သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ ဒု-သမၼတ နဲ႔ ထိိုင္းဝန္ႀကီးခ်ဳပ္ သီးသန္႔ေတြ႔ဆံု


U.S. Vice President Kamala Harris, left, meets with Thai Prime Minister Prayut Chan-ocha at the Government House in Bangkok, Thailand, Nov. 19, 2022.

ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ ၂ ရက္ၾကာ က်င္းပတဲ့ အာရွပစိဖိတ္ႏိုင္ငံမ်ား စီးပြါးေရးပူးေပါင္းေဆာင္ရြက္မႈ အဖြဲ႔ APEC ထိပ္သီးညီလာခံ ၿပီးဆံုးတဲ့ စေနေန႔မွာ အေမရိကန္ဒုသမၼတ Kamala Harris နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာရြသ္ ခ်န္အိုခ်ာတို႔ သီးသန္႔ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကပါတယ္။ 

ကန္ ဒု-သမၼတ နဲ႔ ထိိုင္းဝန္ႀကီးခ်ဳပ္ သီးသန္႔ေတြ႔ဆံု

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ ၂ ရက္ၾကာ က်င္းပတဲ့ အာရွပစိဖိတ္ႏိုင္ငံမ်ား စီးပြါးေရးပူးေပါင္းေဆာင္ရြက္မႈ အဖြဲ႔ APEC ထိပ္သီးညီလာခံ ၿပီးဆံုးတဲ့ စေနေန႔မွာ အေမရိကန္ဒုသမၼတ Kamala Harris နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာရြသ္ ခ်န္အိုခ်ာတို႔ သီးသန္႔ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

တ႐ုတ္၊ ဂ်ပန္နဲ႔ အေမရိကန္ေခါင္းေဆာင္ေတြဟာ ထိုင္းႏိုင္ငံက APEC ထိပ္သီးေဆြးေႏြးပြဲအျပင္ ကေမာၻဒီးယားမွာ က်င္းပတဲ့ အာဆီယံထိပ္သီးအစည္းအေဝးနဲ႔ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကၽြန္းမွာက်င္းပတဲ့ G 20 စီးပြါးေရး ထိပ္သီးႏိုင္ငံ ၂၀ အစည္းေဝးေတြကိုပါ တက္ေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီထိပ္သီး ေဆြးေႏြးပြဲေတြမွာ ကမာၻ႔ေခါင္းေဆာင္ေတြၾကား ယူကရိန္းစစ္ပြဲ အျပင္ တိုင္ဝမ္အေရးနဲ႔ ကိုရီးယားကၽြန္းဆြယ္လို အေရး ကိစၥေတြမွာ သေဘာထား ကြဲလြဲမႈေတြ ၾကံဳခဲ့ၾကရတာပါ။

APEC ထိပ္သီးအစည္းေဝးမွာ ေသာၾကာေန႔တုန္းကေတာ့ ေျမာက္ကိုရီးယားက အေမရိကန္ကိုပါေရာက္ႏိုင္စြမ္းရွိတဲ့ တိုက္ခ်င္းပစ္ ပဲထိန္းတပ္ မစ္ဇိုင္းဒံုး စမ္းသပ္ပစ္လႊတ္ခဲ့တာေၾကာင့္ အေမရိကန္အဖြဲ႔ကို ဦးေဆာင္တဲ့ ဒုသမၼတ Kamala Harris က ေျမာက္ကိုရီးယား အေရးနဲ႔ ပတ္သက္ၿပီး အေရးေပၚအစည္းေဝးတရပ္ ေခၚယူခဲ့တာ ျဖစ္ပါတယ္။

လာမယ့္ APEC ထိပ္သီးအစည္းေဝးကို အေမရိကန္ႏိုင္ငံ San Francisco ၿမိဳ႕မွာ က်င္းပမွာ ျဖစ္ေၾကာင္း ဒုသမၼတ Harris က စေနေန႔မွာ ေၾကညာခဲ့သလို ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြသ္က APEC အလွည့္က် ဥကၠဌရာထူးကို ဒုသမၼတ Harris ကို လႊဲေျပာင္း ေပးအပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................................

ကန် ဒု-သမ္မတ နဲ့ ထိုင်းဝန်ကြီးချုပ် သီးသန့်တွေ့ဆုံ

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ၂ ရက်ကြာ ကျင်းပတဲ့ အာရှပစိဖိတ်နိုင်ငံများ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ APEC ထိပ်သီးညီလာခံ ပြီးဆုံးတဲ့ စနေနေ့မှာ အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွသ် ချန်အိုချာတို့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တရုတ်၊ ဂျပန်နဲ့ အမေရိကန်ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံက APEC ထိပ်သီးဆွေးနွေးပွဲအပြင် ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပတဲ့ G 20 စီးပွါးရေး ထိပ်သီးနိုင်ငံ ၂၀ အစည်းဝေးတွေကိုပါ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီထိပ်သီး ဆွေးနွေးပွဲတွေမှာ ကမ္ဘာ့ခေါင်းဆောင်တွေကြား ယူကရိန်းစစ်ပွဲ အပြင် တိုင်ဝမ်အရေးနဲ့ ကိုရီးယားကျွန်းဆွယ်လို အရေး ကိစ္စတွေမှာ သဘောထား ကွဲလွဲမှုတွေ ကြုံခဲ့ကြရတာပါ။

APEC ထိပ်သီးအစည်းဝေးမှာ သောကြာနေ့တုန်းကတော့ မြောက်ကိုရီးယားက အမေရိကန်ကိုပါရောက်နိုင်စွမ်းရှိတဲ့ တိုက်ချင်းပစ် ပဲထိန်းတပ် မစ်ဇိုင်းဒုံး စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် အမေရိကန်အဖွဲ့ကို ဦးဆောင်တဲ့ ဒုသမ္မတ Kamala Harris က မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီး အရေးပေါ်အစည်းဝေးတရပ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

လာမယ့် APEC ထိပ်သီးအစည်းဝေးကို အမေရိကန်နိုင်ငံ San Francisco မြို့မှာ ကျင်းပမှာ ဖြစ်ကြောင်း ဒုသမ္မတ Harris က စနေနေ့မှာ ကြေညာခဲ့သလို ထိုင်းဝန်ကြီးချုပ် ပရာယွသ်က APEC အလှည့်ကျ ဥက္ကဌရာထူးကို ဒုသမ္မတ Harris ကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

XS
SM
MD
LG