သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလ်ကတ္တား-စစ်တွေ ကုန်သင်္ဘော အစမ်းပြေးဆွဲမည် 


Sittwe port (MOI)
Sittwe port (MOI)

{{Zawgyi/Unicode}}

နှစ်အတန်ကြာ ကြန့်ကြာနေတဲ့ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းရဲ့တစိတ်တဒေသအဖြစ် အိန္ဒိယနိုင်ငံ ကာလ်ကတ္တားကနေ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းကို ကုန်သင်္ဘော စမ်းသပ်ပြေးဆွဲမှုကို ဧပြီလထဲမှာ ပြုလုပ်သွားမယ်လို့ ကာလကတ္တားဆိပ်ကမ်း Syama Prasad Mookerjee ဘက်က အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ Economic Times နဲ့ အိန္ဒိယကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီ အစမ်းပြေးဆွဲမှုမှာ ဘိလပ်မြေတန်ချိန် ၃,၀၀၀ တင်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကုလားတန်စီမံကိန်းဟာ အိန္ဒိယက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အရှေ့မြောက်ဒေသကိုဆက်သွယ်နိုင်မယ့် ဒေသတွေကို ချိတ်ဆက်နိုင်ဖို့အတွက် ဘင်္ဂလားပင်လယ်အော်ကနေတဆင့် ရခိုင်ပြည်နယ် စစ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်ပြီး အဲဒီကမှ အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်ကိုထဲကို ပြန် ဆက်သွယ်နိုင်မယ့် ရေလမ်း၊ ကုန်းလမ်း ချိတ်ဆက်တဲ့ စီမံကိန်း ဖြစ်ပါတယ်။

ကာလ်ကတ္တားကနေ စစ်တွေ၊ အဲဒီကတဆင့် ပလက်ဝအထိ ရေ‌ကြောင်းခရီးနဲ့ ချိတ်ဆက်ပြီး ပလက်ဝကနေ အိန္ဒိယဘက်ခြမ်းက မီဇိုရမ်ကိုအထိတော့ ကုန်းလမ်းဆက်သွယ်မှာ ဖြစ်ပါတယ်။

ဒီလမ်းကြောင်းနဲ့ဆက်စပ်တဲ့ စီမံကိန်းအများစုက ပြီးစီးတဲ့အနေအထားရှိပေမယ့် စီမံကိန်းလမ်းကြောင်းရှိတဲ့ ပလက်ဝနဲ့ ကုလားတန်မြစ်ကြောင်းတလျှောက် ရက္ခိုင့်တပ်တော် (AA) ရဲ့ တိုက်ခိုက်မှုတွေနဲ့ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာပဋိပက္ခတွေကြောင့် နှောင့်နှေးမှုတွေကြုံခဲ့ရပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ အပစ်အခတ်ရပ်စဲပြီးနောက်မှာ ဒီစံမံကိန်းပြန်စဖို့ နှစ်နိုင်ငံလုံးက ကြိုးပမ်းခဲ့တာပါ။ ၂၀၂၃ ဒီနှစ်ဆန်းပိုင်းမှာတော့ ကုလားတန်စီမံကိန်းအနေနဲ့ အိန္ဒိယနိုင်ငံက တာဝန်ယူတည်ဆောက်ခဲ့တဲ့ စစ်တွေဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်မှုတွေ စတင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}








ဆက်စပ်သတင်းများ ...

XS
SM
MD
LG