သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေးတောင်းဆိုမှု အစ္စရေးပယ်ချ


အစ္စရေးပစ်ခတ်မှုကြောင့် လက်ဘနွန်ဘက်မှာမြင်ရတဲ့မီးခိုးလုံး (စက်တင်ဘာ ၂၆၊ ၂၀၂၄)
အစ္စရေးပစ်ခတ်မှုကြောင့် လက်ဘနွန်ဘက်မှာမြင်ရတဲ့မီးခိုးလုံး (စက်တင်ဘာ ၂၆၊ ၂၀၂၄)

အစ္စရေး−လက်ဘနွန် နယ်စပ်တလျှောက် ၂၁ ရက်ကြာ အပစ်အခတ် ရပ်စဲရေးတောင်းဆိုမှုကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz က ပယ်ချလိုက်ပါတယ်။ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နိုင်ငံအပြင် နောက်ထပ် ၈ နိုင်ငံက ၂၁ ရက်ကြာ အပစ်အခတ်ရပ်ထားဖို့ ဗုဒ္ဓဟူးနေ့က အဆိုပြု တောင်းဆိုခဲ့တာဖြစ်ပါတယ်။
Hezbollah တွေကို အနိုင်မရမချင်း အင်အားအစွမ်းကုန်နဲ့ တိုက်ခိုက်သွားမယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ်အနေနဲ့ တုံ့ပြန်ခြင်း မရှိသေးသလို အစ္စရေးတပ်ကို အင်အားကုန်ဆက်တိုက်ဖို့ ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် Benjamin Netanyahu ရုံးက ပြောပါတယ်။

အစ္စရေးနဲ့ Hezbollah စစ်သွေးကြွအဖွဲ့ကြား ပဋိပက္ခဟာ လက်ခံနိုင်စရာ အကြောင်းမရှိသလို နယ်စပ်ဒေသမှာ မဖြစ်သင့်ဘဲ ကြီးမားကျယ်ပြန့်တဲ့ အန္တရာယ်တွေရှိလာတယ်လို့ဆိုပြီး အပစ်အခတ်ရပ်ဖို့ နိုင်ငံစုံက ကြေညာချက်ထုတ် တောင်းဆိုခဲ့ကြတာပါ။

ဒေသတွင်း ပဋိ့ပက္ခတွေ ကျယ်ပြန့်လာရင် အစ္စရေး ပြည်သူတွေရော၊ လက်ဘနွန် ပြည်သူတွေရော ဘယ်သူ့အတွက်မှ အကျိုးမရှိတာမို့ တိုက်ခိုက်မှုတွေ ရပ်ဖို့ သြစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဆော်ဒီအာရေးဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နဲ့ ကာတာ နိုင်ငံတွေပါ ပါဝင်ပြီး ခုလို တောင်းဆိုတာပါ။ အပစ်အခတ်ရပ်စဲနိုင်ရင် သံတမန်ရေးနည်းနဲ့ အဖြေရှာနိုင်ရေး ညှိနှိုင်းမှုတွေ လုပ်နိုင်လိမ့်မယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာလည်း အစ္စရေးနဲ့ Hezbollah ကြား အပစ်အခတ်ရပ်ဖို့ တောင်းဆိုထားသလို အစ္စရေးနဲ့ Hamas စစ်သွေးကြွတွေကြား အပစ်ရပ်ဖို့လည်း တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စလို့ အစ္စရေး−လက်ဘနွန် ပဋိပက္ခကြောင့် ထိခိုက်သေဆုံးမှုတွေဟာ ၁၉၉၀ ပြည့်လွန် အစောပိုင်းကာလ လက်ဘနွန် ပြည်တွင်းစစ် အဆုံးသတ်ခဲ့ချိန်ကစလို့ အဆိုးရွားဆုံး ဖြစ်ပါတယ်။ ဟက်ဇ်ဘိုလာ အဖွဲ့ရဲ့ လက်နက် သိုလှောင်ရုံတွေနဲ့ ဒုံးပစ်စင်တွေ အပါအဝင် လက်ဘနွန် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ ဟက်ဇ်ဘိုလာ ပစ်မှတ်ပေါင်း ၇၅ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ကြောင်း အစ္စရေး စစ်တပ်က ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။

အပစ်ရပ်ရေးတောင်းဆိုမှု အစ္စရေးပယ်ချ
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG