သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA ဖမ္းထားတဲ့ ကုလားတန္စီမံကိန္း ဝန္ထမ္း ၁၅ ဦး ျပန္လြတ္ေျမာက္


(သတင္းဓာတ္ပံု - ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi/Unicode)

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္က ကုလားတန္စီမံကိန္းမွာ လုပ္ကိုင္ေနတဲ့ အိႏိၵယႏိုင္ငံသား ရွစ္ဦးအပါအ၀င္ စီမံကိန္း၀န္ထမ္း ၁၅ ဦးကို AA ရခိုင္လက္နက္ကိုင္အဖဲြ႔က မေန႔ညပိုင္းတုန္းက ဖမ္းဆီးသြားၿပီး ဒီေန႔မနက္ပိုင္းမွာေတာ့ ျပန္လႊတ္ေပးခဲ့ပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ ဗီြအိုေအ သတင္းေထာက္ ကိုႏိုင္ကြမ္းအိန္ စံုစမ္းေမးျမန္း သတင္းေပးပို႔ထားပါတယ္။

အခုဆက္ျပီး ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ ကုလားတန္စီမံကိန္းက အိႏၵိယနိုင္ငံသားေတြအပါအဝင္ စီမံကိန္းဝန္ထမ္း ၁၅ ဦး ဖမ္းဆီးခံရတဲ့အေျခအေနကို ေျပာျပေပးမွာပါ။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕အေရွ႕ဘက္ကမ္းမွာ ပလက္ဝဆိပ္ခံတံတား တည္ေဆာက္ေနတဲ့ အိႏၵိယနိုင္ငံသား ရွစ္ဦး အပါ၀င္ ၀န္ထမ္း ၁၅ ဦးကို AA ရခိုင္လက္နက္ကိုင္အဖြဲ႕ကေန တညတာဖမ္းဆီးထားျပီး ဒီမနက္မွာ ျပန္လႊတ္ေပးခဲ့တယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရး၀န္ၾကီး ဦးစိုးထက္က ေျပာပါတယ္။

“က်ေနာ္တို႔ မေန႔ည ၁၀ နာရီေနာက္ပိုင္းမွာ အိႏၵိယ ဇိုရမ္ပြီလမ္းေဖာက္တဲ့ဆိုက္က ၁၅ ေယာက္ကို ေခၚသြားတယ္လို႔ သိရပါတယ္။ အိႏၵိယနိုင္ငံသား ရွစ္ေယာက္ပါတယ္။ က်ေနာ္တို႔ ေဒသခံ၀န္ထမ္းေတြ ဘာသာျပန္တို႔ က်န္တဲ့လုပ္ငန္းလုပ္တဲ့အဖြဲ႕ေတြေပါ့။ အားလုံး ၁၅ ေယာက္။ ဒီေန႔မနက္ကေတာ့ သူတို႔ဆီသိန္း ၅၀ ပိုက္ဆံ ယူၿပီးေတာ့ သူတို႔ရဲ႕ ပစၥည္းတခ်ိဳ႕ကို ယူၿပီးေတာ့ လူကိုေတာ့ ဒီေန႔မနက္မွာပဲ ျပန္လႊတ္ေပးလိုက္တယ္လို႔ ေျပာပါတယ္။ အခုမွက်ေနာ္တို႔ တာ၀န္ရွိတဲ့လူေတြက စီစစ္တာတို႔ ဘာတို႔လုပ္ၿပီး တရား၀င္ေၾကးနန္းတင္ပါလိမ့္မယ္။ အခုက်ေနာ္တို႔ ပလက္၀ဘက္မွာ လာၿပီး သူတို႔သက္ဆိုင္ရာတာ၀န္ရွိတဲ့သူေတြနဲ႔ ေမးျမန္းစစ္ခ်က္ယူေနတယ္ေနာ္။”

အိႏၵိယနိုင္ငံသား ရွစ္ဦး၊ စကားျပန္နဲ႔ ဝန္ထမ္း စုစုပါင္း ၁၅ ဦးကို တနဂၤေႏြေန႔ညပိုင္းမွာ AA အဖြဲ႔က ဖမ္းဆီးထားျပီး စီမံကိန္းေနရာနဲ႔ တမိုင္ေက်ာ္ေ၀းတဲ့ ၾကက္ဥ၀ေက်းရြာမွာ ညအိပ္ခိုင္းထားၿပီးေတာ့ ဒီေန႔မနက္ပိုင္းမွာ ျပန္လႊတ္ေပးခဲ့တာပါ။ ဒီအေျခအေနကို ၾကက္ဥ၀ရြာေဒသခံ တဦးက အခုလိုေျပာပါတယ္။

“ကုလား၀န္ထမ္းေတြပဲ ဟုတ္ကဲ့။ ထိန္းသိမ္းထားတဲ့သေဘာပါ။ အကုန္လုံးလြတ္လာတယ္လို႔ေတာ့ သတင္းရထားတယ္။ ဆိပ္ကမ္းတံတားဆိုေပမဲ့ ပလက္၀ရဲ႕ေရွ႕ဆိုက္ေပါ့။ အိႏၵိယနဲ႔ျမန္မာနဲ႔ အဲဒီလမ္းစီမံကိန္း ျဖစ္မယ္။”

ကုလားတန္စီမံကိန္း၀န္ထမ္းေတြ ဖမ္းဆီးထားမႈနဲ႔ ပတ္သက္လို႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ေျပာခြင့္ရခိုင္သုခကေတာ့

“ဒိီေငြဒဂၤါးေတြဘာေတြယူၿပီးေတာ့မွ သူတို႔လႊတ္လိုက္တယ္တို႔ဘာတို႔ စြပ္စြဲထားတယ္။ က်ေနာ္တို႔မွာေတာ့ အဲဒီလိုမ်ိဳး ညႊန္ၾကားထားတယလုံး၀မရွိဘူး။ ဒီလိုမ်ိဳးတစုံတေယာက္ကလုပ္လို႔ရွိရင္လည္း ျပင္းျပင္းထန္ထန္အေရး ယူ ခံရမွာ။”

ပလက္၀ဆိပ္ခံတံတားေဆာက္လုပ္ေရးလုပ္ငန္းခြင္ဟာ ျမန္မာႏွင့္ အိႏၵိယႏွစ္နိုင္ငံ သေဘာတူညီခ်က္နဲ႔ တည္ေဆာက္ အေကာင္အထည္ေဖာ္ေနတဲ့ ကုလားတန္ဘက္စုံသုံးစီမံကိန္းရဲ႕အစိတ္အပိုင္း တခုျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၃ ရက္ေန႔တုန္းက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေ၀ွ႔တင္းအပါ၀င္ ကုလားတန္ဖြံ႕ၿဖိဳး ေရးစီမံကိန္းဝန္ထမ္းအိႏၵိယ အမ်ိဳးသား ငါးဦး စကားျပန္ ႏွစ္ဦးနဲ႔ စက္ေလွသမားႏွစ္ဦး စုစုေပါင္း ၁၀ ကို AA အဖြဲ႔ကေန ဖမ္းဆီးခဲ့ျပီး ေနာက္ပိုင္းမွာျပန္လႊတ္ေပးခဲ့ပါတယ္။

ခ်င္းျပည္နယ္ ပလက္၀ၿမဳိ႕နယ္ ကုလားတန္ျမစ္ေပၚမွာ တည္ေဆာက္ေနတဲ့ ကုလားတန္ျမစ္ကူးတံတားကို ဒီႏွစ္ ေဖေဖာ္၀ါရီလမွာ ဖြင့္လွစ္ဖို႔ လ်ာထားေပမဲ့ ေႏွာက္ယွက္မႈေတြၾကံဳေနရလို႔ သတ္မွတ္ကာလအတြင္း မဖြင့္လွစ္ႏိုင္ဘူးလို႔ ၀န္ႀကီးဦးစိုးထက္က ေျပာပါတယ္။

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔ တိုက္ပြဲေတြဆက္တိုက္ျဖစ္ပြားေနပါတယ္။

မေန႔ကလည္း ပလက္ဝျမိဳ ့နယ္ ႏွမဒါေက်းရြာအနီးနဲ႔ ေရခ်မ္းဝေက်းရြာဘက္ကို ျမန္မာစစ္တပ္က ေလယာဥ္နဲ႔ ဗုံးၾကဲပစ္ခတ္မႈေၾကာင့္ ကေလး ႏွစ္ဦးနဲ႔ အမ်ိဳးသမီးတဦး ထိခုိက္ဒဏ္ရာ ရရွိခဲ့တယ္လို ေဒသခံေတြက ေျပာပါတယ္။

ျပီးခဲ့တဲ့ မတ္လ ၁၄ နဲ႔ ၁၅ ရက္ေန႔တုန္းကလည္း ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ မိတ္စာ၀ရြာ ၀က္မရြာနဲ႔ ၿပိဳင္တိန္းရြာက ရြာသား ၂၁ ဦး ေသဆုံးျပီး ၂၈ ဦး ဒဏ္ရာရရွိခဲ့သလို ရြာသား ၂,၄၀၀ ေက်ာ္ ဆမီးၿမိဳ႕မွာ စစ္ေဘးတိမ္းေရွာင္ေနရဆဲ အေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

AA ဖမ်းထားတဲ့ ကုလားတန်စီမံကိန်း ဝန်ထမ်း ၁၅ ဦး ပြန်လွတ်မြောက်

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကုလားတန်စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦးအပါအဝင် စီမံကိန်းဝန်ထမ်း ၁၅ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က မနေ့ညပိုင်းတုန်းက ဖမ်းဆီးသွားပြီး ဒီနေ့မနက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွမ်းအိန် စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

အခုဆက်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်စီမံကိန်းက အိန္ဒိယနိုင်ငံသားတွေအပါအဝင် စီမံကိန်းဝန်ထမ်း ၁၅ ဦး ဖမ်းဆီးခံရတဲ့အခြေအနေကို ပြောပြပေးမှာပါ။

ချင်းပြည်နယ်၊ ပလက်ဝမြို့အရှေ့ဘက်ကမ်းမှာ ပလက်ဝဆိပ်ခံတံတား တည်ဆောက်နေတဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦး အပါဝင် ဝန်ထမ်း ၁၅ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ တညတာဖမ်းဆီးထားပြီး ဒီမနက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

“ကျနော်တို့ မနေ့ည ၁၀ နာရီနောက်ပိုင်းမှာ အိန္ဒိယ ဇိုရမ်ပွီလမ်းဖောက်တဲ့ဆိုက်က ၁၅ ယောက်ကို ခေါ်သွားတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံသား ရှစ်ယောက်ပါတယ်။ ကျနော်တို့ ဒေသခံဝန်ထမ်းတွေ ဘာသာပြန်တို့ ကျန်တဲ့လုပ်ငန်းလုပ်တဲ့အဖွဲ့တွေပေါ့။ အားလုံး ၁၅ ယောက်။ ဒီနေ့မနက်ကတော့ သူတို့ဆီသိန်း ၅၀ ပိုက်ဆံ ယူပြီးတော့ သူတို့ရဲ့ ပစ္စည်းတချို့ကို ယူပြီးတော့ လူကိုတော့ ဒီနေ့မနက်မှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။ အခုမှကျနော်တို့ တာဝန်ရှိတဲ့လူတွေက စီစစ်တာတို့ ဘာတို့လုပ်ပြီး တရားဝင်ကြေးနန်းတင်ပါလိမ့်မယ်။ အခုကျနော်တို့ ပလက်ဝဘက်မှာ လာပြီး သူတို့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ မေးမြန်းစစ်ချက်ယူနေတယ်နော်။”

အိန္ဒိယနိုင်ငံသား ရှစ်ဦး၊ စကားပြန်နဲ့ ဝန်ထမ်း စုစုပါင်း ၁၅ ဦးကို တနင်္ဂနွေနေ့ညပိုင်းမှာ AA အဖွဲ့က ဖမ်းဆီးထားပြီး စီမံကိန်းနေရာနဲ့ တမိုင်ကျော်ဝေးတဲ့ ကြက်ဥဝကျေးရွာမှာ ညအိပ်ခိုင်းထားပြီးတော့ ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာပါ။ ဒီအခြေအနေကို ကြက်ဥဝရွာဒေသခံ တဦးက အခုလိုပြောပါတယ်။

“ကုလားဝန်ထမ်းတွေပဲ ဟုတ်ကဲ့။ ထိန်းသိမ်းထားတဲ့သဘောပါ။ အကုန်လုံးလွတ်လာတယ်လို့တော့ သတင်းရထားတယ်။ ဆိပ်ကမ်းတံတားဆိုပေမဲ့ ပလက်ဝရဲ့ရှေ့ဆိုက်ပေါ့။ အိန္ဒိယနဲ့မြန်မာနဲ့ အဲဒီလမ်းစီမံကိန်း ဖြစ်မယ်။”

ကုလားတန်စီမံကိန်းဝန်ထမ်းတွေ ဖမ်းဆီးထားမှုနဲ့ ပတ်သက်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရခိုင်သုခကတော့

“ဒီငွေဒင်္ဂါးတွေဘာတွေယူပြီးတော့မှ သူတို့လွှတ်လိုက်တယ်တို့ဘာတို့ စွပ်စွဲထားတယ်။ ကျနော်တို့မှာတော့ အဲဒီလိုမျိုး ညွှန်ကြားထားတယလုံးဝမရှိဘူး။ ဒီလိုမျိုးတစုံတယောက်ကလုပ်လို့ရှိရင်လည်း ပြင်းပြင်းထန်ထန်အရေး ယူ ခံရမှာ။”

ပလက်ဝဆိပ်ခံတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ သဘောတူညီချက်နဲ့ တည်ဆောက် အကောင်အထည်ဖော်နေတဲ့ ကုလားတန်ဘက်စုံသုံးစီမံကိန်းရဲ့အစိတ်အပိုင်း တခုဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တုန်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းအပါဝင် ကုလားတန်ဖွံ့ဖြိုး ရေးစီမံကိန်းဝန်ထမ်းအိန္ဒိယ အမျိုးသား ငါးဦး စကားပြန် နှစ်ဦးနဲ့ စက်လှေသမားနှစ်ဦး စုစုပေါင်း ၁၀ ကို AA အဖွဲ့ကနေ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာပြန်လွှတ်ပေးခဲ့ပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ကုလားတန်မြစ်ကူးတံတားကို ဒီနှစ် ဖေဖော်ဝါရီလမှာ ဖွင့်လှစ်ဖို့ လျာထားပေမဲ့ နှောက်ယှက်မှုတွေကြုံနေရလို့ သတ်မှတ်ကာလအတွင်း မဖွင့်လှစ်နိုင်ဘူးလို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။

မနေ့ကလည်း ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီးနဲ့ ရေချမ်းဝကျေးရွာဘက်ကို မြန်မာစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်မှုကြောင့် ကလေး နှစ်ဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ နဲ့ ၁၅ ရက်နေ့တုန်းကလည်း လေကြောင်းပစ်ခတ်မှုကြောင့် မိတ်စာဝရွာ ဝက်မရွာနဲ့ ပြိုင်တိန်းရွာကရွာသား ၂၁ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့သလို ရွာသား ၂,၄၀၀ ကျော် ဆမီးမြို့မှာ စစ်ဘေးတိမ်းရှောင်နေရဆဲ အခြေအနေမှာ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG