သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 အစ္စရေး-ဟာမတ်စ် စစ်ပွဲနှစ်ပတ်လည် ကမ္ဘာအဝန်း ဆန္ဒပြ


တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ပါလက်စတိုင်းကိုထောက်ခံသူတွေက အောက်တိုဘာ ၇ ရက်နေ့ ဟာမတ်စ်တွေက အစ္စရေးကိုတိုက်ခိုက်တဲ့အထိမ်းအမှတ် ဆန္ဒပြနေကြပုံ။ (အောက်တိုဘာ ၅၊ ၂၀၂၄)
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ပါလက်စတိုင်းကိုထောက်ခံသူတွေက အောက်တိုဘာ ၇ ရက်နေ့ ဟာမတ်စ်တွေက အစ္စရေးကိုတိုက်ခိုက်တဲ့အထိမ်းအမှတ် ဆန္ဒပြနေကြပုံ။ (အောက်တိုဘာ ၅၊ ၂၀၂၄)

အစ္စရေးကို ဟာမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နှစ်ပတ်လည်နေ့မတိုင်ခင် ပါလက်စတိုင်းလိုလားသူတွေနဲ့ အစ္စရေးလိုလားသူအုပ်စုတွေဟာ ကမ္ဘာအနှံ့ ကန့်ကွက်ပွဲတွေနဲ့ အထိမ်းအမှတ်အခမ်းအနားတွေကျင်းပခဲ့ကြပါတယ်။

စနေနေ့တုန်းက လန်ဒန်၊ ဘာလင်၊ ပါရီ၊ ရောမအပါအဝင် ဥရောပမြို့ကြီးအများအပြားမှာ အလားတူ ဖြစ်ပျက်ခဲ့ပြီးနောက်တနင်္ဂနွေနေ့မှာလည်း ဆက်လက်ဖြစ်ပွါးခဲ့ပြီး နှစ်ပတ်လည်နေ့ဖြစ်တဲ့ တနင်္လာနေ့မှာတော့ အပြင်းထန်ဆုံးဖြစ်လာလိမ့်မယ်လို့ ယူဆနေကြပါတယ်။ သြစတြေးလျနိုင်ငံမြို့အနှံ့အပြားမှာ ထောင်နဲ့ချီတဲ့လူအုပ်ကြီးတွေ ပါလက်စတိုင်းနဲ့ လက်ဘနွန်ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသလို Melbourne မြို့မှာတော့ အစ္စရေးလိုလားသူတွေရဲ့ ဆန္ဒပြပွဲ တခုလည်း ဖြစ်ပွါးခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာတော့ Brandenburg တံခါးအနီး ရာနဲ့ချီတဲ့ အစ္စရေးလိုလားတဲ့ဆန္ဒပြသမားတွေက ဂျူးဆန့်ကျင်ရေးအယူအဆအားလုံးကို ဆန့်ကျင်တယ်ဆိုတဲ့ ပိုစတာတခုကို ရဲအစောင့်အရှောက်တွေနဲ့ချိတ်ဆွဲခဲ့ကြပါတယ်။

အီတလီနိုင်ငံ ရောမမြို့တော်မှာတော့ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြသမားတွေနဲ့ မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်သုံးပြီးလူစုခွဲဖို့ကြိုးစားတဲ့ လုံခြုံရေးတပ်တို့ကြား ပဋိပက္ခဖြစ်ပွါးခဲ့တဲ့အတွက် ရဲအရာရှိ ၃၀ နဲ့ ဆန္ဒပြသမား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကတော့ ဗာတီကန်မှာပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲတခုမှာ စစ်မျက်နှာတိုင်းမှာ ငြိမ်းချမ်းရေးရရှိဖို့ မေတ္တာရပ်ခံပြီး ဂါဇာက ဓားစာခံတွေကို ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG