သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ထိုင်း၊ အာဆီယံတို့နဲ့ ကန်ပူးပေါင်းဆောင်ရွက်မည်


ASEAN-LAOS/
ASEAN-LAOS/

မြန်မာ့အရေးကို ထိုင်းအပါအဝင် အာဆီယံဒေသတွင်း အရေးပါတဲ့မိတ်ဆွေတွေနဲ့ အမေရိကန်က အနီးကပ် ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ မြန်မာဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ထိုင်းအစိုးရကိုကျေးဇူးတင်ကြောင်း အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က အင်္ဂါနေ့ အမေရိကန်နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် ထွက်ပြေးခိုလှုံလာသူအများအပြားကို အကူအညီတွေပေးနေတဲ့ အရေးပါတဲ့ မိတ်ဆွေထိုင်းနိုင်ငံကို ကျနော်တို့ ကျေးဇူးအထူးတင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ လူနေမှု ဘဝ တိုးတက်လာဖို့နဲ့ လက်ရှိ ပြည်တွင်းမှာကြုံနေရတဲ့အခြေနေတွေ တိုးတက်လာစေဖို့ ဘယ်လို လက်တွဲလုပ်ဆောင်နိုင်မယ်ဆိုတာကို ကျနော်တို့ ပုံမှန်တိုင်ပင်နေကျအတိုင်း ဆက်လုပ်မှာပါ။ ဒီကိစ္စကို တိုက်ရိုက်ဆွေးနွေးမှာဖြစ်သလို အာဆီယံက မိတ်ဆွေတွေနဲ့လည်း လက်တွဲဆောင်ရွက်မှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ရဲ့ အစိုးရသစ်အဖွဲ့နဲ့ပါ အနီးကပ်ဆက်လက် လုပ်ဆောင်ဖို့ ရှိပါတယ်။

ထိုင်းအစိုးရသစ်အဖွဲ့ရဲ့ မြန်မာ့အရေးချဉ်းကပ်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး VOA ရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။ အခု လာအိုမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံ တက်ရောက်ဖို့မသွားခင် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့အတွက် အာဆီယံက အဓိကကဏ္ဍကနေပါဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ စစ်ကောင်စီဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်သေးသလို လုံခြုံ စိတ်ချရတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေမရှိတဲ့အတွက် ဒါဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့ရွေးကောက်ပွဲဖြစ်မလာနိုင်ကြောင်းMr. Kritenbrink ပြောပါတယ်။ လက်ရှိ အခြေအနေမှာ ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေ ပိုများလာပြီး ပဋိပက္ခတွေ တာရှည်အောင် ဖန်တီးရာရောက်နိုင်တယ်လို့လည်း သတိပေးလိုက်ပြီး စစ်ကောင်စီအနေနဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး မတိုင်ခင်မှာ ရွေးကောက်ပွဲတွေ မကျင်းပသင့်ကြောင်း ပြောပါတယ်။

လာအိုမှာကျင်းပဖို့ရှိတဲ့ အမေရိကန်-အာဆီယံဆွေးနွေးပွဲကို တက်ရောက်မယ့်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အနေနဲ့လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဦးစားပေးဆွေးနွေးမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG