သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသ ဗလီမှာ အနည်းဆုံး ၁၉ ဦး သေဆုံး


ဂါဇာကမ်းမြှောင်ဒေသရှိ အစ္စရေးလေကြောင်း တိုက်ခိုက်မှုခံရတဲ့ မွတ်ဆလင်ဗလီတခု
ဂါဇာကမ်းမြှောင်ဒေသရှိ အစ္စရေးလေကြောင်း တိုက်ခိုက်မှုခံရတဲ့ မွတ်ဆလင်ဗလီတခု

ဂါဇာကမ်းမြှောင်ဒေသမှာ မွတ်ဆလင်ဗလီတခုကို ဒီကနေ့အစောပိုင်း အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ Deir al-Balah မြို့က ဆေးရုံအနီး ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဗလီကို ထိမှန်ခဲ့တာဖြစ်ပြီး၊ မြို့အနီးက ဒုက္ခသည်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းက တိုက်ခိုက်မှုမှာလည်း နောက်ထပ် ၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောခဲ့ကြတာပါ။

ဆေးရုံမှတ်တမ်းအရ ဗလီမှာ သေဆုံးသူတွေ အားလုံးဟာ အမျိုးသားတွေ ဖြစ်တယ်လို့လည်း AP သတင်းက ဖော်ပြပါတယ်။ အစ္စရေး စစ်တပ်ကတော့ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောဆိုထားပေမဲ့ အထောက်အထားတော့ မပြပါဘူး။ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာဒေသမြောက်ပိုင်းအပြင်၊ အီရန်က အားပေးထောက်ခံနေတဲ့ ဟက်ဇ်ဘူလာတွေကို ပစ်မှတ်ထားပြီး လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှာလည်း အပြင်းအထန် လေကြောင်းက တိုက်ခိုက်နေတာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာမှာ အစ္စရေးက တနှစ်နီးပါး စစ်ဆင်နေတာ ဖြစ်ပြီး၊ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘူလာတွေနဲ့လည်း နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေကနေ အခုနောက်ဆုံး စစ်ပွဲကျယ်ပြန့်လာနေတာ ဖြစ်ပါတယ်။ ဟက်ဇ်ဘူလာအဖွဲ့ကို ပံ့ပိုးနေတဲ့ အီရန်နိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အစ္စရေးကို ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်မယ်လို့လည်း အစ္စရေးက ပြောထားတာပါ။

ပဋိပက္ခ ကြီးထွားလာတာနဲ့အမျှ အစ္စရေးအတွက် သံတမန်ရေး၊ စစ်ရေးအရ အဓိက အားပေးနေတဲ့ အ, မေရိကန် ပါဝင်လာနိုင်သလို၊ အမေရိကန် တပ်ဖွဲ့တွေကို လက်ခံထားတဲ့ မဟာမိတ် အာရပ်နိုင်ငံတွေလည်း ပါဝင်လာပြီး ဒေသတွင်း ပိုမိုကျယ်ပြန့်လာမယ့် အန္တရာယ်လည်း ရှိနေပါတယ်။

Forum

XS
SM
MD
LG