သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေမဲ့ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ အိန္ဒိယတောင်းဆို

အမေရိကန်သမ္မတ Joe Biden နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi
အမေရိကန်သမ္မတ Joe Biden နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi

မြန်မာနိုင်ငံမှာ ထိရောက်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့နဲ့ အားလုံးပါဝင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းဖို့ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေဆိုးဝါးလာတဲ့အပေါ် အင်မတန်စိုးရိမ်တယ်လို့ အိမ်ဖြူတော်မှာ သမ္မတ Joe Biden နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့တွေ့ဆုံအပြီး ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း ပူးတွဲကြေညာချက်မှာ တောင်းဆိုထားပါတယ်။

တချိန်တည်းမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ မကြာသေးခင်က မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတွေကိုလည်း အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတွေက ရှုတ်ချထားပါတယ်။ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖေါက်တဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ပြီး တွေ့ဆုံဆွေးနွေးဖို့ မြောက်ကိုရီးယား နိုင်ငံကို တိုက်တွန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယ နှစ်နိုင်ငံအနေနဲ့ ကိုရီးယားကျွန်းဆွယ် နျုကလီးယား လက်နက် ကင်းမဲ့ရေးအတွက် သံန္နိဋ္ဌာန် ခိုင်ခိုင်မာမာ ချမှတ်ထားတာကို ထပ်လောင်းအတည်ပြုထားပါတယ်။

အမေရိကန်သမ္မတ Joe Biden နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi
အမေရိကန်သမ္မတ Joe Biden နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi

ဒီမိုကရေစီ နိုင်ငံကြီး နှစ်နိုင်ငံအကြား ပိုမိုခိုင်မာတဲ့ ကုန်သွယ်ရေး၊ နည်းပညာနဲ့ ကာကွယ်ရေး ဘက်ပေါင်းစုံ ပူးပေါင်းလက်တွဲဖို့နဲ့ ၂၁ ရာစုမှာ မျှော်လင့်ချက်၊ ရည်မှန်းချက်၊ ယုံကြည်မှုတွေနဲ့ ဖြတ်သန်းဖို့ ပူးတွဲကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဥပဒေမဲ့ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ အိန္ဒိယတောင်းဆို
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG