သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဘုံသဘောတူညီချက်တွေ အောင်မြင်မှုမရသေး (ဖိလစ်ပိုင်သမ္မတ)


လာအိုနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံဆက်စပ်အစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. (အောက်တိုဘာ ၉၊ ၂၀၂၄)
လာအိုနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံဆက်စပ်အစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. (အောက်တိုဘာ ၉၊ ၂၀၂၄)

မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် အကောင်အထည်ဖော်ရေး အခိုင်အမာ ရပ်တည်ပေမဲ့၊ အခုအချိန်အထိ အောင်မြင်မှု မရှိသေးကြောင်း ဖိလစ်ပိုင် သမ္မတက ပြောလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြောင်းလဲအောင် မလုပ်နိုင်သေးဘူး ဆိုတာကို ဝန်ခံရလိမ့်မယ်လို့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. က ဒီနေ့ လာအိုနိုင်ငံမှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဘုံသဘောတူညီချက်တွေ ရှေ့ဆက်အကောင်အထည်ဖေါ်နိုင်အောင် နောက်ထပ် မဟာဗျုဟာသစ်တခု ချမှတ်ရေး ဆွေးနွေးနိုင်အောင် ကြိုးစားနေဆဲဖြစ်တယ်လို့လည်း ပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။

ဘုံသဘောတူညီချက်တွေ မအောင်မြင်တာအပြင် လူ့အခွင့်အရေးအခြေအနေ တိုးတက်မှု မရှိတဲ့အတွက် နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်ကိုပဲ တက်ရောက်ခွင့်ပြုဖို့ အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်ထားပါတယ်။ လာအိုနိုင်ငံက အာဆီယံ အစည်းအဝေးကိုတော့ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီက ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး ကို စေလွှတ်ခဲ့တာပါ။ NUG အမျိုးသားညီညွတ်ရေး အစိုးရကတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦး အခုလို ထိပ်သီးအစည်းအဝေးမှာ ပါဝင်တက်ရောက်တာကို ကန့်ကွက်ထားပါတယ်။

မြန်မာ့အရေး ဘုံသဘောတူညီချက်တွေ အောင်မြင်မှုမရသေး (ဖိလစ်ပိုင်သမ္မတ)
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG