သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်မြေပြင်ထိုးစစ်ဆင်ရေးဖြစ်လာဖွယ် အစ္စရေးပြင်ဆင်


အစ္စရေးစစ်တပ်အကြီးအကဲ Herzi Halevi
အစ္စရေးစစ်တပ်အကြီးအကဲ Herzi Halevi

လက်ဘနွန်ကို မြေပြင်ထိုးစစ်ဆင်နိုင်အောင် ပြင်ထားကြဖို့ အစ္စရေးစစ်တပ်အကြီးအကဲက တပ်သားတွေကို ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ အစ္စရေးတိုက်လေယာဥ်တွေက ဟက်ဇ်ဘိုလာ စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တတိယနေ့အဖြစ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာပါ။

ဒီလိုတိုက်ခိုက်တာတွေက ဟက်ဇ်ဘိုလာကို ဆက်လက်ချေမှုန်းတာဖြစ်သလို မြေပြင်တပ်တွေဝင်နိုင်အောင် ပြင်ဆင်နေတာလည်း ဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး Herzi Halevi က သံချပ်ကာတပ်ဖွဲ့ကို ပြောကြားကြောင်း အစ္စရေးစစ်တပ် သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။ အစ္စရေးနိုင်ငံမြို့တော် တဲလ်အဗစ်မြို့နားက ထောက်လှမ်းရေး မောဆတ်ဌာနချုပ်ကို ဟက်ဇ်ဘိုလာက ပဲ့ထိန်းတပ်ဒုံးကျည်နဲ့ပစ်ခတ်ခဲ့ပြီး နာရီအတော်ကြာမှာ ဒုတိယဗိုလ်ချုပ်ကြီးက ခုလို ပြောလိုက်တာပါ။ အဲဒီ ဒုံးကျည်ကိုတော့ အစ္စရေးက ကြားဖြတ်ပစ်ချခဲ့ပါတယ်။

‘ဟက်ဇ်ဘိုလာက သူ့ရဲ့ပစ်နိုင်တဲ့အတိုင်းအတာကို ဒီနေ့ ချဲ့ခဲ့တယ်။ ဒီနေ့ နှောင်းပိုင်းမှာပဲ တုံ့ပြန်တာကို သူတို့ရလိမ့်မယ်’ လို့ တပ်ဖွဲ့ကို သူက ပြောပါတယ်။ အစ္စရေးအရံတပ်ဖွဲ့တွေကိုလည်း အသင့်ပြင် ဆင့်ခေါ်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ နောက်ထပ် လူ ၅၀ သေဆုံးသွားတာကြောင့် ၃ ရက်အတွင်း စုစုပေါင်း ၆၁၅ ယောက် သေဆုံးခဲ့ပြီး ၂,၀၀၀ ကျော် ဒဏ်ရာ ရခဲ့ကြတယ်လို့ လက်ဘနွန်ကျန်းမာရေး ဌာနက ပြောပါတယ်။ လူ ၉ သောင်းကျော် စစ်ရှောင်နေကြရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

လက်ဘနွန်မြေပြင်ထိုးစစ်ဆင်ရေးဖြစ်လာဖွယ် အစ္စရေးပြင်ဆင်    
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG