[Zawgyi/Unicode]
=======================
[Unicode]
စစ်တပ် အာဏာသိမ်းမှုက အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အခြေအနေတွေ အပေါ် ပြင်းထန်တဲ့ ရိုတ်ခတ်မှုတွေ ဖြစ်စေခဲ့ပြီး အမျိုးသမီး ဦးဆောင်မှုကဏ္ဍ ဦးစားပေးအဆင့် လျှော့ကျ သွားစေခဲ့တယ်လို့ WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောပါတယ်။ နိုင်ငံရေး ပါတီတွေမှာ ဦးဆောင် လှုပ်ရှားနေကြတဲ့ အမျိုးသမီးတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အတွေ့အကြုံတွေ အပြင် အာဏာသိမ်းမှု နောက်ပိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေ အကြောင်း လေ့လာ ပြုစုထားတဲ့ “၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်သည့်အမျိုးသမီး ကိုယ်စားလှယ်များ၏ အသံ” ဆိုတဲ့ အစီရင်ခံစာ တစောင်ကို WLB က ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ ထုတ်ပြန်လိုက် တာပါ။ ဒီစာတမ်းမှာ ဘာတွေ ရှာဖွေ တွေ့ထားလဲ။ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တွေ အဓိက ကြုံတွေ့ရတဲ့ စိန်ခေါ်မှုက ဘာတွေလဲ။ ဘာကြောင့်လဲ။ ဒါတွေကို ဘယ်လို ရင်ဆိုင် ကျော်ဖြတ်နေသလဲ ဆိုတာတွေကို WLB ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၂) လွေးပိုးငယ်ကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။