သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာမယ့်အာဆီယံအစည်းအဝေး မြန်မာနိုင်ငံကိုယ်စားပြုမှုကန့်သတ်ချက် ကန်သဘောတူ

လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲကျင်းပဖို့ရှိတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက သဘောတူထောက်ခံတယ်လို့ နိုင်ငံခြားရေးဌာန ထိပ်ပိုင်းအရာရှိတဦးက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အခုအပတ်ထဲ အာရှခရီးစဉ် စတင်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာ့အကျပ်အတည်းအပါအဝင် ကိစ္စရပ်အတော်များများကို ဆွေးနွေးဖို့ရှိတာပါ။

မြန်မာ့အရေးမှာ အတိုက်အခံ ဒီမိုကရေစီအုပ်စုတွေကိုလည်း အမေရိကန်အနေနဲ့ ဆက်ပြီး ထိစပ်သွားမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလာမယ့် အာဆီယံအစည်းအဝေးမှာတော့ မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်တဲ့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ကိုယ်စားပြု တက်ရောက်ဖို့ရှိတယ်လို့ သူ့အနေနဲ့ သိထားကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ဗွီအိုအေကို ဖုံးကတဆင့် ဖြေကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုနိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်ဘဲ အဆင့်နှိမ့်ပြီး အရပ်ဖက်ဝန်ထမ်းကိုပဲ ကိုယ်စားပြုတက်ရောက်စေဖို့ အာဆီယံအတွင်း ကန့်သတ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ လာအိုနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မှာတော့ မြန်မာစစ်ကောင်စီက နိုင်ငံခြားရးဌာန အကြီးတန်းအရာရှိတဦးကို စေလွှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG