သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေတပ်ဦးစီးချုပ်များ မြန်မာမှာ ဆွေးနွေးဖို့ အာဆီယံဆုံးဖြတ်ချက် လူ့အခွင့်ရေးအဖွဲ့ကန့်ကွက်


ယင်းမာပင် လေကြောင်းတိုက်ခိုက်မှု / ရဟတ်ယာဉ်
ယင်းမာပင် လေကြောင်းတိုက်ခိုက်မှု / ရဟတ်ယာဉ်

လာမယ့်စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်အထိ မြန်မာနိုင်ငံ နေပြည်တော်မှာ အာဆီယံ လေတပ်ဦးစီးချုပ်များ ဆွေးနွေးပွဲကိုကျင်းပဖို့ အာဆီယံရဲ့ဆုံးဖြတ်ချက်ဟာ စစ်ရာဇတ်မှုကျူးလွန်နေတာကို အားပေးအားမြှောက်ပြုရာ ကျတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ Justice For Myanmar အဖွဲ့က ဝေဖန်ကန့်ကွက်လိုက်ပါတယ်။

လေတပ်ဦးစီးချုပ်များ မြန်မာမှာဆွေးနွေးဖို့ အာဆီယံဆုံးဖြတ်ချက် လူ့အခွင့်ရေးအဖွဲ့ကန့်ကွက်

လာမယ့်စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်အထိ မြန်မာနိုင်ငံ နေပြည်တော်မှာ အာဆီယံ လေတပ်ဦးစီးချုပ်များ ဆွေးနွေးပွဲကိုကျင်းပဖို့ အာဆီယံရဲ့ဆုံးဖြတ်ချက်ဟာ စစ်ရာဇတ်မှုကျူးလွန်နေတာကို အားပေးအားမြှောက်ပြုရာ ကျတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ Justice For Myanmar အဖွဲ့က ဝေဖန်ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် လေတပ်ဦးစီးချုပ်များ အစည်းအဝေးကို မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က သဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတဲ့အတွက် ထောင်နဲ့ချီတဲ့အရပ်သားတွေ သေဆုံးခဲ့ပြီးဖြစ်တယ်လို့လည်း ဒီလူ့အခွင့်အရေးအဖွဲ့က ပြောဆိုထားတယ်။

“အာဆီယံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို တရားဝင် အသိအမှတ်ပြုရာကျသလို၊ အာပေးအားမြှောက်ပြုရာလည်းကျတယ်လို့ Justice for Myanmar အဖွဲ့ ရဲ့ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ပြောဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာနေများနဲ့ အထောက်အထား မှတ်တမ်းပြုစုရေးအဖွဲ့ဖြစ်တဲ့ ACLED ရဲ့မှတ်တမ်းတွေအရ ၂၀၂၂ ခုနှစ် ဇန္နဝါရီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းအောင်ရဲ့အမိန့်နဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၉၃၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သားထောင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

IIMM အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်နေကြောင်းနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့အထောက်အထားတွေ အခိုင်အမာ ရှိတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG