သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘိကၡဳနီသာသနာ ျပန္လည္ ထြန္းကားေရး ႀကိဳးပမ္းသူမ်ား (အပိုင္း-၁)


ဗုဒၶဘာသာမွာ အမ်ိဳးသမီးေတြ အေနနဲ႔ အမ်ိဳးသားေတြနဲ႔ တန္းတူ ရဟန္းခံခြင့္ ရဖို႔ ႀကိဳးစားၾကတဲ့အခါ ဘယ္လို အဟန္႔အတား၊ စိန္ေခၚမႈေတြ ရွိေနပါလဲ။ ဒါေတြကို ဘယ္လို ေက်ာ္ျဖတ္ ရင္ဆိုင္ေနၾကပါလဲ။ ႏိုင္ငံတခ်ိဳ႕မွာ ဘိကၡဳနီသာသနာ ျပန္လည္ ထြန္းကားေရး ႀကိဳးပမ္းေနၾကတဲ့အေၾကာင္းကို အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြး တင္ဆက္ထားပါတယ္။

[Zawgyi/Unicode]
ဗုဒၶသာသနာမွာ အမ်ိဳးသမီးေတြ ရဟန္းဘ၀ ခံယူခြင့္ ဘိကၡဳနီသာသနာ တခ်ိန္က ရွိခဲ့ဖူးေပမဲ့၊ ေနာက္ပိုင္း ဒီအစဥ္အလာ ေပ်ာက္ကြယ္ သြားခဲ့ၿပီးတဲ့ေနာက္ ႏွစ္ေပါင္း ၁,၀၀၀ ေလာက္အၾကာ အခုအခါ ဒီသာသနာ ျပန္လည္ ထြန္းကားေရး ႀကိဳးပမ္းသူေတြ ရွိလာပါတယ္။ ကမ႓ာေပၚမွာ ေရွးအက်ဆံုး ကိုးကြယ္ယံုၾကည္မႈ ဘာသာတရားေတြထဲက တခုျဖစ္တဲ့ ဗုဒၶဘာသာမွာ အမ်ိဳးသမီးေတြ အေနနဲ႔ အမ်ိဳးသားေတြနဲ႔ တန္းတူ ရဟန္းဘ၀ ခံယူခြင့္ရဖို႔ ႀကိဳးစားၾကတဲ့အခါ ဘယ္လို အဟန္႔အတား၊ စိန္ေခၚမႈေတြ ရွိေနပါလဲ။ ဒါေတြကို ဘယ္လို ေက်ာ္ျဖတ္ ရင္ဆိုင္ေန ၾကပါလဲ။ ကမ႓ာ့ႏိုင္ငံတခ်ိဳ႕မွာ ဘိကၡဳနီသာသနာ ျပန္လည္ ထြန္းကားေရး ႀကိဳးပမ္းေနၾကတဲ့ အေၾကာင္း အပိုင္းခြဲ တင္ျပ သြားမယ့္ အထဲက အခု ပထမဆံုး အပိုင္း (၁) ကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ေထာင္နဲ႔ခ်ီ ဗုဒၶဘုရားရွင္ သက္ေတာ္ထင္ရွား ရွိစဥ္က အမ်ိဳးသမီးေတြ ရဟန္းခံခြင့္ျပဳတဲ့ ဘိကၡဳနီ သာသနာ ထြန္းကားခဲ့ဖူး ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ အေၾကာင္း အမ်ိဳးမ်ိးေၾကာင့္ ဒီသာသနာ ကြယ္ေပ်ာက္သြားခဲ့ၿပီး အဲ့ဒီလို ကြယ္ေပ်ာက္ၿပီး ႏွစ္ေပါင္း ၁,၀၀၀ ေလာက္အၾကာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တြင္း ဘိကၡဳနီ သာသနာ ျပန္လည္ ထြန္းကားေရး အမ်ိဳးသမီးေတြ ႀကိဳးပမ္းလာခဲ့ၾကပါတယ္။

ဒီလို ဘိကၡဳနီ သာသနာ ျပန္႔ပြားေရး ႀကိဳးပမ္းေနသူေတြထဲမွာ အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယား ျပည္နယ္မွာရွိတဲ့ Dhammadharini ဘုန္းႀကီးေက်ာင္းကို တည္ေထာင္ခဲ့ၿပီး လက္ရွိမွာလည္း ဒီေက်ာင္းရဲ႕ေက်ာင္းထိုင္ျဖစ္တဲ့ ဘိကၡဳနီရဟန္း သတၱေလာက မဟာသိရီ လည္း ပါ ပါတယ္။ သူကေတာ့ ဆယ္ေက်ာ္သက္ အရြယ္ တကၠသိုလ္ေက်ာင္း တက္ေနတဲ့အခ်ိန္၊ လူတေယာက္ ထံကေန ဗုဒၶရဲ႕ တရားေတာ္ တခ်ိဳ႕ကို နာၾကားခြင့္ ရခဲ့ၿပီး အဲ့ဒီအခ်ိန္တည္းက ဗုဒၶရဲ႕ တရားေတာ္ေတြေနာက္ လိုက္ပါ ရွာမီးရင္း ဘိကၡဳနီ သာသနာထဲ ၀င္ေရာက္ခဲ့တဲ့ အေၾကာင္း မိန္႔ၾကားပါတယ္။

“သစၥာေလးပါး တရားေတာ္ အေၾကာင္း ၾကားရခ်ိန္မွာ ဒီတရား ေနာက္ကို လိုက္ပါသြားခဲ့ပါတယ္။ ဒီတရား နာ ရခ်ိန္မွာ ကမၻာၾကီး တခုလံုး ရပ္တန္႔ သြားသလို ခံစားရျပီး ဒီတရားေတာ္မွာပဲ စိတ္ အျပည့္ထားၿပီး အာ႐ံုစူးစိုက္ နာၾကားခဲ့တာပါပဲ။”

အဲ့ဒီလို ဗုဒၶ တရားေတာ္ေတြကို နာယူ မွတ္ၾကားရင္း မိသားစု မိတ္ေဆြ တေယာက္က သူ ထိုင္းႏုိင္ငံကို သြားေရာက္ျပီး ရဟန္း ၃ လ ခံယူခဲ့တဲ့အေၾကာင္း ဘိကၡဳနီရဟန္း သတၱေလာက မဟာသိရီ သိခဲ့ရပါတယ္။အဲ့ဒီမိတ္ေဆြ လိုပဲ သူလည္းရဟန္းဘ၀ ခံယူၿပီး တရားအားထုတ္ ခ်င္ခဲ့တယ္လို႔ ဘိကၡဴနီရဟန္း မဟာသီရိ က မိန္႔ပါတယ္။

“အဲ့ဒီအခ်ိန္မွာ ဆယ္ေက်ာ္သက္ တေယာက္ အေနနဲ႔ အဲ့ဒီ မိတ္ေဆြကို သူ႔လိုပဲ ကိုယ္ေရာ သာသနာ့ေဘာင္ကို ဝင္လို႔ ရမလားေပါ့။ ရဟန္းဝတ္ခ်င္တယ္လို႔ ေျပာေတာ့ သူက အမ်ိဳးသားမို႔ ရဟန္း တက္ခြင့္ရတာ ျဖစ္တယ္။ အမ်ိဳးသမီးေတြ ကတာ့ ရဟန္းေဘာင္ ဝင္လို႔ရမယ္လို႔ သူ မထင္ဘူးလို႔ ေျပာပါတယ္။ အဲ့ဒီေတာ့ အရွင္ဘုရားကလည္း ေနပါဦး.. မူရင္း သာသနာမွာ ဘိကၡဳ ရဟန္း ေရာ၊ ဘိကၡဳနီ ရဟန္းမ ေရာ တန္းတူ ရဟန္းဘ၀ ခံယူခြင့္ ရွိခဲ့တာပဲ။ ဒီအေျခအေန ဘာေၾကာင့္ ေျပာင္းသြားခဲ့သလဲ ေတြးပါတယ္။ ဒါကို နားလည္ဖို႔ ဘဝရဲ႕ အခ်ိန္ အမ်ားစု ေပးၿပီး ေလ့လာ ျဖစ္ခဲ့ပါတယ္။”

အေမရိကန္ျပည္ေထာင္စုမွာ အရွင္ သတၱေလာက မဟာသိရီ တို႔လို ဘိကၡဳနီ တခ်ိဳ႕ ခုခ်ိန္မွာ ရွိသလို၊ ျမန္မာ့ အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာေတာ့ သုန္ဓမၼကလ်ာနီ ဘိကၡဳနီေက်ာင္းရဲ႕ လက္ရွိ ေက်ာင္းထိုင္ ဓမံၼနႏၵ ဟာ ထိုင္းႏိုင္ငံရဲ႕ ပထမဆံုး ဘိကၡဳနီရဟန္း ျဖစ္ပါတယ္။ သူဟာ ႏိုင္ငံရပ္ျခားမွာ ဗုဒၶဘာသာကို အထူးျပဳ ေလ့လာၿပီး တကၠသိုလ္ဘြဲ႔ယူ ခဲ့တဲ့ ထိုင္းႏိုင္ငံရဲ႕ ပထမဆံုး အမ်ိဳးသမီးလည္း ျဖစ္ပါတယ္။

“ကေနဒါနဲ႔ အိႏိၵယႏိုင္ငံေတြမွာ တကၠသိုလ္ဘြဲ႔ေတြ ယူခဲ့ပါတယ္။ သီလရွင္ေတြ လိုက္နာရတဲ့ သာသနာ့ စည္းကမ္းေတြ အေၾကာင္းကို ႏိႈင္းယွဥ္ေလ့လာတဲ့ စာတမ္းေတြ ျပဳစု ခဲ့ပါတယ္။”

သူ႔ရဲ႕ မယ္ေတာ္ ကေတာ့ ထိုင္းႏိုင္ငံရဲ႕ ပထမဆံုး မဟာယန သီလရွင္ တပါး ျဖစ္ၿပီး သီလရွင္ေက်ာင္း တေက်ာင္းကို ဦးေဆာင္ လည္ပတ္ခဲ့ သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ အရွင္ ဓမၼံနႏၵ ကိုလည္း မယ္ေတာ္ျဖစ္သူက သူ မရွိတဲ့ေနာက္ပိုင္းမွာ သူ႔ရဲ႕ သီလရွင္ေက်ာင္းကို ဆက္ၿပီး ထိန္းသိမ္းေစ ခ်င္ခဲ့တာပါ။ ဒါေပမဲ့ အဲ့ဒီအခ်ိန္က သာသနာ့ေဘာင္မွာ အျပည့္အ၀ ႁမွဳပ္ႏွံဖို႔ အဆင္သင့္ မျဖစ္ခဲ့တာေၾကာင့္ သီလရွင္ မ၀တ္ခဲ့သလို၊ သမာဆက္ တကၠသိုလ္ရဲ႕ ဒႆနိက နဲ႔ ဘာသာေရး ဌာန မွာ တကၠသိုလ္ ဆရာမ အျဖစ္ ၂၇ ႏွစ္ၾကာ လုပ္ခဲ့ပါတယ္။

“အဲ့ဒီအခ်ိန္မွာ အရွင္ဘုရားက ဓမၼ သင္တန္းေတြကိုလည္း ပို႔ခ်ခဲ့ပါတယ္။ အဲ့ဒီမတိုင္ခင္ အခ်ိန္တုန္းကေတာ့ အဲ့ဒီလို ႐ုပ္သံကေန တရားဓမၼ ပို႔ခ်တာကို အမ်ိဳးသားရဟန္းေတြ ကပဲ လုပ္ခဲ့တာပါ။ အဲ့ဒီလို အေျခအေနမ်ိဳးကိုလည္း အားလံုးက ေနသား က်ေနတာပါ။ ဒါေပမဲ့ တရက္မွာေတာ့ သင္တန္းအတြက္ မိတ္ကပ္လိမ္းေနတဲ့ အခ်ိန္၊ ကိုယ့္ကိုယ္ကို မွန္ထဲမွာ ျပန္ ျမင္ေနရင္း ေမးခြန္း တခု ေပၚလာတယ္။ ငါ ဒါမ်ိဳး ဘယ္ေလာက္ၾကာၾကာ ဆက္ လုပ္ေနမွာလဲ ဆိုတဲ့ အေတြးနဲ႔ ကိုယ့္ဖာသာ မင္သက္ေန မိပါတယ္။ အဲ့ဒီအခိုက္အတန္႔ ကေတာ့ ဆံုးျဖတ္ခ်က္ တခု ခ်ဖို႔အခ်ိန္ ျဖစ္ခဲ့တာပါပဲ။”

အဲ့ဒီဆံုးျဖတ္ခ်က္နဲ႔ပဲ ဘိကၡဳနီ သာသနာထဲ သူ ၀င္ခဲ့တာပါ။ ဗုဒၶ ကိုယ္ေတာ္တိုင္က အမ်ိဳးသားရဟန္းနဲ႔ အမ်ိဳးသမီးရဟန္းမ ဘိကၡဳ နဲ႔ ဘိကၡဳနီ ဆိုၿပီး ႏွစ္မ်ိဳးစလံုးကို လက္ခံခဲ့တယ္ ဆိုတာ ေရွးေဟာင္း ဗုဒၶဘာသာ က်မ္းေတြမွာ ေဖာ္ျပထားတာ ေတြ႔ႏိုင္တယ္လို႔ ဒီ ဘိကၡဳနီေတြက မိန္႔ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁,၀၀၀ ၀န္းက်င္ေလာက္အထိ ဘိကၡဳနီ သာသနာ ထြန္းကားခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့၊ အထူးသျဖင့္ ေထရဝါဒ ဗုဒၶဘာသာ ႏိုင္ငံေတြျဖစ္တဲ့ သီရိလကၤာ နဲ႔ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာ ဒီသာသနာ ကြယ္ေပ်ာက္သြား ခဲ့ပါတယ္။

“အရွင္ဘုရားက ငယ္ဘ၀မွာပဲ ဗုဒၶဘာသာထဲ ၀င္ခဲ့တာပါ။ အဲ့ဒီအခ်ိန္က ေထရဝါဒ ဗုဒၶဘာသာမွာ ဘိကၡဳနီ ဆိုတာ မရွိသေလာက္ ပါပဲ။ ေတာင္နဲ႔ ေတာင္အာရွ ႏိုင္ငံေတြမွာ ေထရဝါဒ လမ္းစဥ္နဲ႔အညီ က်င့္ၾကံတဲ့ အမ်ိဳးသမီး ဘိကၡဳနီ တခ်ိဳ႕ ရွိေပမဲ့၊ သူတို႔ဟာ အေရွ႕အာရွ ဗုဒၶဘာသာ လမ္းစဥ္ကိုယူၿပီး ဘိကၡဳနီရဟန္း ခံၾကရပါတယ္။ သူတို႔ အတြက္ ဘိကၡဳနီ ရဟန္းအျဖစ္ ခံယူဖို႔က အဲ့ဒီအခ်ိန္မွာ အဲ့ဒီနည္းပဲ ရွိပါတယ္။”

ဒါေၾကာင့္ ၁၉၉၆ ခုႏွစ္နဲ႔ ၁၉၉၈ ခုႏွစ္ေတြမွာ သီရိလကၤာ၊ အိႏိၵယနဲ႔ တျခားႏိုင္ငံေတြက အမ်ိဳးသမီး အေတာ္မ်ားမ်ားဟာ ဘိကၡဳနီရဟန္း ၀တ္ခ်င္ရင္ အေရွ႕အာရွ ဗုဒၶဘာသာ လမ္းစဥ္နဲ႔ အညီသာ ၀တ္ၾကရပါတယ္။ အဲ့ဒီလို ၀တ္ဖို႔အတြက္ အိႏိၵယႏိုင္ငံကို သြားၾကရပါတယ္။ ၁၉၉၈ ခုႏွစ္ မွာမွ သီရိလကၤာ ႏိုင္ငံမွာ ေထရဝါဒ လမ္းစဥ္နဲ႔အညီ ဘိကၡဳနီ ရဟန္း၀တ္ခြင့္ ရရွိလာခဲ့ပါတယ္။

ဒီလို ခြင့္ျပဳခ်က္ ရလာၿပီးတဲ့ေနာက္ ၂၀၀၂ ခုႏွစ္နဲ႔၂၀၀၃ ခုႏွစ္ ကာလေတြမွာေတာ့ထိုင္း၊ ျမန္မာ၊ ဗီယက္နမ္စတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြကဘိကၡဳနီရဟန္း ၀တ္ခ်င္တဲ့ အမ်ိဳးသမီးေတြဟာ သိရိလကၤာ ႏိုင္ငံကိုသြားေရာက္ၿပီး ရဟန္းခံၾကရပါတယ္။

ဘိကၡဳနီ ရဟန္းဘ၀ ခံယူဖို႔ဆံုးျဖတ္ထားတဲ့ ဘိကၡဳနီရဟန္း ဓမၼံနႏၵ လည္း အဲ့ဒီအခ်ိန္က သာမန္အမ်ိဳးသမီး Chatsumarn Kabilsingh ဘ၀ နဲ႔ ၂၀၀၁ခုႏွစ္မွာ သီရိလကၤာ ႏိုင္ငံကို သြားေရာက္ ခဲ့ပါတယ္။

ေနာက္ ၂ ႏွစ္အၾကာ ၂၀၀၃ ခုႏွစ္မွာ သူဟာ ထိုင္းႏိုင္ငံရဲ႕ ပထမဆံုး ဘိကၡဳနီရဟန္း ျဖစ္လာပါတယ္။ ဒါေပမဲ့ ဒီအေပၚ တံု႔ျပန္မႈေတြ ကေတာ့ ျပင္းထန္ခဲ့ပါတယ္။ သတင္းစာတခုက သူ႔အေၾကာင္းကို ၂ လေလာက္ ေရးသား ေဖာ္ျပခဲ့သလို၊ အဆိုးျမင္ တံု႔ျပန္မႈေတြ အမ်ားအျပား ရွိခဲ့တယ္လို႔ အရွင္ ဓမၼံနႏၵက သူ႔အေတြ႕အၾကံဳကို မိန္႔ပါတယ္။

ဗုဒၶ ဘုရားရွင္လက္ထက္က ဘိကၡဳ (ရဟန္း) ၊ ဘိကၡဳနီ (ရဟန္းမ)၊ ဥပါသကာ(ဒကာ)၊ ဥပါသိကာမ(ဒကာမ)ဆိုၿပီး ေလးမ်ိဳး ရွိခဲ့ေပမဲ့ေထရဝါဒ ဗုဒၶသာသနာ ထြန္းကားတဲ့သူ႔ေမြးရပ္ေျမ ထိုင္း ႏိုင္ငံမွာေတာ့ အမ်ိဳးသမီးေတြ ဘိကၡဳနီရဟန္း ခံခြင့္ ျငင္းပယ္ခံေနရ တုန္းပဲလို႔ အရွင္ ဓမၼံနႏၵကမိန္႔ပါတယ္။

“အမ်ိဳးသမီးေတြ အတြက္ကဘာသာေရးမွာ သူတို႔စံထားႏိုင္သူ မရွိဘဲျဖစ္ေနပါတယ္။ တကယ္ေတာ့ အဲ့ဒီလိုရွိဖို႔က အင္မတန္ အေရးႀကီး ပါတယ္။”

ထိုင္းႏိုင္ငံမွာ သံဃာ့အဖြဲ႔အစည္းကို Council of Elders လို႔ေခၚတဲ့သက္ႀကီးဝါႀကီးေတြ အဖြဲ႔ကအဓိက ထိန္းခ်ဳပ္တာ ျဖစ္ၿပီးဒီအဖြဲ႔ရဲ႕ အဆံုးအျဖတ္ကို အားလံုးကခံယူၾကရတာ ျဖစ္တယ္လို႔လည္း အရွင္ဓမၼံနႏၵက မိန္႔ပါတယ္။

“အရွင္ဘုရားတို႔ ရဟန္းမအျဖစ္ ခံယူတာကို ဒီသက္ႀကီးဝါႀကီး ေကာင္စီက လက္မခံဘူးလို႔ ထုတ္ျပန္ပါတယ္။ ဒီလိုလက္မခံတဲ့ အတြက္ အစိုးရကလည္း အရွင္ဘုရားတို႔ကို အသိအမွတ္ မျပဳပါဘူး။”

ထိုင္းႏိုင္ငံမွာ ၁၉၂၈ခုႏွစ္ကစလို႔ ဘိကၡဳနီ ရဟန္း၀တ္ခ်င္တဲ့ အမ်ိဳးသမီးေတြကို ရဟန္းသံဃာေတြက ရဟန္း တက္ခြင့္မျပဳရဘူးလို႔ သံဃာ့ေကာင္စီ ကတားျမစ္ထားတာပါ။ ဒါေၾကာင့္ထိုင္းႏိုင္ငံမွာ အမ်ိဳးသမီးေတြအေနနဲ႔ ဘိကၡဳနီ ရဟန္း၀တ္ခြင့္ ရဖို႔ ခက္ခက္ခဲခဲၾကိဳးပမ္း ၾကရပါတယ္။ အတားအဆီးအခက္အခဲေတြ ၾကားကပဲ ဘိကၡဳနီသာသနာ ျပန္လည္ ထြန္းကားေရးအတြက္ ထိုင္းအမ်ိဳးသမီးေတြ ႀကိဳးပမ္း ေနတာကိုကိုယ္တိုင္ ေတြ႕ခဲ့တဲ့ ဘိကၡဳနီ မဟာမိတ္အဖြဲ႔Alliance for Bhikkhunis ကို တည္ေထာင္ခဲ့သူ Susan Pembroke က ခုလို ေျပာျပပါတယ္။

“သူတို႔နဲ႔ ေတြ႔တဲ့အခ်ိန္ ထိုင္းႏိုင္ငံက အေျခအေနကို သိရတဲ့အခါ မယံုႏိုင္ေလာက္ေအာင္ ျဖစ္ခဲ့ပါတယ္။ ဘိကၡဳနီ သာသနာ ျပန္လည္ ထြန္းကားဖို႔ သူတို႔ဘယ္ေလာက္ေတာင္ ႀကိဳးစား ေနၾကရသလဲ ဆိုတာကို က်မ စသိလာခဲ့ရပါတယ္။ ထိုင္းဘိကၡဳနီ အေတာ္မ်ားမ်ားဟာ သိပ္မၾကာခင္ကမွ ဘိကၡဳနီရဟန္း၀တ္ခြင့္ ရထားသူေတြပါ။ ထိုင္းႏိုင္ငံမွာ ဘိကၡဳနီ ရဟန္းေဘာင္ ၀င္တယ္ဆိုတဲ့ ကိစၥက ခုမွအစပိ်ဳးေနခ်ိန္ ျဖစ္ပါတယ္။ ဆိုေတာ့ တင္းမာမႈေတြလည္း ရွိေနဆဲပါပဲ။”

ဘိကၡဳနီသာသနာ ျပန္႔ပြားေရး ႀကိဳးပမ္းသူေတြအတြက္ သူတို႔ေနထိုင္တဲ့ ေနရာ ေဒသေပၚ မူတည္ၿပီး အခက္အခဲေတြ ၾကံဳၾကရတာ ေတြ႕ရတယ္လို႔လည္း သူက ေျပာျပပါတယ္။ သူ ပထမဆံုး ေတြ႕ဆံုခဲ့တဲ့ ဘိကၡဳနီရဟန္း ဧရာေခမ ကေတာ့ ၾသဇာ အရွိန္အဝါႀကီးတဲ့ ဘိကၡဳနီ တပါးျဖစ္ၿပီး ဂ်ာမနီ ႏိုင္ငံမွာ တရားစခန္း တခု ဖြင့္ထားသလို၊ သိရီလကၤာ ႏိုင္ငံမွာလည္း သီလရွင္ေက်ာင္း တေက်ာင္း ဖြင့္ထားသူပါ။ အမ်ိဳးသမီးေတြ ဘိကၡဳနီရဟန္း၀တ္တာကို ကူညီေပးတဲ့ ႏိုင္ငံတကာ အဖြဲ႔အစည္း စႀကၤဒီတ (Sakyadhita) ကို တည္ေထာင္သူေတြထဲမွာ ပါတဲ့ ထင္ရွားတဲ့ ဘိကၡဳနီ တပါးလည္းျဖစ္ပါတယ္။ ဒီလို ၾသဇာ အရွိန္ႀကီးမားတဲ့၊ အမ်ား ၾကည္ညိဳ ေလးစား ေထာက္ခံတဲ့ ဘိကၡဳနီတခ်ိဳ႕ ရွိသလို၊ တခ်ိန္တည္းမွာလည္း ဘိကၡဳနီအျဖစ္ ခက္ခက္ခဲခဲ ရပ္တည္ေနရတဲ့ ထိုင္းႏိုင္ငံက အမ်ိဳးသမီးေတြကိုေတြ႕ရတဲ့အခါ သူ႔အတြက္ မယံုႏိုင္စရာ အေျခအေန၊ စဥ္းစားစရာေတြ ျဖစ္ခဲ့ရတယ္လို႔Susan Pembroke က ေျပာပါတယ္။

“ကိုယ့္ကိုယ္ကို ဗုဒၶဘာသာ၀င္ပါလို႔ ေျပာေနတဲ့သူေတြ အေနနဲ႔ဒီလို အေျခအေနမ်ိဳးကို ဘယ္လိုမ်ား လက္ခံထားၾကတာလဲ။ ဗုဒၶရဲ႕ လမ္းစဥ္ ရည္ရြယ္ခ်က္ကို သူတို႔မွားယြင္း ေကာက္ယူေနတယ္ ဆိုတာကို မသိၾကေတာ့ဘူးလား။”

Susan Pembroke က ခုလိုေမးခြန္းထုတ္ေပမဲ့လည္း ဘိကၡဳနီ သာသာနာကို လက္မခံသူေတြ ကေတာ့ အမ်ားအျပား ရွိေနဆဲပါ။ ဒီလို လက္မခံၾကသူေတြ အမ်ားစု ရွိေနတဲ့ ႏိုင္ငံေတြမွာ အမ်ိဳးသမီးေတြ အေနနဲ႔ ဘိကၡဳနီ သာသနာ ထြန္းကားေရး ဘယ္လို ဆက္ၿပီး ႐ုန္းကန္ေနၾကရသလဲ။ သာမန္ ပုထုစဥ္လူသားေတြ ၾကားမွာေရာ ဘိကၡဳနီရဟန္းမေတြအေပၚ အားေပး ေထာက္ခံမႈ ဘယ္လိုရွိလဲ။ ဘိကၡဳနီ သာသနာ ထြန္းကားေရး ႀကိဳးပမ္းေနသူေတြရဲ႕ ယံုၾကည္ခ်က္၊ အနာဂတ္ ေမွ်ာ္မွန္းခ်က္ေတြ အေကာင္အထည္ ေပၚဖို႔ နီးစပ္လာၿပီလား။ အလားအလာ ဘာေတြ ရွိေနသလဲ ဆိုတာ ေတြကိုေတာ့ ေရွ႕သီတင္းပတ္ အမ်ိဳးသမီးက႑မွာ ဆက္လက္ တင္ျပေပးသြားပါမယ္။ အခ်ိန္အကန္႔အသတ္ ရွိတာမို႔ ဒီသီတင္းပတ္ အစီအစဥ္ကိုကေတာ့ ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြး ပါရွင္။
=========================
[Unicode]
ဘိက္ခုနီသာသနာ ပြန်လည် ထွန်းကားရေး ကြိုးပမ်းနေသူများ

ဗုဒ္ဓသာသနာမှာ အမျိုးသမီးတွေ ရဟန်းဘ၀ ခံယူခွင့် ဘိက္ခုနီသာသနာ တချိန်က ရှိခဲ့ဖူးပေမဲ့၊ နောက်ပိုင်း ဒီအစဉ်အလာ ပျောက်ကွယ် သွားခဲ့ပြီးတဲ့နောက် နှစ်ပေါင်း ၁,၀၀၀ လောက်အကြာ အခုအခါ ဒီသာသနာ ပြန်လည် ထွန်းကားရေး ကြိုးပမ်းသူတွေ ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေထဲက တခုဖြစ်တဲ့ ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေ အနေနဲ့ အမျိုးသားတွေနဲ့ တန်းတူ ရဟန်းဘ၀ ခံယူခွင့်ရဖို့ ကြိုးစားကြတဲ့အခါ ဘယ်လို အဟန့်အတား၊ စိန်ခေါ်မှုတွေ ရှိနေပါလဲ။ ဒါတွေကို ဘယ်လို ကျော်ဖြတ် ရင်ဆိုင်နေ ကြပါလဲ။ ကမ္ဘာ့နိုင်ငံတချို့မှာ ဘိက္ခုနီသာသနာ ပြန်လည် ထွန်းကားရေး ကြိုးပမ်းနေကြတဲ့ အကြောင်း အပိုင်းခွဲ တင်ပြ သွားမယ့် အထဲက အခု ပထမဆုံး အပိုင်း (၁) ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်နဲ့ချီ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က အမျိုးသမီးတွေ ရဟန်းခံခွင့်ပြုတဲ့ ဘိက္ခုနီ သာသနာ ထွန်းကားခဲ့ဖူး ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အကြောင်း အမျိုးမျိးကြောင့် ဒီသာသနာ ကွယ်ပျောက်သွားခဲ့ပြီး အဲ့ဒီလို ကွယ်ပျောက်ပြီး နှစ်ပေါင်း ၁,၀၀၀ လောက်အကြာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွင်း ဘိက္ခုနီ သာသနာ ပြန်လည် ထွန်းကားရေး အမျိုးသမီးတွေ ကြိုးပမ်းလာခဲ့ကြပါတယ်။

ဒီလို ဘိက္ခုနီ သာသနာ ပြန့်ပွားရေး ကြိုးပမ်းနေသူတွေထဲမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ Dhammadharini ဘုန်းကြီးကျောင်းကို တည်ထောင်ခဲ့ပြီး လက်ရှိမှာလည်း ဒီကျောင်းရဲ့ကျောင်းထိုင်ဖြစ်တဲ့ ဘိက္ခုနီရဟန်း သတ္တလောက မဟာသိရီ လည်း ပါ ပါတယ်။ သူကတော့ ဆယ်ကျော်သက် အရွယ် တက္ကသိုလ်ကျောင်း တက်နေတဲ့အချိန်၊ လူတယောက် ထံကနေ ဗုဒ္ဓရဲ့ တရားတော် တချို့ကို နာကြားခွင့် ရခဲ့ပြီး အဲ့ဒီအချိန်တည်းက ဗုဒ္ဓရဲ့ တရားတော်တွေနောက် လိုက်ပါ ရှာမီးရင်း ဘိက္ခုနီ သာသနာထဲ ဝင်ရောက်ခဲ့တဲ့ အကြောင်း မိန့်ကြားပါတယ်။

“သစ္စာလေးပါး တရားတော် အကြောင်း ကြားရချိန်မှာ ဒီတရား နောက်ကို လိုက်ပါသွားခဲ့ပါတယ်။ ဒီတရား နာ ရချိန်မှာ ကမ္ဘာကြီး တခုလုံး ရပ်တန့် သွားသလို ခံစားရပြီး ဒီတရားတော်မှာပဲ စိတ် အပြည့်ထားပြီး အာရုံစူးစိုက် နာကြားခဲ့တာပါပဲ။”

အဲ့ဒီလို ဗုဒ္ဓ တရားတော်တွေကို နာယူ မှတ်ကြားရင်း မိသားစု မိတ်ဆွေ တယောက်က သူ ထိုင်းနိုင်ငံကို သွားရောက်ပြီး ရဟန်း ၃ လ ခံယူခဲ့တဲ့အကြောင်း ဘိက္ခုနီရဟန်း သတ္တလောက မဟာသိရီ သိခဲ့ရပါတယ်။အဲ့ဒီမိတ်ဆွေ လိုပဲ သူလည်းရဟန်းဘ၀ ခံယူပြီး တရားအားထုတ် ချင်ခဲ့တယ်လို့ ဘိက္ခူနီရဟန်း မဟာသီရိ က မိန့်ပါတယ်။

“အဲ့ဒီအချိန်မှာ ဆယ်ကျော်သက် တယောက် အနေနဲ့ အဲ့ဒီ မိတ်ဆွေကို သူ့လိုပဲ ကိုယ်ရော သာသနာ့ဘောင်ကို ဝင်လို့ ရမလားပေါ့။ ရဟန်းဝတ်ချင်တယ်လို့ ပြောတော့ သူက အမျိုးသားမို့ ရဟန်း တက်ခွင့်ရတာ ဖြစ်တယ်။ အမျိုးသမီးတွေ ကတာ့ ရဟန်းဘောင် ဝင်လို့ရမယ်လို့ သူ မထင်ဘူးလို့ ပြောပါတယ်။ အဲ့ဒီတော့ အရှင်ဘုရားကလည်း နေပါဦး.. မူရင်း သာသနာမှာ ဘိက္ခု ရဟန်း ရော၊ ဘိက္ခုနီ ရဟန်းမ ရော တန်းတူ ရဟန်းဘ၀ ခံယူခွင့် ရှိခဲ့တာပဲ။ ဒီအခြေအနေ ဘာကြောင့် ပြောင်းသွားခဲ့သလဲ တွေးပါတယ်။ ဒါကို နားလည်ဖို့ ဘဝရဲ့ အချိန် အများစု ပေးပြီး လေ့လာ ဖြစ်ခဲ့ပါတယ်။”

အမေရိကန်ပြည်ထောင်စုမှာ အရှင် သတ္တလောက မဟာသိရီ တို့လို ဘိက္ခုနီ တချို့ ခုချိန်မှာ ရှိသလို၊ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ သုန်ဓမ္မကလျာနီ ဘိက္ခုနီကျောင်းရဲ့ လက်ရှိ ကျောင်းထိုင် ဓမ္မံနန္ဒ ဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး ဘိက္ခုနီရဟန်း ဖြစ်ပါတယ်။ သူဟာ နိုင်ငံရပ်ခြားမှာ ဗုဒ္ဓဘာသာကို အထူးပြု လေ့လာပြီး တက္ကသိုလ်ဘွဲ့ယူ ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးလည်း ဖြစ်ပါတယ်။

“ကနေဒါနဲ့ အိန္ဒိယနိုင်ငံတွေမှာ တက္ကသိုလ်ဘွဲ့တွေ ယူခဲ့ပါတယ်။ သီလရှင်တွေ လိုက်နာရတဲ့ သာသနာ့ စည်းကမ်းတွေ အကြောင်းကို နှိုင်းယှဉ်လေ့လာတဲ့ စာတမ်းတွေ ပြုစု ခဲ့ပါတယ်။”

သူ့ရဲ့ မယ်တော် ကတော့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး မဟာယန သီလရှင် တပါး ဖြစ်ပြီး သီလရှင်ကျောင်း တကျောင်းကို ဦးဆောင် လည်ပတ်ခဲ့ သူ ဖြစ်ပါတယ်။ ဒါကြောင့် အရှင် ဓမ္မံနန္ဒ ကိုလည်း မယ်တော်ဖြစ်သူက သူ မရှိတဲ့နောက်ပိုင်းမှာ သူ့ရဲ့ သီလရှင်ကျောင်းကို ဆက်ပြီး ထိန်းသိမ်းစေ ချင်ခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီအချိန်က သာသနာ့ဘောင်မှာ အပြည့်အ၀ မြှုပ်နှံဖို့ အဆင်သင့် မဖြစ်ခဲ့တာကြောင့် သီလရှင် မဝတ်ခဲ့သလို၊ သမာဆက် တက္ကသိုလ်ရဲ့ ဒဿနိက နဲ့ ဘာသာရေး ဌာန မှာ တက္ကသိုလ် ဆရာမ အဖြစ် ၂၇ နှစ်ကြာ လုပ်ခဲ့ပါတယ်။

“အဲ့ဒီအချိန်မှာ အရှင်ဘုရားက ဓမ္မ သင်တန်းတွေကိုလည်း ပို့ချခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင် အချိန်တုန်းကတော့ အဲ့ဒီလို ရုပ်သံကနေ တရားဓမ္မ ပို့ချတာကို အမျိုးသားရဟန်းတွေ ကပဲ လုပ်ခဲ့တာပါ။ အဲ့ဒီလို အခြေအနေမျိုးကိုလည်း အားလုံးက နေသား ကျနေတာပါ။ ဒါပေမဲ့ တရက်မှာတော့ သင်တန်းအတွက် မိတ်ကပ်လိမ်းနေတဲ့ အချိန်၊ ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန် မြင်နေရင်း မေးခွန်း တခု ပေါ်လာတယ်။ ငါ ဒါမျိုး ဘယ်လောက်ကြာကြာ ဆက် လုပ်နေမှာလဲ ဆိုတဲ့ အတွေးနဲ့ ကိုယ့်ဖာသာ မင်သက်နေ မိပါတယ်။ အဲ့ဒီအခိုက်အတန့် ကတော့ ဆုံးဖြတ်ချက် တခု ချဖို့အချိန် ဖြစ်ခဲ့တာပါပဲ။”

အဲ့ဒီဆုံးဖြတ်ချက်နဲ့ပဲ ဘိက္ခုနီ သာသနာထဲ သူ ဝင်ခဲ့တာပါ။ ဗုဒ္ဓ ကိုယ်တော်တိုင်က အမျိုးသားရဟန်းနဲ့ အမျိုးသမီးရဟန်းမ ဘိက္ခု နဲ့ ဘိက္ခုနီ ဆိုပြီး နှစ်မျိုးစလုံးကို လက်ခံခဲ့တယ် ဆိုတာ ရှေးဟောင်း ဗုဒ္ဓဘာသာ ကျမ်းတွေမှာ ဖော်ပြထားတာ တွေ့နိုင်တယ်လို့ ဒီ ဘိက္ခုနီတွေက မိန့်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ဝန်းကျင်လောက်အထိ ဘိက္ခုနီ သာသနာ ထွန်းကားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့၊ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဒီသာသနာ ကွယ်ပျောက်သွား ခဲ့ပါတယ်။

“အရှင်ဘုရားက ငယ်ဘဝမှာပဲ ဗုဒ္ဓဘာသာထဲ ဝင်ခဲ့တာပါ။ အဲ့ဒီအချိန်က ထေရဝါဒ ဗုဒ္ဓဘာသာမှာ ဘိက္ခုနီ ဆိုတာ မရှိသလောက် ပါပဲ။ တောင်နဲ့ တောင်အာရှ နိုင်ငံတွေမှာ ထေရဝါဒ လမ်းစဉ်နဲ့အညီ ကျင့်ကြံတဲ့ အမျိုးသမီး ဘိက္ခုနီ တချို့ ရှိပေမဲ့၊ သူတို့ဟာ အရှေ့အာရှ ဗုဒ္ဓဘာသာ လမ်းစဉ်ကိုယူပြီး ဘိက္ခုနီရဟန်း ခံကြရပါတယ်။ သူတို့ အတွက် ဘိက္ခုနီ ရဟန်းအဖြစ် ခံယူဖို့က အဲ့ဒီအချိန်မှာ အဲ့ဒီနည်းပဲ ရှိပါတယ်။”

ဒါကြောင့် ၁၉၉၆ ခုနှစ်နဲ့ ၁၉၉၈ ခုနှစ်တွေမှာ သီရိလင်္ကာ၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေက အမျိုးသမီး အတော်များများဟာ ဘိက္ခုနီရဟန်း ဝတ်ချင်ရင် အရှေ့အာရှ ဗုဒ္ဓဘာသာ လမ်းစဉ်နဲ့ အညီသာ ဝတ်ကြရပါတယ်။ အဲ့ဒီလို ဝတ်ဖို့အတွက် အိန္ဒိယနိုင်ငံကို သွားကြရပါတယ်။ ၁၉၉၈ ခုနှစ် မှာမှ သီရိလင်္ကာ နိုင်ငံမှာ ထေရဝါဒ လမ်းစဉ်နဲ့အညီ ဘိက္ခုနီ ရဟန်းဝတ်ခွင့် ရရှိလာခဲ့ပါတယ်။

ဒီလို ခွင့်ပြုချက် ရလာပြီးတဲ့နောက် ၂၀၀၂ ခုနှစ်နဲ့၂၀၀၃ ခုနှစ် ကာလတွေမှာတော့ထိုင်း၊ မြန်မာ၊ ဗီယက်နမ်စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကဘိက္ခုနီရဟန်း ဝတ်ချင်တဲ့ အမျိုးသမီးတွေဟာ သိရိလင်္ကာ နိုင်ငံကိုသွားရောက်ပြီး ရဟန်းခံကြရပါတယ်။

ဘိက္ခုနီ ရဟန်းဘ၀ ခံယူဖို့ဆုံးဖြတ်ထားတဲ့ ဘိက္ခုနီရဟန်း ဓမ္မံနန္ဒ လည်း အဲ့ဒီအချိန်က သာမန်အမျိုးသမီး Chatsumarn Kabilsingh ဘ၀ နဲ့ ၂၀၀၁ခုနှစ်မှာ သီရိလင်္ကာ နိုင်ငံကို သွားရောက် ခဲ့ပါတယ်။

နောက် ၂ နှစ်အကြာ ၂၀၀၃ ခုနှစ်မှာ သူဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး ဘိက္ခုနီရဟန်း ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီအပေါ် တုံ့ပြန်မှုတွေ ကတော့ ပြင်းထန်ခဲ့ပါတယ်။ သတင်းစာတခုက သူ့အကြောင်းကို ၂ လလောက် ရေးသား ဖော်ပြခဲ့သလို၊ အဆိုးမြင် တုံ့ပြန်မှုတွေ အများအပြား ရှိခဲ့တယ်လို့ အရှင် ဓမ္မံနန္ဒက သူ့အတွေ့အကြုံကို မိန့်ပါတယ်။

ဗုဒ္ဓ ဘုရားရှင်လက်ထက်က ဘိက္ခု (ရဟန်း) ၊ ဘိက္ခုနီ (ရဟန်းမ)၊ ဥပါသကာ(ဒကာ)၊ ဥပါသိကာမ(ဒကာမ)ဆိုပြီး လေးမျိုး ရှိခဲ့ပေမဲ့ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့သူ့မွေးရပ်မြေ ထိုင်း နိုင်ငံမှာတော့ အမျိုးသမီးတွေ ဘိက္ခုနီရဟန်း ခံခွင့် ငြင်းပယ်ခံနေရ တုန်းပဲလို့ အရှင် ဓမ္မံနန္ဒကမိန့်ပါတယ်။

“အမျိုးသမီးတွေ အတွက်ကဘာသာရေးမှာ သူတို့စံထားနိုင်သူ မရှိဘဲဖြစ်နေပါတယ်။ တကယ်တော့ အဲ့ဒီလိုရှိဖို့က အင်မတန် အရေးကြီး ပါတယ်။”

ထိုင်းနိုင်ငံမှာ သံဃာ့အဖွဲ့အစည်းကို Council of Elders လို့ခေါ်တဲ့သက်ကြီးဝါကြီးတွေ အဖွဲ့ကအဓိက ထိန်းချုပ်တာ ဖြစ်ပြီးဒီအဖွဲ့ရဲ့ အဆုံးအဖြတ်ကို အားလုံးကခံယူကြရတာ ဖြစ်တယ်လို့လည်း အရှင်ဓမ္မံနန္ဒက မိန့်ပါတယ်။

“အရှင်ဘုရားတို့ ရဟန်းမအဖြစ် ခံယူတာကို ဒီသက်ကြီးဝါကြီး ကောင်စီက လက်မခံဘူးလို့ ထုတ်ပြန်ပါတယ်။ ဒီလိုလက်မခံတဲ့ အတွက် အစိုးရကလည်း အရှင်ဘုရားတို့ကို အသိအမှတ် မပြုပါဘူး။”

ထိုင်းနိုင်ငံမှာ ၁၉၂၈ခုနှစ်ကစလို့ ဘိက္ခုနီ ရဟန်းဝတ်ချင်တဲ့ အမျိုးသမီးတွေကို ရဟန်းသံဃာတွေက ရဟန်း တက်ခွင့်မပြုရဘူးလို့ သံဃာ့ကောင်စီ ကတားမြစ်ထားတာပါ။ ဒါကြောင့်ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေအနေနဲ့ ဘိက္ခုနီ ရဟန်းဝတ်ခွင့် ရဖို့ ခက်ခက်ခဲခဲကြိုးပမ်း ကြရပါတယ်။ အတားအဆီးအခက်အခဲတွေ ကြားကပဲ ဘိက္ခုနီသာသနာ ပြန်လည် ထွန်းကားရေးအတွက် ထိုင်းအမျိုးသမီးတွေ ကြိုးပမ်း နေတာကိုကိုယ်တိုင် တွေ့ခဲ့တဲ့ ဘိက္ခုနီ မဟာမိတ်အဖွဲ့Alliance for Bhikkhunis ကို တည်ထောင်ခဲ့သူ Susan Pembroke က ခုလို ပြောပြပါတယ်။

“သူတို့နဲ့ တွေ့တဲ့အချိန် ထိုင်းနိုင်ငံက အခြေအနေကို သိရတဲ့အခါ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ ဘိက္ခုနီ သာသနာ ပြန်လည် ထွန်းကားဖို့ သူတို့ဘယ်လောက်တောင် ကြိုးစား နေကြရသလဲ ဆိုတာကို ကျမ စသိလာခဲ့ရပါတယ်။ ထိုင်းဘိက္ခုနီ အတော်များများဟာ သိပ်မကြာခင်ကမှ ဘိက္ခုနီရဟန်းဝတ်ခွင့် ရထားသူတွေပါ။ ထိုင်းနိုင်ငံမှာ ဘိက္ခုနီ ရဟန်းဘောင် ဝင်တယ်ဆိုတဲ့ ကိစ္စက ခုမှအစပျိုးနေချိန် ဖြစ်ပါတယ်။ ဆိုတော့ တင်းမာမှုတွေလည်း ရှိနေဆဲပါပဲ။”

ဘိက္ခုနီသာသနာ ပြန့်ပွားရေး ကြိုးပမ်းသူတွေအတွက် သူတို့နေထိုင်တဲ့ နေရာ ဒေသပေါ် မူတည်ပြီး အခက်အခဲတွေ ကြုံကြရတာ တွေ့ရတယ်လို့လည်း သူက ပြောပြပါတယ်။ သူ ပထမဆုံး တွေ့ဆုံခဲ့တဲ့ ဘိက္ခုနီရဟန်း ဧရာခေမ ကတော့ သြဇာ အရှိန်အဝါကြီးတဲ့ ဘိက္ခုနီ တပါးဖြစ်ပြီး ဂျာမနီ နိုင်ငံမှာ တရားစခန်း တခု ဖွင့်ထားသလို၊ သိရီလင်္ကာ နိုင်ငံမှာလည်း သီလရှင်ကျောင်း တကျောင်း ဖွင့်ထားသူပါ။ အမျိုးသမီးတွေ ဘိက္ခုနီရဟန်းဝတ်တာကို ကူညီပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်း စင်္ကဒြီတ (Sakyadhita) ကို တည်ထောင်သူတွေထဲမှာ ပါတဲ့ ထင်ရှားတဲ့ ဘိက္ခုနီ တပါးလည်းဖြစ်ပါတယ်။ ဒီလို သြဇာ အရှိန်ကြီးမားတဲ့၊ အများ ကြည်ညို လေးစား ထောက်ခံတဲ့ ဘိက္ခုနီတချို့ ရှိသလို၊ တချိန်တည်းမှာလည်း ဘိက္ခုနီအဖြစ် ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့ ထိုင်းနိုင်ငံက အမျိုးသမီးတွေကိုတွေ့ရတဲ့အခါ သူ့အတွက် မယုံနိုင်စရာ အခြေအနေ၊ စဉ်းစားစရာတွေ ဖြစ်ခဲ့ရတယ်လို့Susan Pembroke က ပြောပါတယ်။

“ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်ပါလို့ ပြောနေတဲ့သူတွေ အနေနဲ့ဒီလို အခြေအနေမျိုးကို ဘယ်လိုများ လက်ခံထားကြတာလဲ။ ဗုဒ္ဓရဲ့ လမ်းစဉ် ရည်ရွယ်ချက်ကို သူတို့မှားယွင်း ကောက်ယူနေတယ် ဆိုတာကို မသိကြတော့ဘူးလား။”

Susan Pembroke က ခုလိုမေးခွန်းထုတ်ပေမဲ့လည်း ဘိက္ခုနီ သာသာနာကို လက်မခံသူတွေ ကတော့ အများအပြား ရှိနေဆဲပါ။ ဒီလို လက်မခံကြသူတွေ အများစု ရှိနေတဲ့ နိုင်ငံတွေမှာ အမျိုးသမီးတွေ အနေနဲ့ ဘိက္ခုနီ သာသနာ ထွန်းကားရေး ဘယ်လို ဆက်ပြီး ရုန်းကန်နေကြရသလဲ။ သာမန် ပုထုစဉ်လူသားတွေ ကြားမှာရော ဘိက္ခုနီရဟန်းမတွေအပေါ် အားပေး ထောက်ခံမှု ဘယ်လိုရှိလဲ။ ဘိက္ခုနီ သာသနာ ထွန်းကားရေး ကြိုးပမ်းနေသူတွေရဲ့ ယုံကြည်ချက်၊ အနာဂတ် မျှော်မှန်းချက်တွေ အကောင်အထည် ပေါ်ဖို့ နီးစပ်လာပြီလား။ အလားအလာ ဘာတွေ ရှိနေသလဲ ဆိုတာ တွေကိုတော့ ရှေ့သီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဆက်လက် တင်ပြပေးသွားပါမယ်။ အချိန်အကန့်အသတ် ရှိတာမို့ ဒီသီတင်းပတ် အစီအစဉ်ကိုကတော့ ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေး ပါရှင်။
XS
SM
MD
LG