သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးအစည်းအဝေး ကန်ဒုသမ္မတတက်ရောက်မည်  


အမေရိကန်သမ္မတ အိမ်ဖြူတော်မှာကျင်းပတဲ့ အခမ်းအနားတခုအတွင်း ကျန်းမာရေးစရိတ်လျှော့ဖို့အစီအစဉ်နဲ့ ပတ်သက်လို့ ပြောကြားနေတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris (ဩဂုတ် ၂၉၊ ၂၀၂၃)
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာကျင်းပတဲ့ အခမ်းအနားတခုအတွင်း ကျန်းမာရေးစရိတ်လျှော့ဖို့အစီအစဉ်နဲ့ ပတ်သက်လို့ ပြောကြားနေတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris (ဩဂုတ် ၂၉၊ ၂၀၂၃)

လာမယ့်သီတင်းပတ်ထဲ အင်ဒိုနီးရှားမှာလုပ်မယ့် အာဆီယံထိပ်သီးနဲ့ အရှေ့အာရှဒေသထိပ်သီးအစည်းအဝေးတွေကို အမေရိကန်ဒုသမ္မတ Kamala Harris တက်ရောက်ဖို့ရှိပြီး အစည်းအဝေးတွေအတွင်း အဓိက ဆွေးနွေးလာနိုင်မယ့် အကြောင်းအရာတွေထဲမှာ ယူကရိန်းစစ်၊ တောင်တရုတ်ပင်လယ်ပြင် ပိုင်နက် အငြင်းပွားမှုတွေနဲ့အတူ မြန်မာ့နိုင်ငံရေးကိစ္စလည်း ပါဝင်လာဖို့ရှိပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာ ကိုယ်စားပြုမှု ချန်လှန်ထားပေမယ့်လို့ မြန်မာ့အရေး ချဥ်းကပ်မှုနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေကြား ကွဲလွဲမှုတွေရှိနေပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ ၂၀၂၁ ဆုံးဖြတ်ချက်ထဲမှာ မြန်မာစစ်တပ် အာဏာသိမ်းမှု ရှုတ်ချထားတဲ့အပေါ် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့က ရပ်တည်ထောက်ခံပေမယ့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့က မဲမပေးဘဲ နေခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောထားချမှတ်ခဲ့ပေမယ့် ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အခုလက်ရှိ အင်ဒိုနီးရှား အလှည့်ကျဥက္ကဋ္ဌ သုံးဆက်တိုင်ခဲ့ပေမယ့် အဖြေမထွက်နိုင်သေးပါဘူး။ မကြာခင်မှာ လာအိုနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမှာမို့ အရင်အင်ဒိုနီးရှားနိုင်ငံ လက်ထက်ကလောက် တိုးတက်မှု မြင်ရဖွယ်မရှိပါဘူး။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်ကောင်စီကို အရေးယူဒဏ်ခတ်မှုတွေချမှတ်ထားသလို ဩဂုတ်လအတွင်း နောက်ဆုံးအကျော့မှာတော့ စစ်တပ် ဂျက်လေယာဉ်ဆီတွေ တင်သွင်းပေးသူတွေကိုပါ ပစ်မှတ်ထား အရေးယူခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ကို ကန့်ကွက်ရှုတ်ချပြီး ဒီမိုကရေစီစနစ်ပြန်လည်ဖော်ဆောင်ဖို့ အမေရိကန််အစိုးရရဲ့ ရပ်တည်ချက်ကို ဒုသမ္မတ Harris က ထပ်လောင်း ဒီ အစည်းအဝေးတွေ မှာ ပြောဆိုဖွယ်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG