သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနယ်စပ် မိုးရေးမြို့အနီး မြန်မာဒုက္ခသည်ယာယီစခန်း ဖွင့်မည်


အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် မိုးရေးမြို့နဲ့မြန်မာပြည်နယ်စပ်က ချစ်ကြည်ရေးတံတား။ (ဇန်နဝါရီ ၂၅၊ ၂၀၁၂)
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် မိုးရေးမြို့နဲ့မြန်မာပြည်နယ်စပ်က ချစ်ကြည်ရေးတံတား။ (ဇန်နဝါရီ ၂၅၊ ၂၀၁၂)

{{Zawgyi/Unicode}}

အိန္ဒိယ-မြန်မာနယ်စပ်မြို့ မိုးရေးအနီးမှာ ဒုက္ခသည် ၅,၀၀၀ ဝန်းကျင်ကို ထားနိုင်တဲ့ ယာယီစခန်းတခုကို မဏိပူရပြည်နယ်အစိုးရကဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယအခြေစိုက် IFP သတင်းဌာနက ဆိုပါတယ်။

ပြည်နယ်ဝန်ကြီးတွေပါဝင်တဲ့ ဆပ်ကော်မီတီတခုကို ပြည်နယ်ဝန်ကြီးချုပ် N Biren Singh က ဖွဲ့စည်းပေးပြီးတဲ့နောက် ကော်မီတီဝင် ဝန်ကြီး သုံးယောက်အဖွဲ့ဟာ မိုးရေးမြို့အနီးကနေရာတွေကို သွားရောက်ကြည့်ရှုကြပြီး ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွင်းက စစ်အခြေအနေငြိမ်သွားတဲ့အခါ ဒုက္ခသည်တွေကို ပြန်ပို့မှာ ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် Letpao Haokip က မီဒီယာတွေကို ပြောပါတယ်။

မြန်မာဒုက္ခသည်တွေထဲမှာ မြန်မာလွှတ်တော်အမတ် Thangsel Haokip လည်းပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ မြန်မာစစ်တပ်နဲ့ ပီဒီအက်ဖ် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေသမျှ အိန္ဒိယနယ်မြေအတွင်းမှာ ခိုလှုံလိုပါတယ်လို့ မဏိပူရဝန်ကြီးများအဖွဲ့ကိုပြောခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ဒုက္ခသည်တွေဆီက ကိုယ်ရေးဆိုင်ရာအချက်အလက်တွေ ကိုယူထားပြီး ဒုက္ခသည်မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးထားမှာ ဖြစ်ပါတယ်။

ချထားတဲ့စည်းကမ်းတွေကိုလိုက်နာပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူတွေကိုသာ စခန်းမှာ ခိုလှုံခွင့်ပေးထားမှာဖြစ်တယ်လို့ မဏိပူရ ဝန်ကြီးများအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။ နေရေးထိုင်ရေးအတွက် အခြေခံလိုအပ်ချက်တွေ စခန်းမှာပေးထားမှာဖြစ်ပြီး မရှိမဖြစ် ပစ္စည်းတွေကို ပံ့ပိုးပေးမှာဖြစ်တယ်လို့ မဏိပူရတာဝန်ရှိသူတွေက ဆိုပါတယ်။ လုံခြုံရေးဝန်ထမ်းတွေတွေကိုလည်း ချထားပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုဌာနကိုလည်း ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==========

{{Unicode}}






XS
SM
MD
LG