့ပစ်ခတ်ပြီးတဲ့နောက် ပျက်စီးသွားတဲ့နေရာတခုကို တွေ့ရစဉ် (စက်တင်ဘာ ၂၀၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံ Beirut (ဘေရွတ်) မြို့တော်မှာ ဒီနေ့ ပစ်မှတ်ထား တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာပါတယ်။ အစ္စရေးနိုင်ငံဘက်ကို ပစ်ဖို့ ချိန်ထားတဲ့ Hezbollah အဖွဲ့ရဲ့ ဒုံးပစ်စင်ရာနဲ့ချီကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အစောပိုင်းတုန်းကလည်း ပြောပြပါတယ်။ အစ္စရေးနဲ့ Hezbollah ကြား ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စပြီး အပြန်အလှန် ပစ်ခတ်‌နေမှုတွေအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေဖြစ်တယ်လို့ လက်ဘနွန်ဘက်က ပြောပါတယ်။

Hezbollah စစ်သွေးကြွအဖွဲ့ဝင်တွေ အသုံးပြုတဲ့ စာတိုပို့ Pager တွေနဲ့ စကားပြော walkie-talkies တွေ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေတုန်းက လက်ဘနွန်တဝန်း ပေါက်ကွဲခဲ့လို့ ၃၇ ယောက်ထက်နည်းသေဆုံးပြီး ထောင်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖောက်ခွဲမှုတွေဟာ သူတို့လက်ချက်လို့ အစ္စရေးကမပြောပေမဲ့ အစ္စရေးထောက်လှမ်းရေးတွေရဲ့ လက်ချက်လို့ သုံးသပ်နေကြပါတယ်။ ကြာသပတေးနေ့က လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးဘက်က အကြီးကျယ်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးနောက် အစ္စရေး လက်ဘနွန်က Hezbollah စစ်သွေးကြွအဖွဲ့ကြား ၂ နိုင်ငံနယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၂ နာရီအတွင်း နှစ်ဘက် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ လက်ဘနွန်တောင်ပိုင်းမှာရှိနေတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းတပ် UNIFIL က ဒီနေ့သောကြာနေ့ မနက်မှာ ပြောပါတယ်။ အစ္စရေးနဲ့ လက်ဘနွန်ကြား စစ်မဲ့ဇုံ သတ်မှတ်ထားတဲ့ နေရာကို ဖြတ်ပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်တယ်လို့ UNIFIL ပြောခွင့်ရက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ၂ ဘက် ရန်လိုတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တံ့ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

အစ္စရေးနဲ့ Hezbollah အပြန်အလှန် တိုက်ခိုက်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG