သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအပေါ် ဖိအားပေးဖို့ အာဆီယံအစည်းအဝေးမှာ ကန်ဒုသမ္မတတိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း တက်ရောက်လာသူ အမေရိကန်ဒုသမ္မတ Kamala Harris ကိုတွေ့ရစဉ် (စက်တင်ဘာ ၆၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း တက်ရောက်လာသူ အမေရိကန်ဒုသမ္မတ Kamala Harris ကိုတွေ့ရစဉ် (စက်တင်ဘာ ၆၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်ဖို့ အမေရိကန် ဒုသမ္မတ Kamala Harris က ဒီနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းနိုင်ငံတွေကို တိုက်တွန်း ပြောဆိုသွားပါတယ်။

အင်ဒိုပစိဖိတ်ဒေသနဲ့ ပတ်သက်လို့ အားလုံးရဲ့ ဘုံ မျှော်မှန်းချက်တွေ ခိုင်ခိုင်မာမာ ရှိနေတာကို ကျေနပ်မိပါတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရေးလို ဒေသတွင်း အရေးကိစ္စတွေနဲ့ နိုင်ငံတကာ အရေးတွေမှာ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းနဲ့ ကျင့်ဝတ်တွေ ချမှတ်နိုင်ရေး အားလုံး တူညီတဲ့ သံန္နိဌာန်ချမှတ်ထားပါတယ်။ မြန်မာစစ်ကာင်စီအနေနဲ့ ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးနဲ့၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ထူထောင်နိုင်ရေး ကျမတို့ ဆက်လက် ဖိအားပေးတိုက်တွန်းသွားပါ့မယ်လို့ အမေရိကန် ဒုသမ္မတ Kamala Harris က ပြောဆိုသွားတာပါ။ မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက် ထောက်ခံသွားမယ်လို့လည်း သူက ပြောဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပိုပြီး နီးနီးစပ်စပ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဝါရှင်တန်မြို့တော်မှာ အမေရိကန် အာဆီယံ စင်တာ ဖွင့်လှစ်မယ့်အကြောင်းလည်း ဒုသမ္မတ Kamala Harris က ကြေညာသွားပါတယ်။ အင်ဒို ပစိဖိတ်ဒေသအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအရ နေရာယူထားမှုဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ဖြစ်တယ်ဆိုတာကို ဒုသမ္မတ Harris က အလေးထား ပြောဆိုသွားပါတယ်။ အင်ဒိုပစိဖိတ်ဒေသ လွတ်လပ်မှု၊ အပြန်အလှန် ဆက်သွယ်နိုင်မှု၊ ကြွယ်ဝချမ်းသာပြီး လုံခြုံမှုနဲ့ အခက်အခဲတွေကြားက ကြံ့ကြံ့ခံနိုင်ရေး မျှော်မှန်းချက်တွေကို အမေရိကန်ဒုသမ္မတ Kamala Harris အလေးထားပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG