သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တက္ကသိုလ်တွေမှာ ဂါဇာစစ်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ 


ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြ ကျောင်းသားတွေ အရင်ဆန္ဒပြခဲ့ကြတဲ့နေရာကို ပြန်ယူခဲ့ကြစဉ် (မေ ၆၊ ၂၀၂၄) အမေရိကန်ပြည်ထောင်စု၊Massachusetts ပြည်နယ်
ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြ ကျောင်းသားတွေ အရင်ဆန္ဒပြခဲ့ကြတဲ့နေရာကို ပြန်ယူခဲ့ကြစဉ် (မေ ၆၊ ၂၀၂၄) အမေရိကန်ပြည်ထောင်စု၊Massachusetts ပြည်နယ်

အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ်၊ Boston မြို့မှာရှိတဲ့ MIT နည်းပညာတက္ကသိုလ်ဝင်းထဲကို ရဲတွေရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြ ကျောင်းသားတွေ အရင်ဆန္ဒပြခဲ့ကြတဲ့နေရာကို ပြန်ဝင်သွားခဲ့ကြပါတယ်။ သူတို့ ဆန္ဒပြနေတဲ့နေရာကို ရဲတွေ ပြန်ဝင်လာလို့မရအောင် ဆန္ဒပြသူတွေက တဦးကိုတဦး လက်ချင်းချိတ်ပြီး ကာရံထားကြပါတယ်။ တခြား ဆန္ဒပြသူတွေက Boston မြို့အတွင်းက ယာဉ်ကျောတွေပိတ်သွားအောင် လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

နယူးယောက်မြို့မှာရှိတဲ့ Columbia တက္ကသိုလ်ကတော့ သီတင်းပတ်အတော်ကြာ ဆန္ဒပြပွဲတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒီနှစ်အတွက် ဘွဲ့နှင်းသဘင် အခမ်းအနား မကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နယူးယောက်မြို့ အနီးဝန်းကျင်က ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူတွေရဲ့ ခြိမ်းခြောက်မှု၊ နှောက်ယှက်မှုနဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျူးလူမျိုးတွေ၊ အမေရိကန်-အစ္စရေး လူမျိုးတွေနဲ့ အစ္စရေး ကျောင်းသားတွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ Colombia တက္ကသိုလ်အနီး အစ္စရေးလိုလားတဲ့ ကျောင်းသားတွေ မနေ့ တနင်္လာနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊Massachusetts ပြည်နယ် MIT တက္ကသိုလ်ကျောင်းဝန်းအတွင်း ဆန္ဒပြပွဲအနီး ကြည့်ရှုနေသူများ (မေ ၆၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု၊Massachusetts ပြည်နယ် MIT တက္ကသိုလ်ကျောင်းဝန်းအတွင်း ဆန္ဒပြပွဲအနီး ကြည့်ရှုနေသူများ (မေ ၆၊ ၂၀၂၄)

Columbia တက္ကသိုလ်အနေနဲ့ အခါတိုင်းလို ဘွဲ့နှင်းသဘင် အခမ်းအနားကို ကြီးကျယ်စွာ ကျင်းပမယ့်အစား ဘာသာရပ်အလိုက် အကျဉ်းရုံး ကျင်းပသွားမယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ Georgia ပြည်နယ်၊ Atlanta မြို့မှာရှိတဲ့ Emory တက္ကသိုလ်ကလည်း ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဝင်းအတွင်းမှာ မကျင်းပဘဲ တခြားနေရာပြောင်းကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။

အစ္စရေးက ဂါဇာကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အမေရိကန်တဝန်းက တက္ကသိုလ်ကြီး အတော်များများမှာ ဖြစ်ပေါ်နေတာကြောင့် အခုလအတွင်းကျရောက်တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတချို့ ဖျက်လိုက်ပြီး တချို့လည်း နေရာပြောင်း ကျင်းပတာတွေ လုပ်နေရပါတယ်။

ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြသူများနဲ့ အစ္စရေးလိုလားတဲ့ဆန္ဒပြသူတွေအကြား အတားအဆီးများ ချနေစဉ် (မေ ၆၊ ၂၀၂၄)
ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြသူများနဲ့ အစ္စရေးလိုလားတဲ့ဆန္ဒပြသူတွေအကြား အတားအဆီးများ ချနေစဉ် (မေ ၆၊ ၂၀၂၄)
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG