သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီး ထိုင်းဝန်ကြီးချုပ်သစ် မတက်ရောက်နိုင်  


ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ အိမ်ခြံမြေသူဌေးကြီး Srettha Thavisin (သြဂုတ် ၂၂၊ ၂၀၂၃)
ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ အိမ်ခြံမြေသူဌေးကြီး Srettha Thavisin (သြဂုတ် ၂၂၊ ၂၀၂၃)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် ဆရက်သာ သာဝိစင် (Srettha Thavisin) ဟာ ကျမ်းကျိန်ပွဲရှိတာကြောင့် အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူး လို့ ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် နဲ့ သူ့အစိုးရအဖွဲ့ဟာ အင်္ဂါနေ့မှာ ထိုင်းဘုရင် မဟာ ဝဇီရာလောင်ကွန်း (Maha Vajiralongkorn) နဲ့ ပရိသတ်ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး ဝန်ကြီးချုပ်က ပါလီမန်မှာ အစိုးရသစ်မူဝါဒမိန့်ခွန်း ပြောကြားမှာပါ။

မစ္စတာ ဆရက်သာ သာဝိစင်ကို ပါလီမန်က ဝန်ကြီးချုပ်အဖြစ် အရင်လက ရွေးချယ်လိုက်ပြီး သူနဲ့ သူ့အစိုးရအဖွဲ့ကို ဘုရင်ကလက်ခံကြောင်း စနေနေ့ကကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ်အစား အမြဲတမ်းအတွင်းဝန် ဆရွန်း ချလောင်ဆုဝမ် (Sarun Charoensuwan) က အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ တာဝန်ရှိသူနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ယခင် ပရာယွတ်အစိုးရလက်ထက်တုန်းကတော့ ထိုင်းနိုင်ငံဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ကျင့်သုံးခဲ့တာပါ။ အဲဒီတုန်းက ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ယခင် ထိုင်းအစိုးရလက်ထက်မှာတော့ ထိုင်းနိုင်ငံကဦးဆောင်ပြီး လာအို၊ ကမ္ဗောဒီးယားတို့နဲ့အတူ စစ်ကောင်စီကိုပါဖိတ်ကြားပြီး မြန်မာ့အရေးကိစ္စ ကို အလွတ်သဘောဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။

သမိုင်းကြောင်းအားဖြင့်ဆိုရင်လည်း မစ္စတာသက်ဆင် ဝန်ကြီးချုပ်ဖြစ်နေတဲ့ကာလတွေမှာ အဲဒီတုန်းက အာဏာသိမ်းစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။ အခု ဖွေ့ထိုင်းပါတီဦးဆောင်တဲ့ ညွန်ပေါင်းအစိုးရက စစ်ကောင်စီနဲ့ပတ်သက်ပြီး ဘယ်လိုမူဝါဒ ကျင့်သုံးမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။

အာဆီယံထိပ်သီး ထိုင်းဝန်ကြီးချုပ်သစ် မတက်ရောက်နိုင်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG