သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီးတွေ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဆွေးနွေး

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (ဝဲ) နှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh (ယာ) တို့ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့အစည်းအဝေးအတွင်းအတူတွေ့ရစဉ် (ဇွန် ၅၊ ၂၀၂၃)
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (ဝဲ) နှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh (ယာ) တို့ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့အစည်းအဝေးအတွင်းအတူတွေ့ရစဉ် (ဇွန် ၅၊ ၂၀၂၃)

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh (ရာချ်နသ် ဆင်းဂ်) နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်ဖို့အတွက် နယူးဒေလီမှာ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (နာရန်ဒရာ မိုဒီး) ရဲ့ ဝါရှင်တန်ခရီးစဉ် မတိုင်ခင်မှာ တွေ့ဆုံခဲ့ကြတာဖြစ်သလို၊ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ ပေါင်းစပ်ဖို့နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ကိစ္စတွေ ပါဝင်တယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh (ရာချ်နသ် ဆင်းဂ်) က သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

"အိန္ဒိယ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးဟာ လွတ်လပ် ပွင့်လင်းပြီး အင်ဒို-ပစိဖိတ်ဒေသအတွက် အရေးကြီးတယ်"လို့ Singh က ပြောပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း နှစ်နိုင်ငံကြား ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု၊ ပူးတွဲလေ့ကျင့်မှုနဲ့ နည်းပညာမျှဝေမှုတို့ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မိုဒီးဟာ ဇွန် ၂၂ ရက်မှာ အမေရိကန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ အမေရိကန်ကလည်း တရုတ်ကို တုန့်ပြန်ဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးကို နက်ရှိုင်းအောင် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG