သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာ့အရေး ကန်ဆက်လက်ပံ့ပိုးကူညီမည်” (နိုင်ငံခြားရေးဝန်ကြီး Blinken)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (ဗဟို) က ဗီယန်ကျင်းမြို့မှာ အာဆီယံထိပ်သီးအစည်းအဝေးတွေတက်နေခိုက် ထိုင်းဝန်ကြီးချုပ် ပတ်တွန်တန် ရှင်နာဝပ်နဲ့တွေ့ဆုံဆွေးနွေးဖို့ ရောက်လာစဥ်။ (အောက်တိုဘာ ၁၀၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (ဗဟို) က ဗီယန်ကျင်းမြို့မှာ အာဆီယံထိပ်သီးအစည်းအဝေးတွေတက်နေခိုက် ထိုင်းဝန်ကြီးချုပ် ပတ်တွန်တန် ရှင်နာဝပ်နဲ့တွေ့ဆုံဆွေးနွေးဖို့ ရောက်လာစဥ်။ (အောက်တိုဘာ ၁၀၊ ၂၀၂၄)

အမေရိကန်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး သံတမန်ရေးပံ့ပိုးမှုတွေနဲ့အတူ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအပေါ် ဖိအားတွေ ဆက်ပေးနေမှာဖြစ်ကြောင်း လာအိုနိုင်ငံ Vientiane မြို့ မှာကျင်းပတဲ့ ထိပ်သီးညီလာခံတွေကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေလျော့ပါးတာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ လိုမျိုး အမေရိကန်အစိုးရ အဓိက စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး တိုးတက်မှုတစုံတရာကိုလည်း မတွေ့ရ ဘူးလို့ ပြောပါတယ်။ ဒီနှစ်ကျင်းပတဲ့ အာဆီယံ-အမေရိကန်ထိပ်သီးအစည်းဝေးနဲ့ အရှေ့အာရှ ထိပ်သီး အစည်းအဝေးမှာ သမ္မတဂျိုးဘိုင်ဒန်ကိုယ်စား ဝန်ကြီး Blinken တက်ရောက်လာတာဖြစ်ပြီး အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ် နိုင်ငံတွေက တက်ရောက်လာမယ့် ခေါင်းဆောင်တွေ၊ အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ ညနေပိုင်းကတော့ ထိုင်းဝန်ကြီးချုပ်သစ် ပေတွန်တန် ရှင်နဝပ် (Paetongtarn Shinawatra) နဲ့တွေ့ဆုံခဲ့ပြီး မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကို ကူညီ ဖြေရှင်းဖို့ ကြိုးစားတာ၊ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာတွေအတွက် ကြိုဆိုကြောင်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် မူးယစ်ဆေးဝါးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ဖို့၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့အပြင် တောင်တရုတ်ပင်လယ်ပြင် အရေးတွေလည်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး Blinken ဟာ အမေရိကန်ရဲ့ အစ္စရေးကို ထောက်ခံမှုအပေါ် ဝေဖန်နေတဲ့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ စင်္ကာပူဝန်ကြီးချုပ်သစ် Lawrence Wong အပါအဝင် ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် အမေရိကန်အစိုးရအနေနဲ့ အင်ဒိုပစိဖိတ်ဒေသတွင်း လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှုအပါအဝင် ကုန်သွယ်ရေး ကိစ္စရပ်တွေကို ထိပ်တန်း ဦးစားပေး ဆွေးနွေးဖို့ရှိပါတယ်။

 “မြန်မာ့အရေး ကန်ဆက်လက်ပံ့ပိုးကူညီမည်” (နိုင်ငံခြားရေးဝန်ကြီး Blinken)
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG