သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ အိန္ဒိယဆက်ဆံရေး သမ္မတ Biden ဂုဏ်ပြု 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အိန္ဒိယဝန်ကြီးချုပ်နေရိမ်ဒြာမိုဒီတို့ အိမ်ဖြူတော်ညစာစားပွဲအတွင်း တဦးနဲ့တဦးဂုဏ်ပြုနှုတ်ဆက် (ဇွန် ၂၂၊ ၂၀၂၃)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အိန္ဒိယဝန်ကြီးချုပ်နေရိမ်ဒြာမိုဒီတို့ အိမ်ဖြူတော်ညစာစားပွဲအတွင်း တဦးနဲ့တဦးဂုဏ်ပြုနှုတ်ဆက် (ဇွန် ၂၂၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်နဲ့ ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ ဒုတိယသမ္မတ Kamala Harris၊ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့နဲ့အတူ နေ့လည်စာအတူစားရင်း ဆွေးနွေးကြမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း ဒီနေ့ တွေ့ဆုံဖို့ရှိပါတယ်။ ကြာသပတေးနေ့ညကတော့ အမေရိကန်နဲ့ အိန္ဒိယ ၂ နိုင်ငံဆက်ဆံရေးကို သမ္မတ Joe Biden က နိုင်ငံတော် ညစာစားပွဲမှာ ဂုဏ်ပြုခဲ့ပါတယ်။

၂ နိုင်ငံသမိုင်းဝင် ဆက်ဆံရေး၊ ၂ နိုင်ငံပြည်သူတွေနဲ့ ရှေ့မှာရှိနိုင်တဲ့ အခွင့်အလမ်းတွေအတွက် သမ္မတ ဘိုင်ဒန်က ဆုတောင်းခဲ့သလို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ ၂ နိုင်ငံနဲ့ မိတ်ဆွေကောင်းဆက်ဆံရေးအတွက်ကိုလည်း သမ္မတဘိုင်ဒန်က အိမ်ဖြူတော် ညစာစားပွဲမှာ ဂုဏ်ပြုခဲ့ပါတယ်။ ကြာသပတေးနေ့ နေ့လည်ပိုင်းကတော့ ဝန်ကြီးချုပ် Modi နဲ့ အမေရိကန်သမ္မတ Joe Biden တို့ ဆွေးနွေးခဲ့ကြတာမှာ အာကာသ၊ ဉာဏ်ရည်တုနဲ့ကွမ်တမ် ကွန်ပြူတာအပါအဝင် နည်းပညာနယ်ပယ်တွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ကတိကဝတ်ပြုခဲ့ကြပါတယ်။ အမေရိကန်လွှတ်တော်မှာလည်း ဝန်ကြီးချုပ် Modi မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယနှစ်နိုင်ငံ ခိုင်မာ ဆက်ဆံရေးဟာ တူညီတဲ့ စံတန်ဖိုးထားမှုတွေနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ဆွေးနွေးငြင်းခုံမှုနဲ့ တန်းတူညီမျှမှုတွေအပေါ် လေးစားမှုတွေကို အခြေခံတယ်လို့ လွှတ်တော် နှစ်ရပ်ရှေ့မှာ မိန့်ခွန်း ပြောကြားသွားပါတယ်။

အမေရိကန်နဲ့ အိန္ဒိယဆက်ဆံရေး သမ္မတ Biden ဂုဏ်ပြု
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG