သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ လူဦးရေကျဆင်းမှုကြောင့် ရိုက်ခတ်လာနိုင်တဲ့ အလားအလာ


Chart showing historic and projected population of India and China. India is projected to surpass that of China in 2023, based UN's World Population Prospects.
Chart showing historic and projected population of India and China. India is projected to surpass that of China in 2023, based UN's World Population Prospects.

[[Zawgyi/Unicode]]

တရုတ်ပြည်မှာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် လူဦးရေလျော့ကျခဲ့ပါတယ်။ တရုတ်ရဲ့လူဦးရေလျော့ကျလာမှုဟာ တရုတ်ရဲ့စီးပွားရေးနဲလူ့အဖွဲ့အစည်းပေါ်ရိုက်ခတ်ချက်တွေရှိလာမှာကိုစိုးရိမ်မှုတွေရှိပါတယ်။ ဒါပေမယ့် တချို့ကျွမ်းကျင်သူတွေက တရုတ်စီးပွားရေးအပေါ်မထိခိုက်နိုင်ဘူးလို့မြင်ပါတယ်။ AP သတင်းဆောင်းပါးတပုဒ်ကိုအခြေခံပြီး ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။

ဇန္နဝါရီလ ၁၇ ရက်နေ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့စာရင်းတွေအရ တရုတ်ပြည်ရဲ့လူဦးရေဟာ ဆယ်စုနှစ်အတော်များများ အတွင်းပထမဆုံးအကြိမ် ကျဆင်းသွားခဲ့ပါတယ်။

တရုတ်အမျိုးသားစာရင်းအင်းဌာနရဲ့ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်ကုန်မှာ တရုတ်လူဦးရေဟာ အရင် ၂၀၂၁ ခုနှစ်ကထက် ၈ သိန်းခွဲကျော်လျော့နည်းသွားခဲ့ပါတယ်။

ဒီစာရင်းဟာ တရုတ်ပြည်မကြီးတခုတည်းအတွက်သာဖြစ်ပြီး ဟောင်ကောင်၊ မက္ကာအိုနဲ့ ပြည်ပမှာနေထိုင်သူတွေ မပါဝင်ပါဘူး။

ကိုဗစ်ကပ်ရောဂါကြောင့် သွားလာမှုကန့်သတ်ပိတ်ပင်တာတွေရှိခဲ့ပြီး စီးပွားရေးနှေးကွေးကျဆင်းခဲ့တဲ့ တရုတ်ပြည်မှာ တရုတ်အစိုးရရဲ့စာရင်းအင်းတွေအရ ကလေးမွေးဖွားမှုဟာလည်း အရင်နှစ်ကထက် ၁ သန်းလောက် လျော့နည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကလေး ၁၀.၆၂ သန်းမွေးဖွားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်အတွင်း ကလေး ၉.၅၆ သန်းမွေးဖွားခဲ့ပါတယ်။ သေဆုံးမှုနှုန်းဟာလည်း ၁၀.၁၄ သန်းကနေ ၁၀.၄၁ သန်းအထိတိုးခဲ့ပါတယ်။

တရုတ်အစိုးရဟာ ၂၀၁၆ ခုနှစ်တုန်းက ကလေးတဦးပဲယူရမယ့် one-child policy ကိုစွန့်လွှတ်ခဲ့ပြီးနောက် ကလေး ၂ ယောက် ၃ ယောက်ယူဖို့အားပေးခဲ့ပြီး လူဦးရေတိုးလာဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်လူငယ်တွေဟာလက်ထပ်ဖို့နောက်ကျကြပြီး လက်ထပ်ပြီးနောက်မှာလည်း မြို့ပြမှာကလေးကြီးပြင်းတဲ့အထိ ပြုစုစောင့်ရှောက်ဖို့ စရိတ်စကကြီးတဲ့အတွက် ကလေးမယူချင်ကြပါဘူး။


“ကျမတို့ဟာ အပြိုင်အဆိုင်အလုပ်-လုပ်ကိုင်ရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဥပမာအားဖြင့် အိမ်ဈေး တွေကကြီးပြီး အလုပ်အကိုင်က ရှာလို့မလွယ်ပါဘူး။ ကျမမိဘတွေမှာ ကလေးက-ကျမတယောက်ပဲ ရှိပါတယ်။ ကျမမှာမောင်လေးတွေ၊ ညီမလေးတွေရှိလို့ ကလေးတွေပိုများတယ်ဆိုရင် ကျမမိဘတွေအပေါ်မှာ စီးပွားရေးအရ ဖိအားတွေပိုများလာမှာပါ။ ဒါကြောင့် လူဦးရေနည်းတာပိုကောင်းနိုင်ပါတယ်။ ဒီလို လူဦးရေနည်းလာတဲ့ အတိုင်း ဆက်သွားနေမယ်ဆိုရင် အိမ်ဈေးတွေလည်းကျလာနိုင်ပါတယ်။”

တရုတ်မှာ အသက်အရွယ်ကြီးရင့်သူဦးရေများလာတဲ့အတွက် စီးပွားရေးတိုးတက်မှုနဲ့လူ့အဖွဲ့အစည်းအပေါ် ရိုက်ချက်တွေရှိလာမှာကို စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်တခုလောက်အထိ လူဦးရေကျဆင်းသွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါဘူး။

လူဦးရေ သန်း ၁,၄၀၀ ကျော်ရှိတဲ့တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာလူဦးရေအများဆုံးတိုင်းပြည်အဖြစ် ကာလကြာရှ ည်စွာရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် မကြာမီ အိန္ဒိယဟာ တရုတ်ကိုကျော်တက်တော့မှာဖြစ်ပြီး ၁.၄ ဘီလီယံ ကျော်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင်အိန္ဒိယလူဦးရေဟာဆက်ပြီး တိုးနေဦးမှာဖြစ်ပါတယ်။

လူဦးရေကျဆင်းမှုဟာ တရုတ်ရဲ့စီးပွားရေးကိုအပြောင်းအလဲမဖြစ်စေနိုင်ပါဘူးလို့ UAE နိုင်ငံ အဘူဒါဘီ Abu Dhabi မြို့တော်က Khalifa University ကာလီဖာတက္ကသိုလ်၊ လူမှုသိပ္ပံဌာနပါမောက္ခ Stuat Gietel-Gasten ကပြောပါတယ်။


“ ဒီလိုအခြေအနေတွေကြောင့် တရုတ်ရဲ့စီးပွားရေးကိုအပြောင်းအလဲဖြစ်စေမှာမဟုတ်ပါဘူး။ ဒါ့အပြင် တရုတ်နဲ့အိန္ဒိယကြားမှာရှိတဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာအနေအထားတွေဟာလည်း ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ တရုတ်အတွက် တကယ့်ကို ရှင်းလင်းမြင်သာတဲ့၊ တကယ့်ကိုကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပါတယ်။ အရေးကြီးတာက ဒီပြောင်းလဲမှုကို တရုတ်အနေနဲ့ဘယ်လိုတု့ံ့ပြန်ဆောင်ရွက်မလဲ။ ဒီလူဦးရေဆိုင်ရာကျဆင်းမှုအခြေအနေသစ်ကို ဘယ်လို တုံ့ပြန်ဆောင်ရွက်မလဲဆိုတာပါပဲ။”

အိန္ဒိယရဲ့လူဦးရေဟာဆက်တိုးလာနေပြီး လူငယ်တွေပိုများပါတယ်။ ဒါပေမယ့်လည်း လူဦးရေကိစ္စတခုတည်းနဲ့တော့ အိန္ဒိယက တရုတ်ကိုစီးပွားရေးအရကျော်တက်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ အခြားအကြောင်းအရာတွေ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦးတွေအပြင် ဘာသာစကား၊ လူမျိုးစု၊ ဆင်းရဲချမ်းသာမှု စတာတွေအားလုံး တိုင်းပြည်မှာချိတ်ဆက်ထားနိုင်မှုတွေလည်းလိုပါတယ်လို့ ပါမေက္ခ Stuat Gietel-Gasten ကပြောပါတယ်။

တရုတ်ပြည်ရဲ့စီးပွားရေးဟာ ၂၀၂၂ ခုနှစ်အတွင်း ၃% တိုးလာခဲ့တယ်လို့ ဇန္နဝါရီလ ၁၇ ရက်နေ့၊ အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီတိုးနှုန်းဟာ ဆယ်စုနှစ် ၄ ခုအတွင်း ဒုတိယအနည်းဆုံးဖြစ်ပါတယ်။ တရုတ်ရဲ့ ကိုဗစ် ၁၉ စည်းမျဉ်းတင်းကြပ်မှုတွေနဲ့ အိမ်ခြံမြေလုပ်ငန်းကျဆင်းမှုတွေကြောင့် စီးပွားရေးဆက်တိုက်နှေးကွေးကျဆင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း ပါမောက္ခ Stuart Gietel-Basten ကတော့ လူဦးရေကျဆင်းမှုဟာ တရုတ်ရဲ့စီးပွားရေးကိုထိခိုက်မှာဟုတ် ဘူးလို့ပြောဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ဟာ နှစ်အတော်ကြာတွေ့ကြုံခဲ့ရတဲ့ လူဦးရေပြောင်းလဲလာမှုနဲ့ လိုက်လျောညီထွေဖြစ်မယ့် စီးပွားရေးမူဝါဒတွေကိုချမှတ်ခဲ့ပြီး ဆန်းသစ်တီထွက်မှုတွေနဲ့ သူ့ရဲ့စီးပွားရေးကို ဆက်လက်တိုးတက်နေအောင်ဖန်တီးထားလို့ပါပဲလို့ ပြောဆိုခဲ့ပါတယ်။ အဓိကအားဖြင့် semiconductor ခေါ် ကြားခံလျှပ်ကူးပစ္စည်းထုတ်လုပ်မှုနဲ့ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းလို စီးပွားရေးလုပ်ငန်းတွေကို ပါမောက္ခ Stuart Gietel-Basten ကထောက်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ လူဦးရေကျဆင်းမှုကြောင့် ရိုက်ခတ်လာနိုင်တဲ့ အလားအလာ.mp3
please wait

No media source currently available

0:00 0:05:32 0:00
တိုက်ရိုက် လင့်ခ်

============

[[Unicode]]


















XS
SM
MD
LG