သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးဆွေးနွေးပွဲ အမေရိကန်ဒုသမ္မတ တက်မည် 

အမေရိကန်သမ္မတ အိမ်ဖြူတော်မှာကျင်းပတဲ့ အခမ်းအနားတခုအတွင်း ကျန်းမာရေးစရိတ်လျှော့ဖို့အစီအစဉ်နဲ့ ပတ်သက်လို့ ပြောကြားနေတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris (ဩဂုတ် ၂၉၊ ၂၀၂၃)
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာကျင်းပတဲ့ အခမ်းအနားတခုအတွင်း ကျန်းမာရေးစရိတ်လျှော့ဖို့အစီအစဉ်နဲ့ ပတ်သက်လို့ ပြောကြားနေတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris (ဩဂုတ် ၂၉၊ ၂၀၂၃)

အမေရိကန် ဒုသမ္မတ Kamala Harris ဟာ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ထိပ်သီး အစည်းအဝေးအပြင် အရှေ့အာရှ ထိပ်သီး ညီလာခံကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ရှေ့သီတင်းပတ်အတွင်း သွားရောက်မှာ ဖြစ်ပါတယ်။ အင်ဒိုပစိဖိတ်ဒေသ ငြိမ်းချမ်း တည်ငြိမ်းရေးအပြင် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာနိုင်ဖို့နဲ့ စည်းမျဉ်းစည်ကမ်းတွေ သတ်မှတ်နိုင်ဖို့ ခရီးစဉ်အတွင်းမှာ အဓိကဆွေးနွေးပြောဆိုမယ့်အကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောဆိုထားပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်း လုံခြုံရေးခိုင်မာဖို့နဲ့ အာဆီယံနဲ့ လက်တွဲဆောင်ရွက်ရေးကိစ္စတွေကို ဒုသမ္မတ Kamala Harris အနေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတကာ ဥပဒေတွေနဲ့ စံတန်ဖိုးတွေကို အလေးထားဖို့ အရေးကြီးတယ်ဆိုတာကိုလည်း အရင်ထဲက ကျယ်ကျယ်ပျံ့ပျံ့ ဆွေးနွေးခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ ဒီလို ပြောဆိုဆွေးနွေးတာတွေ ဆက်ကြားရဖို့ မျှော်လင့်နိုင်ပါတယ်ဆိုပြီး အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အလှည့်ကျဥက္ကဋ္ဌ တာဝန်ပြီးဆုံးတော့မယ့် အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဩစတေးလျ၊ တောင်ကိုရီးယား၊ ဂျပန်၊ နယူးဇီလန် စတဲ့ ဆွေးနွေးဖက် နိုင်ငံတွေလာရောက်ပြီး ထိပ်သီးအစည်းအဝေးနဲ့ လက်တွဲဖက်တွေအကြား ဆက်စပ် အစည်းအဝေးတွေ ကျင်းပတာပါ။ ဒီအစည်းအဝေးတွေမှာ မြန်မာ့အရေးကိစ္စကိုလည်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိတာနဲ့ စစ်ကောင်စီဘက်က လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကြောင့် ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီအကြီးအကဲနဲ့ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပေးမထားပါဘူး။

မြန်မာစစ်ကောင်စီဘက်ကတော့ ဒါဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြား ခွဲခြားဆက်ဆံတယ်ဆိုပြီး တလျှောက်လုံး ကန့်ကွက်နေသလို အခု အင်ဒိုနီးရှားမှာကျင်းပမယ့် အစည်းအဝေးတွေမှာ နိုင်ငံရေးအရ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် တက်ရောက်မယ် မတက်ရောက်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အာဆီယံထိပ်သီးဆွေးနွေးပွဲ အမေရိကန်ဒုသမ္မတ တက်မည်
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG