သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

APEC ထိပ္သီးအစည္းေဝးမွာ ေျမာက္ကိုရီးယားအေရး အေရးေပၚေဆြးေႏြး


APEC 2022 Economic Leaders meeting

အာရွပစိဖိတ္ေဒသ စီးပြါးေရးပူးေပါင္းေဆာင္ရြက္မႈ APEC ထိပ္သီးညီလာခံကိုတက္ေရာက္လာတဲ့ အေမရိကန္ဒုသမၼတ Kamala Harris က အစည္းအေ၀းေဘးပန္းမွာ ေဒသတြင္းက အဓိက အင္အားႀကီးႏုိင္ငံေခါင္းေဆာင္ေတြနဲ႔ ေသာၾကာေန႔က အေရးေပၚေတြ႔ဆုံၿပီး ေျမက္ကိုရီးယားရဲ႔ ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈေတြအေရးေဆြးေႏြးခဲ့ပါတယ္။

[[ ZAWGYI ]]

APEC ထိပ္သီးအစည္းေဝးမွာ ေျမာက္ကိုရီးယားအေရး အေရးေပၚေဆြးေႏြး

အာရွပစိဖိတ္ေဒသ စီးပြါးေရးပူးေပါင္းေဆာင္ရြက္မႈ APEC ထိပ္သီးညီလာခံကိုတက္ေရာက္လာတဲ့ အေမရိကန္ဒုသမၼတ Kamala Harris က အစည္းအေ၀းေဘးပန္းမွာ ေဒသတြင္းက အဓိက အင္အားႀကီးႏုိင္ငံေခါင္းေဆာင္ေတြနဲ႔ ေသာၾကာေန႔က အေရးေပၚေတြ႔ဆုံၿပီး ေျမက္ကိုရီးယားရဲ႔ ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈေတြအေရးေဆြးေႏြးခဲ့ပါတယ္။

“ ေျမာက္ကိုရီးယားကခုေနာက္ဆုံးလုပ္ရပ္ဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ ႔ ျပဌာန္းခ်က္အေတာ္မ်ားမ်ားကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္လိုက္တာျဖစ္ပါတယ္။ ေဒသတြင္းလုံၿခဳံေရးမတည္မၿငိမ္ျဖစ္ေစတဲ့အျပင္ မလိုလားအပ္တဲ့တင္းမာမႈေတြတိုးလာေစပါတယ္လို႔ ဒုသမၼတ Harris က အစည္းအေ၀းမတုိင္ခင္ သတင္းေထာက္ေတြကိုေျပာဆုိခဲ့တာပါ။

ဂ်ပန္၊ ေတာင္ကိုရီးယား၊ ၾသစေတးလ်၊ နယူးဇီလန္၊ ကေနဒါေခါင္းေဆာင္ေတြနဲ႔ ဒုသမၼတ Harris တို႔ ေဆြးေႏြးခဲ႔ၾကၿပီး ေျမာက္ကိုရီးယားရဲ ႔လုပ္ရပ္အေပၚ ျပစ္တင္ရႈတ္ခ်ခဲ့ၾကပါတယ္။

လတ္တေလာသီးတင္းပတ္ေတြမွာ ေျမာက္ကိုရီးယားက ဒုံးက်ည္ေတြစမ္းသပ္ပစ္လႊတ္ေနတာျဖစ္ၿပီး ခုေနာက္ဆုံးပစ္လႊတ္လုိက္တဲ့ ဒုံးက်ည္ကေတာ့ ဂ်ပန္ကမ္းလြန္ပင္လယ္ျပင္ကေန ကီတာမီတာ ၂ ရာေလာက္မွာ က်ေရာက္ခဲ့တာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားကေတာ့ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ ေလေၾကာင္းစစ္ေရးေလ့က်င့္မႈေတြအႀကီးအက်ယ္က်င္းပေနတာကိုတုန္႔ျပန္တဲ့အေနနဲ႔ သူတို႔ဖက္ကလည္း အလားတူစစ္ဆင္ေရးလုပ္ကုိင္တာလို႔ ေျပာဆိုခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

===============

{{ UNICODE }}

APEC ထိပ်သီးအစည်းဝေးမှာ မြောက်ကိုရီးယားအရေး အရေးပေါ်ဆွေးနွေး

အာရှပစိဖိတ်ဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံကိုတက်ရောက်လာတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris က အစည်းအဝေးဘေးပန်းမှာ ဒေသတွင်းက အဓိက အင်အားကြီးနိုင်ငံခေါင်းဆောင်တွေနဲ့ သောကြာနေ့က အရေးပေါ်တွေ့ဆုံပြီး မြေက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေအရေးဆွေးနွေးခဲ့ပါတယ်။

“ မြောက်ကိုရီးယားကခုနောက်ဆုံးလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြဌာန်းချက်အတော်များများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပါတယ်။ ဒေသတွင်းလုံခြုံရေးမတည်မငြိမ်ဖြစ်စေတဲ့အပြင် မလိုလားအပ်တဲ့တင်းမာမှုတွေတိုးလာစေပါတယ်လို့ ဒုသမ္မတ Harris က အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေကိုပြောဆိုခဲ့တာပါ။

ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါခေါင်းဆောင်တွေနဲ့ ဒုသမ္မတ Harris တို့ ဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယားရဲ့လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

လတ်တလောသီးတင်းပတ်တွေမှာ မြောက်ကိုရီးယားက ဒုံးကျည်တွေစမ်းသပ်ပစ်လွှတ်နေတာဖြစ်ပြီး ခုနောက်ဆုံးပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကတော့ ဂျပန်ကမ်းလွန်ပင်လယ်ပြင်ကနေ ကီတာမီတာ ၂ ရာလောက်မှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေအကြီးအကျယ်ကျင်းပနေတာကိုတုန့်ပြန်တဲ့အနေနဲ့ သူတို့ဖက်ကလည်း အလားတူစစ်ဆင်ရေးလုပ်ကိုင်တာလို့ ပြောဆိုခဲ့တာပါ။

XS
SM
MD
LG