သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်တိုက်ခိုက်မှု ၁ နှစ်ပြည့် ဂါဇာမှာ အစ္စရေးတပ်တွေ ဆက်လက်ထိုးစစ်ဆင်


ဂါဇာဒေသ အပျက်အစီးများမြင်ကွင်း (အောက်တိုဘာ ၇၊ ၂၀၂၄)
ဂါဇာဒေသ အပျက်အစီးများမြင်ကွင်း (အောက်တိုဘာ ၇၊ ၂၀၂၄)

အစ္စရေးနယ်ထဲ ဟာမတ်စ်အဖွဲ့ ဝင်တိုက်ခဲ့တဲ့ တနှစ်ပြည့်နေ့မှာပဲ အစ္စရေး စစ်တပ်က ဂါဇာကမ်းမြှောင်မှာရှိတဲ့ ဟာမတ်စ်တွေရှိမယ့် နေရာတွေကို လေကြောင်းကနေ ဆက်လက် တိုက်ခိုက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုအပြီး အစ္စရေးရဲ့ တုံ့ပြန် ထိုးစစ်ကြောင့် လက်ဘနွန်အပါအဝင် နေရာတော်တော်များများ တိုက်ပွဲတွေ ကျယ်ပျံ့လာပြီး အရှေ့အလယ်ပိုင်း ဒေသတခုလုံး စစ်ရေးပဋိပက္ခ ပိုပြီး ကြီးထွားလာမှာကို နိင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။

ဟာမတ်စစ်အဖွဲ့ကလည်း အစ္စရေးနိုင်ငံ ဒုတိယအကြီးဆုံးဖြစ်တဲ့ Tel Aviv မြို့ထဲနဲ့ အစ္စရေးတောင်ပိုင်း နယ်စပ်ဖြတ်သန်းတဲ့ နေရာတော်တော်များများကို ရော့ကတ်တွေနဲ့ ဒီနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်၊ ဂါဇာဘက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် Tel Aviv မြို့နဲ့ အစ္စရေးအလယ်ပိုင်းတွေမှာ ဒီနေ့ အရေးပေါ် ဥဩဆွဲသံတွေနဲ့ တပ်လှန့် သတိပေးနေပါတယ်။

တချိန်တည်းမှာ Beirut မြို့တော်၊ လက်ဘနွန်တောင်ပိုင်း တစိတ်တပိုင်းနဲ့၊ Bekaa တောင်ကြားအပါအဝင် လက်ဘနွန်မှာရှိတဲ့ ဟက်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့တွေ အသုံးပြုနေတဲ့ နေရာတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

လွန်ခဲ့တဲ့နှစ် ဟာမတ်စ်အဖွဲ့ အစ္စရေးနယ်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နေ့ဟာ ပဋိပက္ခကို စပြီး ဖန်တီးခဲ့တဲ့ နေ့ဖြစ်တာကြောင့် ပါလက်စတိုင်းပြည်သူတွေအတွက် အမှောင်ဖုံးတဲ့နေ့ ဖြစ်တဲ့အကြောင်း အမေရိကန်သမ္မတ Joe Biden က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ တနှစ်ပြည့် အထိမ်းအမှတ် ဖရောင်းတိုင်မီးထွန်း ဆုတောင်းပွဲ ကျင်းပမှာ ဖြစ်ပြီး ဂါဇာဒေသ ငြိမ်းချမ်းရေး လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ရေးနဲ့၊ ဓါးစာခံတွေလွတ်မြောက်ရေး ဆက်လက်ကြိုးပမ်းသွားမယ့်အကြောင်း သမ္မတ Biden က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG