သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အာဆီယံ အလှည့်ကျဥက္ကဋ္ဌနေရာ မြန်မာအစား တာဝန်ယူဖို့အသင့်ရှိ" - ဖိလစ်ပိုင်သမ္မတ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အစည်းအဝေးအတွင်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr.ကိုတွေ့ရစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အစည်းအဝေးအတွင်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr.ကိုတွေ့ရစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့အပေါ် အာဆီယံအဖွဲ့ဝင်တွေအကြား အခက်ကြုံနေရချိန်မှာပဲ ၂၀၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမယ့် မြန်မာနိုင်ငံနေရာမှာ ဖိလစ်ပိုင်နိုင်ငံက အစားထိုး တာဝန်ယူဖို့ အသင့်ရှိကြောင်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. က ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ကို ထမ်းဆောင်ဖို့ အသင့်ရှိပါတယ် - လို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲဖွင့်ပွဲအခမ်းအနားမှာ သမ္မတ Ferdinand Marcos Jr. က ကြေညာလိုက်တာပါ။

ဒါဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်း နိုင်ငံရေးပဋိပက္ခတွေကြောင့် အာဆီယံရဲ့ ဘုံရည်မှန်းချက် မှေးမှိန်သွားမှာကို စိုးရိမ်တာအပြင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲတွေကို တခြား အာဆီယံရဲ့ မိတ်ဘက်နိုင်ငံတွေက မတက်ရောက်ကြမှာစိုးရိမ်တဲ့အတွက် အခုလို မြန်မာနိုင်ငံနေရာမှာ တနှစ်စောပြီး အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူပေးဖို့ အာဆီယံအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဖိလစ်ပိုင်က လက်ခံလိုက်တာလည်း ဖြစ်တယ်လို့ အရှေ့တောင်အာရှိနိုင်ငံတွေက သံတမန် ၂ ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ရေးပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ အာဆီယံနိုင်ငံခေါင်းဆောင်များ (စက်တင်ဘာ ၄၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ အာဆီယံနိုင်ငံခေါင်းဆောင်များ (စက်တင်ဘာ ၄၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက် နှိမ်နှင်းမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အာဆီယံ ထိပ်သီးစည်းဝေးးပွဲနဲ့ တခြား ဆက်စပ် စည်းဝေးပွဲတွေကို စစ်ကောင်စီအနေနဲ့ တက်ခွင့် မရပါဘူး။ ရှေ့နှစ် ၂၀၂၄ ခုနှစ်အတွက်တော့ လာအိုနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG