သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဗုဒ္ဓညီလာခံကြီးမှာ ဒီနေ့ခေတ်စိန်ခေါ်မှုတွေ တုံ့ပြန်နိုင်ရေးဆွေးနွေး 

ကမ္ဘာ့ဗုဒ္ဓညီလာခံဖွင့်ပွဲအတွင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဗုဒ္ဓသံဃာတော်တပါးနှင့်စကားပြောနေစဉ် (ဧပြီ ၂၀၊ ၂၀၂၃)
ကမ္ဘာ့ဗုဒ္ဓညီလာခံဖွင့်ပွဲအတွင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဗုဒ္ဓသံဃာတော်တပါးနှင့်စကားပြောနေစဉ် (ဧပြီ ၂၀၊ ၂၀၂၃)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ထိပ်သီး ညီလာခံကြီးကို ကြာသတေးနေ့က စတင်ပြီး ၂ ရက်ကြာကျင်းပနေပါတယ်။ ဒီနေ့ခေတ် လက်ရှိရင်ဆိုင်နေရတဲ့ စိတ်ခေါ်မှု အခက်အခဲ၊ အတွေးအခေါ် လောကအမြင်နဲ့ ကျင့်ထုံးတွေကို တုံပြန်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ ကမ္ဘာ့ ဗုဒ္ဓညီလာခံကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကဖွင့်လှစ်ပေးခဲ့တာပါ။ ကမ္ဘာဟာ စစ်ပွဲ၊ စီးပွားရေး မတည်ငြိမ်မှု၊ ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရပေမဲ့ ဒီအခက်အခဲတွေ အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အဖြေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မှတ်တမ်းတင်ခဲ့ကြတဲ့ ဗုဒ္ဒဘုရားရဲ့ အဆုံးအမ ဟောကြားချက်တွေထဲမှာတွေ့နိုင်ပါတယ်လို့ သူကပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဗုဒ္ဓညီလာခံဖွင့်ပွဲအတွင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi အမှာစကားပြောကြားနေစဉ် (ဧပြီ ၂၀၊ ၂၀၂၃)
ကမ္ဘာ့ဗုဒ္ဓညီလာခံဖွင့်ပွဲအတွင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi အမှာစကားပြောကြားနေစဉ် (ဧပြီ ၂၀၊ ၂၀၂၃)

မြန်မာနိုင်ငံအပါအဝင် ဗုဒ္ဓဘာသာနိုင်ငံတွေနဲ့ နိုင်ငံပေါင်း ၃၀ လောက်က ၁၇၀ ကျော် ပါဝင်တက်ရောက်နေပါတယ်။ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပတဲ့ပွဲကို မြန်မာနိုင်ငံက သီတဂူဆရာတော် အရှင်ဉာဏိဿရလည်း တက်ရောက်နေပါတယ်။ ဘူတန်၊ မွန်ဂိုလီးယား၊ နီပေါ၊ တောင်ကိုရီးယား၊ ဩစတေးလျနဲ့ မက္ကဆီကို နိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေ၊ သံဃာတော်တွေလည်း တက်ရောက်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၀၄ ခုနှစ်က အလားတူ ကမ္ဘာ့ ဗုဒ္ဓဘာသာ ထိပ်သီး ညီလာခံကျင်းပခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
​
XS
SM
MD
LG