သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားမထိခိုက်အောင် ကာကွယ်ဖို့ အစ္စရေးကို ကန်တိုက်တွန်း

လာအိုနိုင်ငံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ၊ ဗီယင်ကျန်းမြို့တော်က အမေရိကန်စင်တာမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်၊ သောကြာနေ့က သတင်းစာရှင်းလင်းခဲ့ပါတယ်။ ဓာတ်ပုံ - AP Photo/Dita Alangkara
လာအိုနိုင်ငံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ၊ ဗီယင်ကျန်းမြို့တော်က အမေရိကန်စင်တာမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်၊ သောကြာနေ့က သတင်းစာရှင်းလင်းခဲ့ပါတယ်။ ဓာတ်ပုံ - AP Photo/Dita Alangkara

အစ္စရေးအနေနဲ့ အရပ်သားတွေကို အကာကွယ်ပေးရေး ကြိုတင်ဆောင်ရွက်မှုတွေ လုပ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ အတွင်း အရပ်သားတွေမထိခိုက်အောင် လုပ်ဆောင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်က အရှေ့အလယ်ပိုင်း ပဋိပက္ခပိုကျယ်ပြန့်မလာအောင် တားဆီးဖို့ ဆက်လက်ကြိုးပမ်းနေသလို လက်ဘနွန်ပြဿနာ အတွက် သံတမန်ရေးအဖြေရှာဖို့ ကြိုးပမ်းနေချိန်မှာ ဝန်ကြီး Blinken က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဂါဇာနဲ့ လက်ဘနွန်မှာ မကြာသေးခင်က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ အတွင်း ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့တဲ့နောက် အရပ်သားတွေ မထိခိုက်ရေးဟာ သိပ်ကို အရေးကြီးကြောင်း သတိပေး လိုက်တာပါ။

အစ္စရေး စစ်တပ်ကတော့ သူတို့ဟာ အကြမ်းဖက် လှုပ်ရှားမှု လုပ်ဆောင်နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ကြောင်း ပြောပါတယ်။

လက်ဘနွန်ရဲ့ အနာဂါတ်ဟာ လက်ဘနွန် ပြည်သူတွေ လက်ထဲမှာပဲ ရှိပြီး ပြင်ပက ဝင်ဆုံးဖြတ်ပေးလို့ မရကြောင်း ပြောပါတယ်။ လက်ဘနွန်မှာ သမ္မတမရှိတာ အခုဆို ၂ နှစ်ထဲ ရောက်လာပြီ ဖြစ်ပြီး ခေါင်းဆောင်ရှိနေဖို့ သိပ်အရေးကြီးတာကြောင့် ခေါင်းဆောင်ကို ကိုယ်တိုင် ရွေးချယ်ကြဖို့ လာအိုမှာ ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး Blinken က သတင်းထောက်တွေကို ပြောပါတယ်။

လက်ဘနွန်မှာပါ ဝင်ရောက် တိုက်ခိုက်နေတဲ့ အစ္စရေးဟာ အီရန်အထောက်အပံ့ပေးနေတဲ့ ဟားမတ်စ်နဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာ အဖွဲ့တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို တုန့်ပြန် ကာကွယ်ခွင့်ရှိကြောင်းလည်း အမေရိကန်အရာရှိတွေက ထပ်လောင်း ပြောကြားနေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ ကြာသပတေးနေ့က အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant နဲ့ လက်ဘနွန်က အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လု့ိ ပင်တာဂွန် စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောပါတယ်။

အရပ်သားမထိခိုက်အောင် ကာကွယ်ဖို့ အစ္စရေးကို ကန်တိုက်တွန်း
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG