သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး 'ခိုင်မာတဲ့ ဆောင်ရွက်မှုတွေနဲ့' ဖြေရှင်းဖို့ အာဆီယံတိုက်တွန်း


လာအိုနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်လာကြတဲ့ ခေါင်းဆောင်များကြား မြန်မာစစ်ကောင်စီကိုယ်စားလှယ် ဦးအောင်ကျော်မိုးကိုတွေ့ရစဉ် (ဝဲစွန်) (အောက်တိုဘာ ၉၊ ၂၀၂၄)
လာအိုနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်လာကြတဲ့ ခေါင်းဆောင်များကြား မြန်မာစစ်ကောင်စီကိုယ်စားလှယ် ဦးအောင်ကျော်မိုးကိုတွေ့ရစဉ် (ဝဲစွန်) (အောက်တိုဘာ ၉၊ ၂၀၂၄)

မြန်မာနိုင်ငံက သွေးထွက်သံယို ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ စစ်ကောင်စီနဲ့ အတိုက်အခံ အင်အားစုတွေကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေ တောင်းဆိုလိုက်ပါတယ်။ ပဋိပက္ခတွေကြား အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် ရှုတ်ချလိုက်သလို၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ သက်ဆိုင်သူတွေ အားလုံးကို တောင်းဆိုကြောင်းလည်း အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ဖို့ ပြင်ဆင်ထားတဲ့ ကြေညာချက် မူကြမ်းကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် နိုင်ငံရေးအရ အဖြေရှာနိုင်မယ့် လမ်းကြောင်းသစ် တခုကိုလည်း လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးမှာ ထိုင်းနိုင်ငံက ထိုင်းနိုင်ငံ ဒီနေ့ပဲ အဆိုပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်တဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေနဲ့အတူ ထိုင်းနိုင်ငံအနေနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းနဲ့ နိုင်ငံရေးအရ ဖြေရှာလိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က သတင်းထောက်တွေကို ပြောခဲ့တာပါ။

လူပေါင်းသန်းချီ နေရပ်စွန့်ခွာခဲ့ရတဲ့အထိ ပဋိပက္ခတွေ ကြီးထွားလာနေတာကို ဖြေရှင်းနိုင်ဖို့ အာဆီယံ အသင်းဝင်တွေကြား လာမယ့် ဒီဇင်ဘာမှာ အလွတ်သဘော ဆွေးနွေးဖို့လည်း ထိုင်းနိုင်ငံက ကမ်းလှမ်းထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတာပါ။ အာဆီယံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ကောင်စီကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေကို တက်ရောက်ခွင့်ကိုလည်း တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG