သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

အိႏၵိယ နဲ႔ တ႐ုတ္ နယ္စပ္မွာ အခ်င္းမ်ားၾကျပန္ၿပီလား


အိႏၵိယ-တရုတ္နယ္စပ္က အိႏၵိယစစ္ကားမ်ား

(Zawgyi/Unicode)

အိႏၵိယနဲ႔ တရုတ္ နယ္စပ္ အေရွ႕ပိုင္း ဟိမ၀ႏၱာ ေဒသမွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္အတြင္း ႏွစ္ဘက္ စစ္သားေတြ ထိပ္တိုက္ေတြ႔ အခ်င္းျဖစ္ခဲ႔တယ္လို႔ အိႏၵိယ စစ္တပ္က ေျပာပါတယ္။ တရုတ္ဘက္ကေတာ့ ခိုက္ရန္ ျဖစ္ပြားတယ္ဆိုတာကို အတည္မျပဳပါဘူး။

North Sikkim ေဒသ Naku La မွာ ၿပီးခဲ႔တဲ႔ ဗုဒၶဟူးေန႔က ႏွစ္ဘက္ တပ္သားေတြ ထိပ္တိုက္ေတြ႔ အခ်င္းမ်ားခဲ႔ၿပီး ေဒသဆိုင္ရာ တပ္မွဴးေတြက ေျဖရွင္းခဲ႔ၾကတယ္လို႔ အိႏၵိယ စစ္တပ္ေၾကညာခ်က္က ေဖာ္ျပပါတယ္။

အိႏၵိယ နယ္ေျမထဲကို က်ဴးေက်ာ္လာတဲ႔ တရုတ္လွည့္ကင္းကို အိႏၵိယ တပ္ဖြဲ႔ေတြဘက္က တားဆီးတာမွာ အခ်င္းမ်ားခဲ႔တာ ျဖစ္ၿပီး ႏွစ္ဘက္ တပ္ဖြဲ႔၀င္ေတြ ထိခုိက္ဒဏ္ရာရတယ္လို႔ အိႏၵိယ ႏုိင္ငံတြင္း သတင္းေတြက ေဖာ္ျပၾကပါတယ္။

အိႏၵိယ စစ္တပ္ကေတာ့ မီဒီယာေတြက ခ်ဲ႕ကား မေဖာ္ျပဖို႔ ေျပာဆိုထားပါတယ္။ တရုတ္ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Zhao Lijian ကေတာ့ ဒီအခ်င္းမ်ား ခုိက္ရန္ ျဖစ္ပြားမႈနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပး ေျပာဆိုစရာ မရွိေၾကာင္း သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

အိႏၵိယနဲ႔ နယ္စပ္ တေလွ်ာက္ ၿငိမ္းခ်မ္း တည္ၿငိမ္ေရးကို တရုတ္ နယ္စပ္ တပ္ဖြဲ႔ေတြက အခိုင္အမာ ထိန္းသိမ္းေဆာင္ရြက္ေနေၾကာင္း၊ အိႏၵိယဘက္ကလည္း အလားတူ လိုက္နာ ေဆာင္ရြက္ဖို႔ တရုတ္က တိုက္တြန္းေၾကာင္း၊ နယ္စပ္တေလွ်ာက္ အေျခအေနေတြ ရႈပ္ေထြးေစမယ့္ အေျခအေနမ်ိဳး ျဖစ္မလာေအာင္ အိႏၵိယဘက္က ေရွာင္က်ဥ္ဖို႔လည္း တိုက္တြန္းေၾကာင္း တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရက ေျပာဆိုခဲ႔တာပါ။

တရုတ္ ကင္းလွည့္ အဖြဲ႔ဘက္မွာေတာ့ ထိပ္တိုက္ေတြ႔ အခ်င္းမ်ားတဲ႔ မွတ္တမ္း မရွိေၾကာင္း တရုတ္ အစိုးရအာေဘာ္ Global Times ရဲ႕ အယ္ဒီတာခ်ဳပ္ Hu Xijin က တြစ္တာ လူမႈကြန္ရက္မွာ ေရးပါတယ္။ ၿပီးခဲ႔တဲ႔ႏွစ္ ဇြန္လ အတြင္း အိႏၵိယနဲ႔ တရုတ္ နယ္စပ္မွာ ႏွစ္ဘက္ တပ္ဖြဲ႔၀င္ေတြၾကား ထိပ္တိုက္ေတြ႔ အခ်င္းမ်ားခဲ႔တာမွာ အိႏၵိယ တပ္ဖြဲ႔၀င္ ၂၀ ေသဆံုးခဲ႔ရၿပီး ေနာက္မွာေတာ့ ႏွစ္ဘက္စလံုးက တပ္ဖြဲ႔၀င္ ေသာင္းခ်ီ တပ္ခ်ထားၾကသလို တိုက္ေလယာဥ္ေတြ လက္နက္ႀကီးေတြလည္း တပ္ဆင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အိန္ဒိယ နဲ့ တရုတ် နယ်စပ်မှာ အချင်းများကြပြန်ပြီလား

(Unicode)

အိန္ဒိယနဲ့ တရုတ် နယ်စပ် အရှေ့ပိုင်း ဟိမဝန္တာ ဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နှစ်ဘက် စစ်သားတွေ ထိပ်တိုက်တွေ့ အချင်းဖြစ်ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က ပြောပါတယ်။ တရုတ်ဘက်ကတော့ ခိုက်ရန် ဖြစ်ပွားတယ်ဆိုတာကို အတည်မပြုပါဘူး။

North Sikkim ဒေသ Naku La မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နှစ်ဘက် တပ်သားတွေ ထိပ်တိုက်တွေ့ အချင်းများခဲ့ပြီး ဒေသဆိုင်ရာ တပ်မှူးတွေက ဖြေရှင်းခဲ့ကြတယ်လို့ အိန္ဒိယ စစ်တပ်ကြေညာချက်က ဖော်ပြပါတယ်။

အိန္ဒိယ နယ်မြေထဲကို ကျူးကျော်လာတဲ့ တရုတ်လှည့်ကင်းကို အိန္ဒိယ တပ်ဖွဲ့တွေဘက်က တားဆီးတာမှာ အချင်းများခဲ့တာ ဖြစ်ပြီး နှစ်ဘက် တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတယ်လို့ အိန္ဒိယ နိုင်ငံတွင်း သတင်းတွေက ဖော်ပြကြပါတယ်။

အိန္ဒိယ စစ်တပ်ကတော့ မီဒီယာတွေက ချဲ့ကား မဖော်ပြဖို့ ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Zhao Lijian ကတော့ ဒီအချင်းများ ခိုက်ရန် ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုစရာ မရှိကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အိန္ဒိယနဲ့ နယ်စပ် တလျှောက် ငြိမ်းချမ်း တည်ငြိမ်ရေးကို တရုတ် နယ်စပ် တပ်ဖွဲ့တွေက အခိုင်အမာ ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ အိန္ဒိယဘက်ကလည်း အလားတူ လိုက်နာ ဆောင်ရွက်ဖို့ တရုတ်က တိုက်တွန်းကြောင်း၊ နယ်စပ်တလျှောက် အခြေအနေတွေ ရှုပ်ထွေးစေမယ့် အခြေအနေမျိုး ဖြစ်မလာအောင် အိန္ဒိယဘက်က ရှောင်ကျဉ်ဖို့လည်း တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

တရုတ် ကင်းလှည့် အဖွဲ့ဘက်မှာတော့ ထိပ်တိုက်တွေ့ အချင်းများတဲ့ မှတ်တမ်း မရှိကြောင်း တရုတ် အစိုးရအာဘော် Global Times ရဲ့ အယ်ဒီတာချုပ် Hu Xijin က တွစ်တာ လူမှုကွန်ရက်မှာ ရေးပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ အတွင်း အိန္ဒိယနဲ့ တရုတ် နယ်စပ်မှာ နှစ်ဘက် တပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့ အချင်းများခဲ့တာမှာ အိန္ဒိယ တပ်ဖွဲ့ဝင် ၂၀ သေဆုံးခဲ့ရပြီး နောက်မှာတော့ နှစ်ဘက်စလုံးက တပ်ဖွဲ့ဝင် သောင်းချီ တပ်ချထားကြသလို တိုက်လေယာဉ်တွေ လက်နက်ကြီးတွေလည်း တပ်ဆင်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG