သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားနေတဲ့ နယ်စပ်နေရာတွေမှာ တရုတ်ရဲ့နာမည်ပြောင်းမှု အိန္ဒိယပယ်ချ 

ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နဲ့ နယ်စပ် အိန္ဒိယနိုင်ငံ Arunachal Pradesh ပြည်နယ်ထဲက လမ်းတနေရာ (မေ ၂၈၊ ၂၀၁၂)
ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နဲ့ နယ်စပ် အိန္ဒိယနိုင်ငံ Arunachal Pradesh ပြည်နယ်ထဲက လမ်းတနေရာ (မေ ၂၈၊ ၂၀၁၂)

အိန္ဒိယနိုင်ငံအရှေ့ပိုင်း Arunachal Pradesh ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ နယ်နမိတ်ထဲမှာပါတယ်ဆိုပြီး တရုတ်ဘက်က နာမည်ပြောင်းတာကို လက်မခံတဲ့အကြောင်း အိန္ဒိယနိုင်ငံက ဒီနေ့ (ဧပြီ ၄)ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်နိုင်ငံ ပြည်သူ့ရေးရာဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြီး တောင်ပိုင်းတိဘက်ဒေသလို့ တရုတ်ဘက်က ခေါ်တဲ့ သူပိုင်တောင် ၅ လုံးနဲ့ နယ် ၁၁ ခုကို တပြေးညီဖြစ်အောင် နာမည်တွေ ပြောင်းလဲပေးလိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

Zangnan လို့ နာမည်ပြောင်းလိုက်တဲ့ နယ်မြေထဲမှာ အိန္ဒိယနိုင်ငံဘက်က Brahmaputra မြစ်မြောက်ဘက် သူပိုင်နယ်ခြားအဖြစ် သတ်မှတ်ထားတဲ့ Arunachal Pradesh ပြည်နယ်လည်းပါဝင်နေတာပါ။ Arunachal Pradesh ပြည်နယ်ဟာ အိန္ဒိယနိုင်ငံပိုင်နယ်အဖြစ် မပြောင်းမလဲ အမြဲတစေ ရှိနေမှာဖြစ်ပြီး တရုတ်ဘက်က ပြောဆိုချက်ကို လက်မခံတဲ့အကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Arindam Bagchi က တွစ်တာလူမှုကွန်ယက်မှာ ရေးပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကလည်း‌ တောင်ပိုင်းတိဘက်ဒေသဟာ သူတို့ပိုင်နယ်ဖြစ်တာကြောင့် တရုတ်နိင်ငံရဲ့ အချုပ်အခြာ ပိုင်နယ်အတွင်းဖြစ်တာနဲ့အညီ အခုလို နာမည်တွေ ပြောင်းလိုက်တာလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ကီလိုမီတာ ၃၈၀၀ ရှည်ပြီး နယ်နမိတ် တိတိကျကျသတ်မှတ်မထားတဲ့ တောင်တန်းဒေသတွေအတွင်း နယ်ခြား အငြင်းပွားမှုတွေအတွက် တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ၁၉၆၂ ခုနှစ်နဲ့ မကြားသေးခင်နှစ်တွေအတွင်း အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

နျုကလီးယားလက်နက် ပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား နယ်မြေအငြင်းပွားတဲ့ စစ်ပွဲတွေကြောင့်လည်း ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ်က နယ်ခြား အပြန်အလှန် တိုက်ခိုက်မှုတွေကြား စစ်သား ၂၄ ယောက် သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကလည်း Arunachal Pradesh ပြည်နယ်အတွင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

This item is part of
​
XS
SM
MD
LG