သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရေး စိတ်ရှည်ဖို့ အာဆီယံအကြီးအကဲပြော


လာအိုနိုင်ငံ ဗီယက်ကျန်းမြို့ အမျိုးသားခန်းမမှာ ကျင်းပတဲ့ ၄၅ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲအတွင်းတွေ့ရတဲ့ အာဆီယံအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Kao Kim Hourn (အောက်တိုဘာ ၉၊ ၂၀၂၄)
လာအိုနိုင်ငံ ဗီယက်ကျန်းမြို့ အမျိုးသားခန်းမမှာ ကျင်းပတဲ့ ၄၅ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲအတွင်းတွေ့ရတဲ့ အာဆီယံအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Kao Kim Hourn (အောက်တိုဘာ ၉၊ ၂၀၂၄)

လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ဒီနေ့ကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေး အပါအဝင် ဒေသတွင်းပြဿနာတွေနဲ့ တောင်တရုတ်ပင်လယ်တွင်း တင်းမာမှုတွေ တိုးလာနေတဲ့ကိစ္စတွေကို ဒီနေ့ အဓိက အလေးပေးဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြည်တွင်းစစ် ပြဿနာတွေဟာ ရှုပ်ထွေးပြီး ပြေလည်အောင်လုပ်ဖို့အတွက် အချိန်ပေးဖို့လိုတယ်လို့ ဒီနေ့ ဆွေးနွေးပွဲအပြီး အာဆီယံအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Kao Kim Hourn က ရိုက်တာသတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

“ဆွေးနွေးမှုကနေ ပြတ်ပြတ်သားသား သိရတာတော့ မြန်မာ့အရေးမှာ စိတ်ရှည် အချိန်ယူဖို့ လိုအပ်တယ်ဆိုတာပါ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြဿနာဟာ ရှုပ်ထွေးပြီး ၊ အဲဒီပြဿနာတွေကို အမြန် လွယ်လွယ်ဖြေရှင်းလို့ မရဘူးဆိုတာ အားလုံးက လက်ခံကြတယ်လို့ လက်ရှိ အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn က ရိုက်တာသတင်းဌာနဲ့ မေးမြန်းခန်းမှာ ပြောသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ကြိုးစားတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို တခြားနိုင်ငံတွေက ထောက်ခံစေချင်တယ်ဆိုတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကလည်း အရေးကြီးတယ်လို့ သူက ပြောပါတယ်။

အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာကို အဖြေရှာရာမှာ စစ်ရေးအရ ဖြေရှင်းလို့ မရဘူးဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို အာဆီယံအသင်ကြီးအနေနဲ့ တညီတညွတ်တည်း တိုက်တွန်းပြောကြားဖို့လိုတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကလည်း ပြောကြားထားပါတယ်။ မြန်မာနိုင်ငံ ပဋိပက္ခ အဆုံးသတ်ရေးကို သက်ဆိုင်သူအားလုံး မဖြစ်မနေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တဲ့အကြောင်းနဲ့ ဒီလို ဆွေးနွေးနိုင်အောင် ထိုင်းနိုင်ငံအနေနဲ့ ကူညီဖို့ အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာအရေး စိတ်ရှည်ဖို့ အာဆီယံအကြီးအကဲပြော
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG