သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဟက်ဇ်ဘိုလာတို့ကိုအင်အားအပြည့် ဆက်တိုက်မယ်" အစ္စရေးဝန်ကြီးချုပ်​​​​​​​


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

အစ္စရေးနိုင်ငံမြောက်ပိုင်းကဒေသခံတွေ သူတို့နေအိမ်တွေကို စိတ်ချလက်ချ ပြန်သွားနိုင်တဲ့အချိန်အထိ လက်ဘနွန်ကဟက်ဇ်ဘိုလာတွေကို အင်အားအပြည့်နဲ့ ဆက်လက်တိုက်ခိုက်ဖို့ အစ္စရေးကစီစဉ်နေတယ်လို့ ဝန်ကြီးချုပ် Benjamin Netanyahu က ကြာသပတေးနေ့မှာ ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ သောကြာနေ့ မိန့်ခွန်းပြောကြားမယ့် အစ္စရေးဝန်ကြီးချုပ်က နယူးရောက်ကိုရောက်လာချိန်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ အခုလို မကြေညာခင်ကလေးမှာပဲ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်ဆင်ခြေဖုံးက လူနေအိမ်ခန်းတွဲတခုကို အစ္စရေးရဲ့ လေကြောင်းပစ်ခတ်မှုကနေ ဟက်ဇ်ဘိုလာဒရုန်းတပ်ဖွဲ့က တပ်မှူးတဦးသေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကနေ ၂ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာနဲ့ အစ္စရေးတို့ကြား ၂၁ ရက်ကြာအပစ်ရပ်ဖို့ အမေရိကန်နဲ့ ဥရောပတာဝန်ရှိသူတွေက တွန်းအားပေးနေချိန်မှာပဲ ဝန်ကြီးချုပ် Netanyahu က လက်ဘနွန်ကို အစ္စရေးက ဆက်လက်တိုက်ခိုက်မှာဖြစ်ကြောင်း ပြောကြားလိုက်တာဖြစ်ပါတယ်။

ကြာသပတေးနေ့ အစောပိုင်းကလည်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz က အစ္စရေး- လက်ဘနွန်နယ်စပ်တလျှောက် သီတင်း ၃ ပတ်ကြာ အပစ်အခတ် ရပ်စဲရေးအတွက် အီးယူ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ပြင်သစ်နဲ့ တခြား ၈နိုင်ငံရဲ့ အဆိုပြု ချက်ကို လက်မခံကြောင်း ပြောခဲ့တာပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့အစ္စရေးနဲ့ ဟက်ဇ်ဘိုလာကြား စစ်မက်ဖြစ်ပွါးမယ်ဆိုရင် နှစ်ဘက် အကြီးအကျယ် ပျက်စီးဖို့ပဲ ရှိတယ်လို့ ပြောပါတယ်။ဒါ့အပြင် နှစ်ဘက် အပစ်ရပ်တာဟာ ဂါဇာက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အကောင်ထည်ဖေါ်ဖို့လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

   "ဟက်ဇ်ဘိုလာတို့ကိုအင်အားအပြည့် ဆက်တိုက်မယ်" အစ္စရေးဝန်ကြီးချုပ်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG