သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတနဲ့ အမေရိကန်ဒုသမ္မတ APEC ထိပ်သီးပြင်ပမှာ သီးခြားတွေ့ဆုံ


U.S. Vice President Kamala Harris greets China's President Xi Jinping before the APEC Leaders' Retreat in Bangkok, Thailand, Nov. 19, 2022. (The White House/Handout via Reuters)
U.S. Vice President Kamala Harris greets China's President Xi Jinping before the APEC Leaders' Retreat in Bangkok, Thailand, Nov. 19, 2022. (The White House/Handout via Reuters)

အမေရိကန်ဒုသမ္မတနဲ့ တရုတ်ခေါင်းဆောင်တို့ ထိုင်းက APEC ထိပ်သီးပွဲပြင်ပမှာ တွေ့ဆုံပြီး၊ ဆက်ဆံရေးလမ်းကြောင်း ဆက်ဖွင့်ခဲ့ကြပါတယ်။ တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန် သမ္မတ Joe Biden အင်ဒိုနီးရှားနိုင်ငံမှာလုပ်တဲ့ G20 စီးပွားအင်အားကြီးနိုင်ငံ ၂၀ ထိပ်သီးပွဲထဲ ဒီတနင်္လာကပဲ တွေ့ကာ၊ အခုလို ဆက်ဆံရေးလမ်းကြောင်းပြန်ဖွင့်ဖို့ သဘောတူခဲ့အပြီး၊ ဒုသမ္မတ Kamala Harris နဲ့ ဒီနေ့ ဆက်တွေ့တာပါ။

ဒုသမ္မတ Harris က၊ APEC အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးပွဲမတိုင်ခင် သမ္မတ Xi ကို နှုတ်ဆက်ခဲ့ပါတယ်လို့ အင်တာနက်တွတ်တာကနေ ပြောခဲ့ပါတယ်။ ဒါ့အပြင် APEC တံခါးပိတ်အစည်းအဝေး မဝင်ခင်မှာ၊ တရုတ်သမ္မတ Xi နဲ့ အမေရိကန် ဒုသမ္မတ Harris တို့ ခဏတာ အမြင်ဖလှယ်ခဲ့ကြတာလို့လည်း အိမ်ဖြူတော်အရာရှိတစ်ဦးက ထုတ်ပြောခဲ့ပါတယ်။

အခုလို တွေ့ရာမှာ ၂ နိုင်ငံပြိုင်ဆိုင်မှုတွေကို တာဝန်ရှိရှိ ကိုင်တွယ်ရေး ဆက်ဆံရေးလမ်းကြောင်း ဖွင့်ထားဖို့ သမ္မတ Biden က သမ္မတ Xi ကို နိုဝင်ဘာ ၁၄ ရက်က အဓိက ပြောခဲ့တာကို လေးနက်အောင် ထပ်ပြောခဲ့တာလို့လည်း၊ ဒုသမ္မတ Harris က တွစ်တာကနေ ရှင်းပြခဲ့ပါတယ်။

တရုတ်နိုင်ငံခြားဌာနဘက်ကလည်း သမ္မတနှစ်ဦး အင်ဒိုနီးရှား ဘာလီကျွန်း G20 ထိပ်သီးပွဲမှာ တွေ့ခဲ့တာက မဟာဗျူဟာကျ အပြုသဘောဆောင်ပြီး၊ ရှေ့ဆက်မဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အဓိကလမ်းညွှန်အဖြစ် အရေးပါလိမ့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒုသမ္မတ Harris ကတော့၊ အမေရိကန်ဟာ အာရှပစိတ်ဒေသနိုင်ငံအားလုံးအတွက် ယုံကြည်ကိုးစားလို့ ရနိုင်တဲ့ စီးပွားရေးမိတ်ဘက် ဖြစ်ခဲ့ပြီး၊ ရှေ့မှာလည်း အခုလို ဆက်ရှိသွားမယ်လို့ ဒီ APEC ထိပ်သီးပွဲ ပြင်ပမှာ မနေ့က ပြောခဲ့ပါသေးတယ်။ ကိုဗစ်နဲ့ ရုရှားရဲ့ ယူကရိန်း ကျုးကျော်စစ်ကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်နေချိန်၊ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ဒီနှစ်နိုင်ငံ ခေါင်းဆောင်တွေ နိုင်ငံရေး၊ မဟာဗျုဟာရေး ကွဲလွဲပြိုင်ဆိုင်မူတွေ ကြီးမားလာနေတဲ့ကြားက အခုလို လမ်းကြောင်းပြန်ပွင့်လာတာပါ။

ကမ္ဘာ့စီးပွားရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိန်ခေါ်မှုကြီး တွေကြုံနေချိန်ဖြစ်လာတဲ့ ဒီပွဲထဲ ဒုသမ္မတ Harris က စီးပွားရေး တိုးတက်စေပြီး၊ ဒီ ဒေသတွင်းက လူတိုင်း သာယာဝပြောစေဖို့ အမေရိကန်ပြည်ထောင်စုက ကူညီသွားမှာပါလို့လည်း ထည့်ပြောခဲ့ပါသေးတယ်။

==== Unicode =====







XS
SM
MD
LG