သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရောက် အိန္ဒိယဝန်ကြီးချုပ် နည်းပညာ အကြီးအကဲတွေနဲ့ တွေ့ဆုံ


India's Prime Minister Narendra Modi (C L) and , US President Joe Biden (C R) meet with (L-R) Chairman & Managing Director of Reliance Industries Mukesh Ambani, Google CEO Sundar Pichai, Apple CEO Tim Cook, Microsoft CEO Satya Nadella, 3rdiTech Co-Founde
India's Prime Minister Narendra Modi (C L) and , US President Joe Biden (C R) meet with (L-R) Chairman & Managing Director of Reliance Industries Mukesh Ambani, Google CEO Sundar Pichai, Apple CEO Tim Cook, Microsoft CEO Satya Nadella, 3rdiTech Co-Founde

ကန်ရောက် အိန္ဒိယဝန်ကြီးချုပ် နည်းပညာ အကြီးအကဲတွေနဲ့ တွေ့ဆုံ

အမေရိကန်ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်လာရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ သူ့ခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ သောကြာနေ့မှာ အမေရိကန်နဲ့အိန္ဒိယ နည်းပညာ အမှုဆောင်အရာရှိတွေနဲ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့ပြီး ကာကွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တရုတ်ရဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရေး အတွက် သဘောတူခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်က အိန္ဒိယဝန်ကြီးချုပ်ကို ကြာသပတေးနေ့က ကော်ဇောနီခင်း ကြိုဆိုခဲ့သလို အိမ်ဖြူတော်မှာ ၂ နာရီခွဲကြာ ဆွေးနွေးမှုတွေအပြီး ၂ နိုင်ငံ စီးပွါးဆက်ဆံမှုတွေ တိုးတက်လာခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ Apple ကုမ္ပဏီအကြီးအကဲ Tim Cook ၊ Google ကုမ္ပဏီက Sundar Pichai နဲ့ Microsoft ကုမ္ပဏီက Satya Nadella အပါအဝင် နည်းပညာကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် OpenAI က Sam Altman ၊ နာဆာအာကသယာဉ်မှူး Sunita Williams နဲ့ တခြားအိန္ဒိယ နည်းပညာကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သမ္မတအိမ်ဖြူက ကြေညာပါတယ်။ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ ၂ နိုင်ငံ မိတ်ဖက်ဖြစ်တည်မှုမှာ အဓိက ကဏ္ဍကနေ ရှိနေတယ်လို့လည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

ဝန်ကြီးချုပ် Modi ဟာ ကနေဒီ စင်တာမှာလည်း စီးပွါးရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ တက်ရောက်သူ ၁၂၀၀ လောက်ထဲမှာ FedEx, MasterCard နဲ့ Adobe အပါအဝင် ထိပ်တန်းအမေရိကန် ကုမ္ပဏီကြီးတွေက စီးပွါးရေးလုပ်ငန်းရှင်တွေပါ ပါဝင်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ဟာ သောကြာနေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုသမ္မတ Kamala Harris နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG