သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အာဖရိကမိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ထူထောင်ဖို့ ကန်ဒုသမ္မတ ကတိကဝတ်ပြု


အမေရိကန်ဒုတိယသမ္မတ ကင်မလာဟဲရစ္စ်ရဲ့ အာဖရိကခရီးစဉ်အတွင်း ဂါနာနိုင်ငံသို့ရောက်ရှိစဉ်။ (မတ်လ ၂၈၊ ၂၀၂၃)
အမေရိကန်ဒုတိယသမ္မတ ကင်မလာဟဲရစ္စ်ရဲ့ အာဖရိကခရီးစဉ်အတွင်း ဂါနာနိုင်ငံသို့ရောက်ရှိစဉ်။ (မတ်လ ၂၈၊ ၂၀၂၃)

{{Zawgyi/Unicode}}

အမေရိကန်နဲ့အာဖရိက မိတ်ဖက်ဆက်ဆံရေး ခေတ်သစ်တရပ်ကို ထူထောင်ဖို့ အမေရိကန်ဒုတိယသမ္မတ Kamala Harris က အင်္ဂါနေ့က ကတိကဝတ် ပြုလိုက်ပါတယ်။ အမျိုးသမီးများလုပ်ပိုင်ခွင့်ရှိရေး၊ ဒစ်ဂျစ်တယ်စီးပွါးရေးနဲ့ ဒီမိုကရေစီရေးတွေကို အမေရိကန်က ထောက်ခံမှာဖြစ်ကြောင်း ဒုတိယသမ္မတဟဲရစ်က ဂါနာလူငယ် ၈,၀၀၀ ကျော်ကို ပြောကြားလိုက်တာပါ။

အာဖရိကအပေါ် အမေရိကန်ရဲ့စိတ်ဝင်စားမှုနဲ့အကျိုးစီးပွါးက တရုတ်နဲ့ယှဉ်ပြိုင်ရေးထက် အများကြီးပိုပါကြောင်း တနင်္လာနေ့က ဂါနာသမ္မတ Akufo-Addo နဲ့အတူ ပြောကြားရာမှာ ဒုတိယသမ္မတက ပြောပါတယ်။

ဂါနာ၊ တန်ဇေးနီးယားနဲ့ ဇမ်ဘီယာ ၃ နိုင်ငံခရီးစဉ်ဟာ အနာဂတ်ကို ရှေ့ရှုတဲ့ခရီးစဉ်ဖြစ်ပြီး အနောက်အာဖရိကဒေသအတွက် အမေရိကန်က ဒေါ်လာ ၁၃၉ သန်း ကူညီမယ်လို့ ဒုတိယသမ္မတက တနင်္လာနေ့က ဆိုပါတယ်။ ဒီအကူအညီအများစုကို ဆာဟဲဒေသ ပဋိပက္ခကာကွယ်ရေးအတွက် အသုံးပြုမှာပါ။

တနင်္လာနေ့မှာပဲ ဂါနာသမ္မတ Nana Akufo-Addo နဲ့တွေ့တဲ့အချိန်မှာ လူ့အခွင့်အရေးကိစ္စကို မစ္စဟဲရစ္စ်က ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ သူသွားနေတဲ့ အာဖရိကသုံးနိုင်ငံမှာ လိင်တမူကွဲနေထိုင်တာကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားကြတာပါ။

မစ္စ်ကင်မလာဟဲရစ်္စဟာ ပင်လယ်အနီးက ဂါနာနိုင်ငံရဲ့ မဟူရာကြယ်လွတ်လပ်ရေး အထိမ်းအမှတ်မုခ်ဦးကို သွားရောက်ခဲ့တဲ့ ပထမဆုံး အမေရိကန် ဒုတိယလူမည်း သမ္မတလည်း ဖြစ်ပါတယ်။ ရှေးခါတုန်းက မသန့်မရှင်း လှေကြီးတွေအပေါ်မှာ ကျွန်တွေကို အပြည့်အသိပ်တင်ပြီး အမေရိကကိုပို့ခဲ့တဲ့ Cape Coast Castle နေရာကိုလည်း မစ္စဟဲရစ်စ်က အင်္ဂါနေ့မှာ သွားရောက်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}





တနငျ်လာနေ့မှာပဲ ဂါနာသမ်မတ Nana Akufo-Addo နဲ့တှေ့တဲ့အခြိနျမှာ လူ့အခှင့ျအရေးကိစ်စကို မစ်စဟဲရစ်ဈက ဆှေးနှေးခဲ့တယျလို့ ပွောပါတယျ။ သူသှားနတေဲ့ အာဖရိကသုံးနိုငျငံမှာ လိငျတမူကှဲနထေိုငျတာကို ရာဇဝတျမှုအဖွဈသတျမှတျထားကွတာပါ။


XS
SM
MD
LG