သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံအရေးယူဖို့ မလေးရှားတောင်းဆို 


မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir (ဝဲ) နဲ့ အင်ဒိုနီးရှားနိုငိင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ တွေ့ဆုံနှုတ်ဆက်စဥ် (စက်တင်ဘာ ၄၊ ၂၀၂၃)
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir (ဝဲ) နဲ့ အင်ဒိုနီးရှားနိုငိင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ တွေ့ဆုံနှုတ်ဆက်စဥ် (စက်တင်ဘာ ၄၊ ၂၀၂၃)

ပြည်တွင်းစစ်ကြောင့် မတည်မငြိမ် အကွဲအကွဲအပြားပြားဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ဟာ စစ်ကောင်စီကြောင့် အဟန့်အတားဖြစ်နေတယ်ဆိုပြီး အာဆီယံအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ မလေးရှားနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

အာဆီယံထိပ်သီးခေါင်းဆောင်တွေ မတွေ့ဆုံမီ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တနင်္လာနေ့က တွေ့ဆုံပြီးတဲ့နောက် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောနေကျမဟုတ်တဲ့ တုံးတိတိတောင်းဆိုချက်ကို သတင်းထောက်တွေနဲ့ ပြောလိုက်တာပါ။ စစ်ကောင်စီအပေါ် ပြင်းထန်ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ မချမှတ်ဘဲ ဒီအတိုင်းဆက်သွားနေဖို့ ခွင့်မပြုသင့်ဘူးလို့ မလေးရှားနဲ့ တခြားတိုင်းပြည်တွေက သူတို့အမြင်ကိုပြောထားခဲ့ပြီးပါပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အက်ဘ်ဒူ ကဒါ (Zambry Abdul Kadir) ကဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်ပြီး အားလုံး ပါဝင်ဆွေးနွေးကြဖို့ တောင်းဆိုထားတဲ့ အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေးအစီအစဥ်ကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် အကောင်အထည်ဖော်မရဖြစ်နေတာကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး က ရည်ညွှန်းပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီ နှစ်အစောပိုင်းတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ Retno Marsudi က ခု လာမယ့်အပတ် ထိပ်သီးအစည်းအဝေးမှာ မြန်မာအရေး ပြန်လည်သုံးသပ်ချက်ကို တင်ပြမယ်လို့ အာဆီယံဥက္ကဌအဖြစ် အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး ရေရှည်ခံတဲ့ အဖြေတရပ်ကို ရရှိမှသာ အာဆီယံဟာ အင်ပြည့်အားပြည်နဲ့ ရှေ့ဆက်သွားနိုင်မှာဖြစ်တယ်လို့ မာဆူဒီက ဆိုပါတယ်။

ဒီအပတ်ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာတော့ အာဆီယံထိပ်သီးခေါင်းဆောင်တွေဟာ အမေရိကန်ဒုတိယသမ္မတ ကင်မလာ ဟဲရစ်၊ တရုတ်ဝန်ကြီးချုပ် လီကျန်း (Li Qiang) ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ အပါအဝင် ဂျပန်၊ တောင်ကိုရီးယားနဲ့ ဩစတြေးလျ ခေါင်းဆောင်တွေနဲ့ပါ ဆွေးနွေးကြမှာဖြစ်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံအရေးယူဖို့ မလေးရှားတောင်းဆို
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG