သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုကူညီတဲ့ ထိုင်းကို အမေရိကန်ကြိုဆို

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးနဲ့ ဆက်စပ် စည်းဝေးပွဲတွေ တက်ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra (ဝဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ) (အောက်တိုဘာ ၁၀၊ ၂၀၂၄)
လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးနဲ့ ဆက်စပ် စည်းဝေးပွဲတွေ တက်ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra (ဝဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ) (အောက်တိုဘာ ၁၀၊ ၂၀၂၄)

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကို ကူညီ ဖြေရှင်းဖို့ ကြိုးစားတာ၊ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာတွေအတွက် ကြိုဆိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးနဲ့ ဆက်စပ် စည်းဝေးပွဲတွေ တက်ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken တို့ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံချိန် ခုလို ပြောဆိုခဲ့တာပါ။ အာဆီယံအဖွဲ့ထဲမှာ ထိုင်းနိုင်ငံက ရှေ့တန်းကနေ ဦးဆောင် ပါဝင်နေတာကို ဝန်ကြီး ဘလင်ကန်က ကျေးဇူးတင်စကား ဆိုခဲ့ပြီး အမေရိကန်နဲ့ ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေး အရေးပါမှုတွေကို အလေးပေး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်ဖို့၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်မှု တိုးမြှင့်ဖို့၊ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ကတိကဝတ် ပြုထားကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

မြန်မာ့အရေး တရုတ်ကူညီဖို့ အာဆီယံတောင်းဆို
please wait

No media source currently available

0:00 0:04:00 0:00

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ ဒီရက်ပိုင်းကျင်းပမယ့် အမေရိကန်−အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့အတွက် လာအိုနိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG