သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံဆက်ဆံရေး အမေရိကန်ဘက်က ရိုးသားဖို့ တရုတ်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း


Chinese Defense Minister Gen. Li Shangfu delivers his speech on the last day of the 20th International Institute for Strategic Studies Shangri-La Dialogue, Asia's annual defense and security forum, in Singapore, June 4, 2023.
Chinese Defense Minister Gen. Li Shangfu delivers his speech on the last day of the 20th International Institute for Strategic Studies Shangri-La Dialogue, Asia's annual defense and security forum, in Singapore, June 4, 2023.

အမေရိကန် နဲ့ တရုတ်နိုင်ငံသာ ထိပ်တိုက်တွေ့ကြမယ်ဆိုရင် ကမ္ဘာကြီးအတွက် ဘေးဒုက္ခကပ်ဆိုးကြီး ဖြစ်လာလိမ့်မှာ ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu က စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri La လုံခြုံရေးညီလာခံအတွင်း ဒီနေ့ ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြားမှာ စနစ်တွေ မတူညီသလို၊ တခြားမတူညီတာတွေလည်း အများကြီးရှိကြောင်း ဒါပေမဲ့ ဒီလိုမတူညီမှုတွေက ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းလာအောင် ဘုံရပ်တည်ချက်တွေနဲ့ ဘုံအကျိုးစီးပွားတွေကို ရှာဖွေတဲ့နေရာမှာ အဟန့်အတား မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ၂ နိုင်ငံ ဆက်ဆံရေး တည်ငြိမ်မှုရှိဖို့အတွက် အမေရိကန်အနေနဲ့ ရိုးသားမှုရှိဖို့ လိုတယ်လို့ ပြောပါတယ်။

“၂ နိုင်ငံ ဆက်ဆံရေး တည်ငြိမ်မှုရရှိပြီး ပိုပြီးတော့မဆိုးသွားအောင် ကာကွယ်တဲ့အနေနဲ့ အမေရိကန်အနေနဲ့ ပြောတဲ့အတိုင်း ရိုးရိုးသားသားလုပ်ဖို့၊ တရုတ်နိုင်ငံနဲ့ပေါင်းပြီး ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့လိုပါတယ်။ တရုတ်နိုင်ငံနဲ့ အမေရိကန်တို့ကြားမှာ ကွဲပြားခြားနာမှုတွေ နဲ့ အခက်အခဲတွေကို သေချာကိုင်တွယ် ဖြေရှင်းပြီးတော့ အဆင်ပြေမယ့်နည်းလမ်းကို ရှာဖွေသင့်တယ်လို့” တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောသွားတာပါ။

ဒါ့အပြင် ထိုင်ဝမ်ကို တရုတ်နိုင်ငံကနေ ခွဲထွက်ဖို့အတွက် လုပ်လာတဲ့သူ ဘယ်သူကိုမဆို တရုတ်စစ်တပ်အနေနဲ့ မဆိုင်းမတွ ချက်ချင်းတုံ့ပြန်သွားမှာ ဖြစ်တယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်နဲ့ ကနေဒါနိုင်ငံက စစ်သဘောင်္တွေဟာ မနေ့က ထိုင်ဝမ်ရေလက်ကြားကနေ ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ ၂ နိုင်ငံရေတပ်တွေက ပြောလိုက်ပါတယ်။ အခုလို တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ၊ ဂျာမနီနိုင်ငံကလည်း အင်ဒို-ပစိဖိတ်ဒေသကို ရှေ့နှစ်မှာ စစ်သင်္ဘော ၂ စင်း စေလွှတ်သွားမယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး Boris Pistorius က ရှန်ဂရီလာလုံခြုံရေး ညီလာခံမှာ ဒီနေ့ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG